ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘာစီလိုနာအသင်းနှင့် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီသည် အလွန်ထူးချွန်သည့်ဘောလုံးသမားဖြစ်သော်လည်း ဘုရားသခင်မဟုတ်ကြောင်း မှတ်ချက်ပြုပြောကြားသည်။
စပိန်အခြေစိုက် laSexta ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် အင်တာဗျူးပြုလုပ်သူက မက်ဆီအား ဘုရားသခင်တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုနေခြင်းမှာ ဘာသာရေးအရ မလေးမခန့်ပြုသည့်သဘော သက်ရောက်ခြင်းရှိမရှိ မေးမြန်းစဉ် ပုပ်ရဟန်းမင်းကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
''သဘောတရားအရတော့ ဒါက မလေးမခန့် ပြုတယ်လို့ ဆိုနိုင်တာပေါ့။ သင့်အနေနဲ့ အဲဒီလိုပြောလို့မရပါဘူး။ ကျွနု်ပ်ကတော့ အဲဒီလို (ဘုရားသခင်လို့) မထင်ပါဘူး။ သင်ရောထင်သလား။ (အင်တာဗျူးသူက ထင်ပါတယ်ဟု ပြန်ဖြေရာ) ကျွနု်ပ်တော့ မထင်ဘူး (ရယ်လျက်)။ လူတွေက သူ့ကို ဘုရားသခင်လို့ပြောကြလိမ့်မယ်။ ဒါပေမဲ့ သူတို့အနေနဲ့ 'ငါတော့ သူ့ကို နှစ်သက်တယ်။ မြတ်နိုးတယ်'လောက်ပဲ ပြောလို့ရပါတယ်။ ဝတ်ပြုဆုတောင်းတာ၊ ကိုးကွယ်ဆည်းကပ်တာတွေကိုတော့ ဘုရားသခင်တစ်ဦးတည်းအတွက်ပဲ လုပ်လို့ရပါတယ်။ ဘုရားသခင်ဟာ သူ့ကိုသတိပြုမိနိုင်အောင် ကွင်းထဲမှာ ဘောလုံးကစားတဲ့ပုံစံနဲ့ ဖန်တီးပြနေတယ်ဆိုပြီး လူတွေကပြောကြတယ်။ တကယ်တော့ သူက အရမ်းတော်တဲ့သူပါ။ ဒါပေမဲ့ သူက ဘုရားသခင်တော့မဟုတ်ပါဘူး''ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားသည်။
မက်ဆီသည် ၂၀၁၃ ခုနှစ်က အာဂျင်တီးနားနှင့် အီတလီအသင်း ခြေစမ်းပွဲမကစားမီ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ငါးကြိမ်အထိရရှိထားသူ မက်ဆီသည် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး လာလီဂါပြိုင်ပွဲ၌ ၃၁ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှစ်ဂိုး၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌ နှစ်ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှုလည်း ၁၅ ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
