မန်ယူအသင်းတရားဝင်နည်းပြအဖြစ် ပထမဆုံးကိုင်တွယ်သည့်ပွဲတွင် ဝက်ဖို့ဒ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဆိုးလ်ရှားက နည်းပြဟောင်း ဗန်ဟားလ်၏ ခံစစ်ကိုသာ အားပြုကစားနေသည်ဆိုသည့် ဝေဖန်မှုအပေါ် တုံ့ပြန်ပြောကြားခဲ့ ကြောင်း သိရသည်။
ဘောလုံးလောကမှ အနားယူခဲ့ပြီဖြစ်သည့် နယ်သာလန်ဝါရင့်နည်းပြ ဗန်ဟားလ်သည် မန်ယူအသင်းအား နည်းပြဟောင်း မော်ရင်ဟိုမကိုင်တွယ်မီ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း (၂)နှစ်နီးပါးကိုင်တွယ်ခဲ့သူဖြစ်သည်။
ဗန်ဟားလ်က လက်ရှိမန်ယူအသင်းကစားပုံမှာ နည်းပြဟောင်း မော်ရင်ဟို လက်ထက်ကကဲ့သို့ ခံစစ်အားပြုသည့်ကစားဟန်ကို ပြောင်းလဲခြင်းမရှိသေးဘဲ နိုင်ပွဲရရှိနေခြင်းကသာ ဆိုးလ်ရှားနှင့် မော်ရင်ဟိုတို့အကြား ခြားနားချက်ဖြစ်သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက ''ဗန်ဟားလ်က သူ့အမြင်ကို ပြောခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကလည်း ပွဲအခြေအနေအပေါ်မူတည်ပြီး ကစားနေတာပါ။ ခံစစ်ကစားတယ်ဆိုတာက ဘောလုံးပိုင်ဆိုင်မှုနဲ့ သက်ဆိုင်နေပါတယ်။ တိုက်စစ်ကစားဖို့ဆိုရင် ဘောလုံးကို ပိုင်ဆိုင်ထားမှ ဖြစ်မှာပါ။ တချို့ပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်နိုင်ခဲ့တာရှိပါတယ်''ဟု ပြောကြားခဲ့သည်။
ဆိုးလ်ရှားသည် မန်ယူအသင်းအား ပွဲ (၂၀) ကိုင်တွယ်ခဲ့ရာတွင် (၁၅)ပွဲအထိ နိုင်ပွဲရ ယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
