ရိုးမားအသင်းသည် ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြ ဒီဖရန်ဆက်စကိုကို ထုတ်ပယ်ကာ ရာနီရေးရီအား အစားထိုးခန့်အပ်ခဲ့သော်လည်း ရလဒ်များ ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး နောက်ဆုံး(၂)ပွဲဆက် အရေးနိမ့်ခဲ့ကြောင်း သိရသည်။
ရိုးမားအသင်းဥက္ကဋ္ဌ ဂျိမ်းစ်ပယ်လော့တာသည် နာပိုလီအသင်းအား အိမ်ကွင်း၌ အရှက်တကွဲရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကစားသမားများအနေဖြင့် နောက်ထပ်ဆင်ခြေများ မပေးသင့်တော့ဟု ဝေဖန်ပြောကြားလိုက်ကြောင်း သိရသည်။
ရိုးမားအသင်းသည် ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြ ဒီဖရန်ဆက်စကိုကို ထုတ်ပယ်ကာ ရာနီရေးရီအား အစားထိုးခန့်အပ်ခဲ့သော်လည်း ရလဒ်များ ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး နောက်ဆုံး(၂)ပွဲဆက် အရေးနိမ့်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ ပယ်လော့တာက ''ဒီရာသီမှာ အသင်းက အလွဲတွေလုပ်နေခဲ့တာ အားလုံးလည်းအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အပြောင်းအလဲတွေလည်း လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆင်ခြေပေးကာကွယ်နိုင်တဲ့ကာလကို ကျော်လွန်သွားခဲ့ပါပြီ။ SPAL နဲ့ ပွဲအရှုံးက လက်မခံနိုင်စရာပါ။ နာပိုလီနဲ့ပွဲအရှုံးက ပိုပြီးတော့တောင်ဆိုးပါသေးတယ်။ ကစားသမားတွေဟာ သူတို့ရဲ့တိုက်ရည်ခိုက်ရည်ကို ပြသသင့်ပါပြီ။ ဘောလုံးက သူတို့ခြေထောက်ထဲမှာရှိတာဖြစ်ပြီး သူတို့ နောက်ထပ်ဆင်ခြေတွေ ထပ်မပေးသင့်တော့ပါဘူး''ဟု အသင်း၏ Twitter တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရိုးမားအသင်း၏ နောက်ဆုံး(၅)ပွဲရလဒ်
လာဇီယို ၃-၀ ရိုးမား (စီးရီးအေ)
ပေါ်တို ၃-၁ ရိုးမား (ချန်ပီယံလိဂ်)
ရိုးမား ၂-၁ အမ်ပိုလီ (စီးရီးအေ)
SPAL ၂-၁ ရိုးမား (စီးရီးအေ)
ရိုးမား ၁-၄ နာပိုလီ (စီးရီးအေ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
