Top News

တရုတ်၏နယ်စပ်များပြန်လည်ဖွင့်လှစ်မှုကို ကြိုဆိုနေကြသည့် အာရှခရီးသွားလုပ်ငန်းများ
24htopnews | December 8, 2024 6:12 AM CST

အာရှတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများသည် ဒေသ၏အကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်နှင့် ဆက်ဆံရေးပြန်လည်ဆန်းသစ်လာချိန်တွင် တရုတ်၏နယ်စပ်ပြန်လည်ဖွင့်လှစ်မှုကို အောင်ပွဲခံသူများအကြားတွင် တောင်ကိုရီးယားနှင့်ဂျပန်စျေးဆိုင်ပိုင်ရှင်များ၊ ထိုင်းခရီးသွားဘတ်စ်ကားလုပ်ကိုင်သူများနှင့် K-Pop အဖွဲ့များပါဝင်နေသည်။

တရုတ်သည် ကပ်ရောဂါမတိုင်မီက ကမ္ဘာ့အကြီးဆုံးပြည်ပခရီးသွားစျေးကွက် တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်ကတည်းက နယ်စပ်များကို ပိတ်ထားမှုကြောင့် ၎င်း၏ တစ်ချိန်က နှစ်စဉ်အသုံးစရိတ်ဖြစ်သောဒေါ်လာ ၂၅၅ ဘီလျံမရှိခြင်းသည် ခရီးသွားလုပ်ငန်းကို မှီခိုနေရသော စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်းများအတွက် ငွေကြေးအခက်အ ခဲများ ဖြစ်ပေါ်စေခဲ့သည်။

“ကျွန်တော် COVID-19 ကူးမှာမကြောက်ပါဘူး”ဟု ဆိုးလ်မြို့တော်၏လူစည်ကားရာ မြောင်ဒုံးစျေးဝယ်ခရိုင်တွင် နှစ်၃၀ ခန့်ကြာ အဝတ်အထည်များနှင့် အခြားကုန်ပစ္စည်းများရောင်းချနေသည့် အသက် ၄၉နှစ် အရွယ် ချွဲဒယ်ဆောင်းက ပြောကြားခဲ့သော်လည်း ကပ်ရောဂါကာလအတွင်း မော်တော်ဆိုင်ကယ်ဖြင့် အစားအစာများပို့ဆောင်ပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့သည်။

“ကျွန်တော်တို့ ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အစိုးရကပြည်ဝင်ခွင့် ကန့်သတ်တာထက် တရုတ်လူမျိုးတွေကို ပိုလာစေချင်ပါတယ်။ အဲဒါမှ ကျွန်တော်လည်း စီးပွားရေးလုပ်နိုင်မှာပါ”ဟု ၎င်းကပြောကြားခဲ့သည်။

ကပ်ရောဂါမတိုင်မီက တရုတ်ခရီးသွားများအကြား လွန်စွာထင်ရှားသည့် တိုကျိုမြို့တော်၏ အဆာကူဆာခရိုင်ရှိ အဝတ်အထည် ရောင်းချသည့်ဆိုင်ဖြစ်သော Hikeshi Spirit အနေဖြင့် ယင်းအဓိကဖောက်သည်အပိုင်းသည် မကြာမီ ဝင်ရောက်လာကြမည့်အခြား နိုင်ငံသားများနှင့်အတူဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း အရောင်းမန်နေဂျာမာဆာ က နာဂါရာမာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်က အင်္ဂလိပ်စကားပြောနိုင်ကြပါတယ်။ အဲဒါကြောင့် တရုတ်ဖောက်သည်တွေအတွက် တရုတ်စကားပြောနိုင်မယ့် ဝန်ထမ်းကို ငှားရင်ကောင်းမလားဆိုပြီး တွေးနေပါသေးတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်က နယ်စပ်များကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် ထိုင်းဒုတိယဝန်ကြီးချုပ်က တရုတ်ခရီးသွားများကို ကိုယ်တိုင်လာရောက်ကြိုဆိုခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် တရုတ်နိုင်ငံသား ၁၀ သန်းအထိ လာရောက်နိုင်ရန် မျှော်မှန်းထားကာ ယင်းပမာဏသည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ခရီးသည် ၁၁ သန်းနီးပါး လာရောက်သည့်ပမာဏ နီးပါးဖြစ်သည်။

