အင်ဒိုနီးရှားက ၎င်း၏မြို့တော်ကို ဂျာတာတာမှ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ကျော်ဝေးသော ဘော်နီယိုကျွန်း၏ မိုးသစ်တောများထဲမှ နေရာတစ်ခုသို့ ပြောင်းရွှေ့မည်ဖြစ်သည်။
သမ္မတဂျိုကိုဝီဒိုဒို၏ သက်တမ်းအကုန် ၂၀၂၄ ခုနှစ်တွင် ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် ၎င်း၏မြို့တော်ကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး မိုးသစ်တောများတည်ရှိရာ စိမ်းလန်းစိုပြည်ဒေသ၊ သတ္တဝါနှင့် သစ်ပင်ဇီဝမျိုးကွဲစုံ ရှိရာဒေသဖြစ်သော နူဆန်တာရာသို့ အဘယ်ကြောင့် ရွှေ့ပြောင်းရပါသနည်း။
■နိမ့်ဆင်းနေသော မြို့ကြီး
မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် ဂျာကာတာမြို့သည် စိုးရိမ်ထိတ်လန့်ဖွယ်နှုန်းဖြင့် နိမ့်ဆင်းနေသည်။
၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှား၏ နည်းပညာအကဲဖြတ်နှင့် အသုံးချရေးဌာနက လုပ်ဆောင်သော လေ့လာချက်၌ ဂျာကာတာသည် နှစ်စဉ်ပျမ်းမျှ ခြောက်စင်တီမီတာခန့် နိမ့်ဆင်းနေကြောင်းတွေ့ရှိခဲ့ရာ ဂျာကာတာမှာ ကမ္ဘာပေါ်တွင် အမြန်ဆုံးနိမ့်ဆင်းနေသော မြို့ကြီးတစ်မြို့ဖြစ်လာသည်။
“ဒီမှာက ရေကြီးနေတာဆိုတော့ ပင်လယ်ကမ်းခြေရေကာတာတည်ဆောက်တာဟာလုပ်ရမယ့် ကိစ္စဖြစ်တယ်ဆိုပေမဲ့ အချိန်ကြာလာရင် ရေကာတာဟာ မြုပ်သွားပါလိမ့်မယ်။ ရေကြီးတာလည်း ထပ်မံဖြစ်ပေါ်လာမှာဖြစ်ပါတယ်” ဟု ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှ Earth Scientist (ဘူမိဗေဒ၊ ပထဝီဝင်ကဲ့သို့သော ကမ္ဘာမြေကြီးနှင့် စပ်လျဉ်းသော သိပ္ပံပညာရှင်) ဟီရီအန်းဒရီးရက်စ်က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။
“မြေကျွံဝင်တာကို ထိန်းဖို့ အကောင်းဆုံးအဖြေကတော့ မြေအောက်ရေ ထုတ်ယူသုံးစွဲတာကို ထိန်းချုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆောတလျင် အစီအမံများကို ချမှတ်ခြင်းမရှိပါက ဂျာကာတာဒေသ၏ လေးပုံတစ်ပုံမှာ ၂၀၅၀ လောက်တွင် လုံးလုံးမြုပ်သွားမည်ဟု အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာနက ထုတ်ပြန်သည်။
■ကြီးကြီးမားမား ဝန်ထုပ်ဝန်ပိုး
ဂျာကာတာသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးမြို့ကြီးတစ်မြို့ဖြစ်ပြီး ဂျာကာတာမြို့ကြီးထဲ ပါဝင်သော ဧရိယာ (Greater Metropolitan Area) တွင် လူပေါင်းသန်း ၃၀ ကျော် နေထိုင်သည်။
