■ လမ်းကြောင်းများဖြစ်သည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ခွင့်ပြုခဲ့ခြင်း
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများအနက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ (MTSH) က စတော့ရှယ်ယာ အရောင်းအဝယ် အများဆုံးဖြစ်ပြီး FMI က ဒုတိယအများဆုံးဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် တစ်နှစ်စာအတွက် စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေတွင် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) က ရှယ်ယာစောင်ရေ ၁၂၀၈၄၆၂ ဖြင့် တန်ဖိုး ကျပ် ၃၇၅၅ ဒသမ ၉၂ သန်းရောင်းချခဲ့သည်။ FMI က ရှယ်ယာစောင်ရေ ၁၉၆၉၈၁ ဖြင့် တန်ဖိုး ကျပ် ၁၇၀၂ ဒသမ ၆၂ သန်း၊ FPB က ရှယ်ယာစောင်ရေ ၅၆၅၃၈ ဖြင့်တန်ဖိုးကျပ်၁၀၆၅ ဒသမ ၃၂ သန်း၊ MCB က ရှယ်ယာစောင်ရေ ၅၁၉၄၄ ဖြင့် တန်ဖိုးကျပ် ၄၀၄၇၄ သန်း၊ TMH က ရှယ်ယာစောင်ရေ ၇၇၁၁၆ ဖြင့်တန်ဖိုးကျပ် ၂၀၆ ဒသမ ၅၅ သန်း၊ AMATA က ရှယ်ယာ စောင်ရေ ၃၇၅၅၉ ဖြင့် တန်ဖိုး ကျပ် ၁၈၅ ဒသမ ၈၁ သန်း၊ EFR က ရှယ်ယာစောင်ရေ ၃၈၈၃၄ ဖြင့် ကျပ် ၁၀၃ ဒသမ ၃၃ သန်း ရောင်းချခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာ တန်ဖိုးစုစုပေါင်း ကျပ် ၂၂၄၁ သန်း ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး တတိယသုုံးလပတ်ထက် ၁၈၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှဇွန်လအထိလအတွင်း စတော့ရှယ်ယာအရောင်းအဝယ် ဖြစ်မြောက်မှုနှင့် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင်ဘာအထိ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မြောက်မှု အခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်အရ ရန် ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီခုနစ်ခုမှ စတုတ္ထသုံးလပတ်အတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ၅၃၀၄၂၉ ဖြစ်ပြီး တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ကာ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယ သုံးလပတ်ကာလထက် ၂၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး စုစုပေါင်းအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်း ရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်း ကျပ် ၂၂၄၁ ဒသမ ၃၂ သန်း ရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယ သုံးလပတ်ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာ တန်ဖိုး ၁၈၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နေ့စဉ်ပျမ်းမျှ အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေအနေဖြင့် တတိယသုံးလပတ်အတွင်း၂၅၁၁ ရှိခဲ့ပြီး စတုတ္ထ သုံးလပတ်အတွင်း ၈၂၈၅ ရှိခဲ့သဖြင့် စတုတ္ထသုံးလပတ်ကာလအနေဖြင့် တတိယ သုံးလပတ်ကာလထက် ၂၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။
နေ့စဉ်ပျမ်းမျှအရောင်းအဝယ် ဖြစ်မြောက်သည့် စတော့ရှယ်ယာ တန်ဖိုးအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ်သန်းပေါင်း ၁၃ ဒသမ ၄၀ ရှိခဲ့ပြီး စတုတ္ထသုံးလပတ်အတွင်း ကျပ်သန်း ၃၅ ဒသမ ၀၂ ရှိခဲ့သည်။ သို့ဖြစ်ရာ စတုတ္ထ သုံးလပတ်မှာ တတိယသုံးလပတ်ကာလထက် ၁၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီက စျေးနှုန်းမှာ ၇၂၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀၃၀ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၄၁၆ ခုရှိ နေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာ ၆၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၃၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၇၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၅၀ ခု၊ TMH ကုမ္ပဏီကစျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ် ပြီး အရောင်းအဝယ် ဖြစ်သည့် ရှယ်ယာ ၇၅၀ ခုရှိနေသည်။ EFR ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၀ ခု၊ AMATAကုမ္ပဏီက စျေးနှုန်းမှာ ၅ဝဝဝကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ် ယာ ၃၀၀ ခုရှိနေ သည်။
■ ထိုင်းနိုင်ငံအခြေစိုက် True Money Myanmar က AGD ဘဏ်နှင့် လက်တွဲနေမှုကို ရပ်ဆိုင်းမည်
AGD ဘဏ်နှင့် လုပ်ငန်းများ ဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဘဏ်နှင့် စတင်လက်တွဲမည်ဖြစ်သည်။
“TrueMoney Myanmar Co.Ltd သည် မြန်မာ့ရှေ့ဆောင် ဘဏ် (MAB) နှင့်သာ လက်တွဲ၍ ပြည်တွင်း ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများ၊ ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အထက်ဖော်ပြပါဝန်ဆောင်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ပါကြောင်း ကို အသိပေးအကြောင်းကြားအပ်ပါသည်” ဟု TrueMoney Myanmar က သတင်းထုတ်ပြန်ခဲ့သည်။
TrueMoney Myanmar ငွေလွှဲ ငွေထုတ်လုပ်ငန်းမှ ထုတ်ပြန်ကြေညာချက်အရ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Mrs. Kyi Thar Romanet မှ “TrueMoney Myanmar ၏သက်တမ်း ရှစ်နှစ်ပြည့်သောနေ့တွင် လက်ခံရရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အကျိုးတူပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းများအား မိုဘိုင်းဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လက်တွဲဆောင်ရွက်သွားပါမည်” ဟုအတည်ပြုပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းများဖြစ်သည့် ပြည်တွင်း ငွေလွှဲ၊ ငွေထုတ်ခြင်းနှင့် ဖုန်းဘေလ်များ၊ ဘေလ်ပေးဆောင်ခြင်းများကိုသာမက မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်အသုံးပြုသူများအတွက်လည်း e-wallet လုပ်ငန်းဆောင်ရွက်သူများနှင့်ဆက်စပ်သော ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများအား ဖြည့်တင်းကာ ဆောင်ရွက်နိုင်လာမည်ဟု True Money Myanmar က သတင်းထုတ်ပြန်သည်။
TrueMoney သည် လက်ရှိတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့တွင် ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည်။
Ascend Money Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃၀၀၀ ကျော် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