သုံးနှစ်ကျော်ကြာ ၎င်းတို့၏ယာဉ်များကို ရပ်နားထားရသည့် ခရီးသွားဘတ်စ်ကားဝန်ဆောင်မှု လုပ်ကိုင်သူများသည် လက်ရှိအချိန်တွင် ဘတ်စ်ကားများကို စစ်ဆေးမှုများအား လုပ်ဆောင်နေကြသည်ဟု ထိုင်းခရီးသွားဘတ်စ်ကားအဖွဲ့ဥက္ကဌ ၀ါဆူချတ်ဆိုဖွန် ဆာထီယန်က ပြောကြားခဲ့သည်။

ဘတ်စ်ကား ခရီးသွားဘတ်စ်ကားယာဉ်မောင်းအဖြစ် ၁၄ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် အသက် ၅၃ နှစ်အရွယ် ကစ်ဆာနာဘူလာလွန်က သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် ငွေကြေးပိုမိုရရှိနိုင်ရန်အတွက် အလုပ်ပြန်လုပ်ကိုင်ရန် စိတ်အားထက်သန်နေကြပြီး သူသည် ကပ်ရောဂါမတိုင်မီက တစ်ပတ်လျှင်ခြောက်ရက် အလုပ်လုပ်ကိုင်ခဲ့သော်လည်း ကပ်ရောဂါကာလတွင်မူ ခရီးသွားများ လျော့ကျခဲ့ခြင်းကြောင့် တစ်ပတ်လျှင် တစ်ရက်သာအလုပ်လုပ်ကိုင်နိုင်သည်ဟု ပြောကြားခဲ့သည်။

တိုးတက်လာသည့် ခရီးသွားလာရေးလိုအပ်ချက် အလားအလာကို အလေးပေးဖော်ပြသည့် ခရီးသွားဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သော Trip.com Group မှထုတ်ပြန်သည့်အချက်အလက်အရ ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၅ ရက်အတွင်း ပြင်ပရှာဖွေမှုများသည် ယခင်သီတင်းနှစ်ပတ်ထက် ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ထိုင်း၊ဂျပန်၊အမေရိကန်၊တောင်ကိုရီးယား၊သြစတြေးလျ၊မကာအို၊စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့သည် အလည်အပတ်သွားရောက်ရန် ရှာဖွေမှုအများဆုံးနေ ရာများဖြစ်သည်။

တောင်ကိုရီးယား၏ K-Pop အဖွဲ့များသည်လည်း တရုတ်၏ပြန်လည်ဖွင့်လှစ်ခြင်း၏အကျိုးကို ခံစားခွင့်ရရှိသူများတွင်အပါအဝင် ဖြစ်လာလိမ့်မည်ဟု မျှော်မှန်းထားကြပြီး Kyobo Securites မှ လေ့လာသုံးသပ်သူ ပါ့ခ်ဆောင်ဂွတ်၏ ပြောကြားချက်အရဖောက်သည်များထံ မှတ်ချက်တစ်ခုတွင် လက်မှတ်နှင့် ကုန်ပစ္စည်းရောင်းချမှုများသည် မြင့်တက်လာလိမ့်မည်ဟု ဆိုသည်။

တရုတ်လူမှုမီဒီယာ Weibo တွင်ဇန်နဝါ ရီ  ၈ ရက်က တင်ထားသော ဗီဒီယိုတစ်ခု၌ K-Pop အမျိုးသားအဖွဲ့ Tempest သည် ပေကျင်းမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပြီးနောက် ဒေသတွင်းဂီတဖျော် ဖြေပွဲတစ်ခု၏ ကော်ဇောနီပေါ်တွင် ဓာတ်ပုံရိုက်နေသည်ကို တွေ့မြင်ရသည်။

Tempest အဖွဲ့ကို စီမံခန့်ခွဲနေသည့် Yue Hua ဖျော်ဖြေရေးအေဂျင်စီကမူ မှတ်ချက်တစ်စုံတစ်ရာပေးရန် တောင်းဆိုမှုကို တုံ့ပြန်ထားခြင်းမရှိပေ။