ဂျာကာတာ၏ ယာဉ်ကြောပိတ်နေသော လမ်းမကြီးများကြောင့် ဖြစ်ရသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ မြို့ခံအများစုကိုယ့်အမှိုက် ကိုယ်မီးရှို့နေရသည့်အနေအထားဖြစ်နေသော အမှိုက်သိမ်းစနစ်မရှိခြင်းကြောင့်ဖြစ်ရသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့သည် ရံဖန်ရံခါတွင် နယူးဒေလီနှင့် ပေကျင်းကဲ့သို့သော မြို့များနှင့် နှိုင်းယှဉ်နိုင်သည့် လေထုအရည်အသွေး (Ari Quality) မျိုးကို ဖြစ်ပေါ်စေသည်။
မြို့တော်တစ်ခွင် နာရီများစွာကြာမြင့်သော ယာဉ်ကြောပိတ်ဆို့မှုများက ကမ္ဘာ့မွတ်စလင်ဘာသာဝင်အများစု နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံကို နှစ်စဉ်စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ ဒေါ်လာဘီလျံနှင့်ချီ၍ ဖြစ်ပေါ်စေသည်ဟု အင်ဒိုနီးရှားအစိုးရက ခန့်မှန်းထားသည်။
“ဂျာကာတာရဲ့ ဝန်ထုပ်ဝန်ပိုးဟာ အလွန့်အလွန် ကြီးမားလှပါတယ်” ဟု အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးအသင်းမှ သယ်ယူပို့ဆောင်ရေး လေ့လာဆန်းစစ်သူ ဂျိုကိုဆက်တီဂျိုဝါနိုက အေအက်ဖ်ပီကို ပြောသည်။
“အလုပ်သွား အလုပ်ပြန်ခရီးဟာအလွန်ပဲ ထိရောက်မှုအားနည်းပါတယ်။ အချိန်ကြာပါတယ်။ ပင်ပန်းနွမ်းနယ်ပါတယ်။ ဒါဟာလူတွေရဲ့ကုန်ထုတ်စွမ်းအားကိုလည်း လျော့နည်းစေပါတယ်” ဟု ၎င်းက ပြောသည်။
ဝီဒိုဒိုက ၎င်းအနေဖြင့် မြို့တော်အသစ်ကို ခေတ်မီမြို့ကြီးအဖြစ် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ မြို့တော်သစ်တွင် လူတိုင်း စက်ဘီးစီးနိုင်၊ လမ်းလျှောက်သွားနိုင်စေရန် ခရီးပန်းတိုင်များ နီးကပ်နေရမည်ဟု ဆိုသည်။
■ဌာနများကို ဖြန့်ကြက်
ကျွန်း ၁၇,၀၀၀ ကျော်နှင့်အတူ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်သည်။ သို့ရာတွင် နိုင်ငံ၏လူဦးရေနှင့် စီးပွားရေးတို့မှာ အဓိကအားဖြင့် ပိုမိုကျယ်ဝန်းသော ဂျာဗားကျွန်းတွင်လည်းကောင်း၊ ဂျာကာတာတွင်လည်းကောင်း အဓိကအားဖြင့် စုစုစည်းစည်းရှိနေသည်။ အင်ဒိုနီးရှားလူဦးရေသန်း ၂၇၀ ကျော်၏ တစ်ဝက်ကျော်မှာ ဂျာကာတာနှင့် ပိုမိုကျယ်ဝန်းသောဂျာဗားကျွန်းတို့တွင် နေထိုင်သည်။
မိမိတို့အနေဖြင့် အင်ဒိုနီးရှား၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့တို့နှင့် သက်ဆိုင်သောဌာနများကို နေရာအသီးသီးတွင် အခြေစိုက်ထားလိုသည်ဟုအစိုးရက ပြောကြားသည်။
“(မြို့တော်ကို) နေရာပြောင်းတာဟာ ပျံ့နှံ့မှုအတွက်ဖြစ်ပါတယ်။ တရားမျှတမှုအတွက် ဖြစ်ပါတယ်” ဟု ဝီဒိုဒိုက မတ်လတွင် ပြောကြားသည်။
“ကျွန်တော်တို့မှာ ကျွန်း ၁၇,၀၀၀ ရှိတယ်ဆိုပေမဲ့ လူဦးရေ ၅၆ ရာခိုင်နှုန်းဟာ ဂျာဗားမှာပါ။ ဂျာဗားမှာ လူပေါင်း ၁၅၆ သန်းရှိပါတယ်” ဟု ၎င်းက ပြောသည်။