တောင်ကိုရီးယားတွင် စခန်းချထားသည့် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် THAAD နှင့်ပတ်သက်၍ တင်းမာမှုများကြောင့် လက်မှတ်ရောင်းချမှုများ ကျဆင်းနေချိန်တွင် အဓိက K-Pop အေဂျင်စီကြီးလေးခုဖြစ်သည့် Hybe၊ Sm Entertainment၊ JYP Entertainment နှင့် YG Entertainment တို့သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်ယခု နှစ်တွင် ဖျော်ဖြေရေးခရီးစဉ်လာရောက်မှု ၃၅.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မည် ဟု Kyobo ၏ ပါ့ခ်က ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံလေဆိပ်များ စီမံခန့်ခွဲမှုဘုတ်အဖွဲ့ PCL ကုမ္ပဏီနှင့် တောင်ကိုရီးယားအ လှကုန်ထုတ်လုပ်သူများဖြစ်သော LG H&H နှင့် Amore Pacific ကုမ္ပဏီတို့ကဲ့သို့ အမျိုးမျိုးသော တရုတ်နှင့်ထိတွေ့မှုရှိသည့် ကုမ္ပဏီများ၏ ရှယ်ယာတန်ဖိုးများသည် တရုတ်နယ်စပ်ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာသည့် ဒီဇင်ဘာ၂၆ ရက်ကတည်းက စီးပွားရေးပြန်လည်ဦးမော့လာရန် မျှော်မှန်းထားသည့်အတွက် အားကောင်းစွာမြင့်တက်လာခဲ့သည်။

နိုင်ငံအများအပြားသည် တရုတ်ခရီးသွားများအား ပြည်မကြီးမှ မထွက်ခွာမီကိုဗစ် ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရန်နှင့်ဆိုက် ရောက်ချိန်တွင် ကိုဗစ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးရန်လိုအပ်ကြောင်း စီမံချက်များပြဋ္ဌာန်းထားသောကြောင့် အချို့စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းပြန်လည်စတင်ရန် ဝေခွဲမရသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

တရုတ်တွင် လက်ရှိကူးစက်မှုလှိုင်းဖြစ်ပွားနေမှုသည် အခြားနိုင်ငံများအပေါ် မည်မျှသက်ရောက်မှုရှိနိုင်မည်ဆိုသည့် အချက်အပေါ် မေးခွန်းများလည်း ထွက်ပေါ်နေချိန်တွင် ဥရောပ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာကမူ လက်ရှိ တရုတ်တွင် ဖြစ်ပွားနေသည့် ကူးစက်မှုအခြေအနေသည် ဥရောပတိုက်အပေါ် သက်ရောက်ဖွယ်မရှိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ အပြန်အလှန်ပြေးဆွဲနေသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များသည် ၂၀၁၉ ခုနှစ်တွင် လုပ်ဆောင်နိုင်စွမ်း ၁၁ ရာခိုင်နှုန်းသာ ကျန်ရှိနေပြီး Cirium က ထုတ်ပြန်သည့် အချက်အလက်အရ ဇန်နဝါရီ ၂၁ ရက်တွင် စတင်မည့် သီတင်းတစ်ပတ်ကြာ တရုတ်နှစ်သစ်ကူး အားလပ်ရက်မတိုင်မီ လေယာဉ်ခများ မြင့်တက်လာစေလိမ့်မည်ဟု ဆိုသည်။

“နယ်စပ်ပြန်ဖွင့်တဲ့ အတိုင်းအတာကို ကျွန်မတို့ ကြိုဆိုပေမဲ့ နယ်စပ်ပြန်ဖွင့်ပြီးတာနဲ့ စီးပွားရေး တစ်ဟုန်ထိုး ထိုးတက်သွားလိမ့်မယ်လို့ ခန့်မှန်းဖို့ မကြိုးစားပါနဲ့”ဟု လက်လီ ဆိုင်ပေါင်း ၉၀၀၀ ကျော်ကို ကိုယ်စားပြုသည့် ဟောင်ကောင် လက်လီစီမံခန့်ခွဲရေးအသင်း ဥက္ကဌအန်နီယူဆီက ပြောကြားခဲ့သည်။

“တရုတ်ပြည်မကြီးရဲ့ ကပ်ရောဂါဟာ  ပြင်းထန်နေဆဲဖြစ်ပြီး ပြည်မကြီးဟာ ပြည်တွင်း စားသုံးမှုဟာ အားနည်းနေတဲ့အချိန်မှာ ပြန်လည်နာလန်ထူဖို့ အချိန်လိုပါတယ်”ဟု အန်နီက ပြောကြားခဲ့သည်။ Ref : Reuters


READ NEXT
Cancel OK