နှိုင်းယှဉ်မည်ဆိုပါက မြို့တော်သစ် နူဆန်တာရာကို တည်ဆောက်မည့် အရှေ့က လီမန်တန်ပြည်နယ်သည် လူဦးရေ လေးသန်းပင် မပြည့်ပေ။
အစိုးရသည် ဘော်နီယိုကျွန်းပေါ်မှ အင်ဒိုနီးရှားပိုင် အရှေ့ကလီမန်တန်ပြည်နယ်တွင် ဟက်တာ ၅၆,၁၈၀ (၂၁၆ စတုရန်းမိုင်) ကို ပြင်ဆင်ထားသည်။ ဘော်နီယိုကျွန်းတွင် အရှေ့မလေးရှားပြည်နယ်များဖြစ်သော ဆာဘားပြည်နယ်နှင့် ဆာရာဝမ်ပြည်နယ်တို့သာမက ဘရူနိုင်းနိုင်ငံလည်းရှိသည်။ အင်ဒိုနီးရှားပိုင် အရှေ့ကလီမန်တန်ပြည်နယ်သည် ဘော်နီကျွန်း၏ အရှေ့ပိုင်းတွင် တည်ရှိသည်။
■ဘေးအန္တရာယ်ကင်းရှင်း ဇုန်
မြို့တော်နေရာ ပြောင်းရွှေ့ရေးအတွက် အစိုးရကကိုးကားပြောဆိုသော နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ ဘေးအန္တရာယ်လျော့ပါးမှုဖြစ်သည်။
မိုလေဝသ၊ ရာသီဥတု၊ ပထဝီရူပဌာန၏ ထုတ်ပြန်ချက်အရ ဂျာကာတာကို သက်ဝင်လှုပ်ရှားနေသော ငလျင်ပြတ်ရွေ့ကြောများက ၀ိုင်းထားရာ ယခင်ကဂျာကာတာကို ငလျင်ဒဏ်ခံနိုင်ရည်မရှိဖြစ်စေသည်ဟု ဆိုသည်။
ဘော်နီယိုကျွန်းမှာ ပြတ်ရွေ့ကြောအရှင်များနှင့် ပိုမိုအလှမ်းဝေးသောကြောင့် အခြားအင်ဒိုနီးရှားကျွန်းကြီးများနှင့် နှိုင်းယှဉ်သည့်အခါ ဘော်နီယိုသည် မြေငလျင်ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်သည်ဟု ယင်းဌာနက ဖော်ပြခဲ့သည်။
ဂျာတာတာမှာ စိမ့်မြေပေါ်တွင် တည်ရှိသောကြောင့် မကြာခဏ ရေကြီးမှုပြဿနာများလည်း ရှိနေသည်။
အင်ဒိုနီးရှားသည် မြို့ကြီးဆက်ရပ်ဝန်း (Megalopolis) အပေါ် ဖိအားပေးမှု လျော့ပါးသွားစေရန် လုပ်ဆောင်ခြင်း မပြုပါက ဂျာကာတာနှင့် ပိုမိုကျယ်ဝန်းသော ဂျာဗားတို့တွင် နေထိုင်သူအများစုအတွက် ရေရရှိမှုများ ကုန်ခန်းသွားဖွယ်ရှိသည်ဟု သုတေသီများက ယုံကြည်ထားသည်။
“ဂျာကာတာနဲ့ ဂျာဗားကျွန်းတို့ဟာ သန့်ရှင်းရေအကျပ်အတည်းဆီ ဦးတည်နေကြပါတယ်။ အဲ့ဒီအကျပ်အတည်းဟာ ၂၀၅၀ ပြည့်နှစ်မှာ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” ဟု Earth Scientist ဟီရီအန်းဒရီးရက်စ်က ပြောကြားခဲ့ပြီး လျင်မြန်သော လူဦးရေတိုးမှုနှင့် စက်မှုတိုးတက်မှုတို့ကို ၎င်းက အပြစ်တင်ခဲ့သည်။
“လူဦးရေ ထိန်းမနိုင်သိမ်းမရ တိုးပွားလာတဲ့အခါ ညံ့ဖျင်းတဲ့ မိလ္လာစနစ်ဟာ ပိုမိုဆိုးရွားလာမယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အရာတွေဟာ မြစ်တွေနဲ့ တိမ်တဲ့မြေအောက်ရေတွေကို ညစ်ညမ်းစေပြီး မြစ်တွေ၊ မြေအောက်ရေတွေကို အသုံးပြုလို့မရတဲ့ အနေအထားဖြစ်သွားစေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
