Top News

အမေရိကန်အုံကြွမှုနဲ့ ဘရာဇီးအုံကြွမှု ကွာခြားချက်
24htopnews | December 8, 2024 6:12 AM CST

ဇန်နဝါရီ ၈ ရက်က ဘရာဇီးနိုင်ငံတွင် လက်ယာစွန်းဝါဒီသမ္မတဟောင်း ဘော်ဆိုနာရိုကို ထောက်ခံသူများက  သမ္မတနန်းတော်၊ လွှတ်တော်နှင့် တရားရုံးချုပ်ရှိရာ နေရာသုံးခုကို ဝင်စီးပြီး သမ္မတဟောင်းကို အာဏာပြန်ပေးရန် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါဆန္ဒပြသူများက တရားရုံးချုပ်အတွင်းရှိ ပြတင်းပေါက်များနှင့် ပရိဘောဂများကို ရိုက်ခွဲဖျက်ဆီးခြင်း၊ လွှတ်တော်အ ဆောက်အအုံခေါင်မိုးပေါ်သို့ တက်ဆန္ဒပြ ခြင်း၊ အနုပညာပစ္စည်းများကို ဖျက်ဆီးခြင်း၊ သယ်မသွားခြင်း၊ သမ္မတနန်းတော်အတွင်း ဘော်ဆိုနာရိုကို ထောက်ခံသည့် ဆောင်ပုဒ်များ ရွတ်ကာ လှည့်လည်ခြင်းတို့ပြုလုပ်ကြပြီး ရဲတစ်ဦးကိုလည်း မြင်းပေါ်မှဆွဲချ ရိုက်နှက်ခဲ့ကြသည်။

မြို့တော် ဘရာစီလီယာတွင်ဖြစ်ခဲ့သည့် ယင်းမြင်ကွင်းများသည် ၂၀၂၁ ခုနှစ်၊ ဇန်န ၀ါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အအုံတွင် ဖြစ်ပျက်ခဲ့သည်များနှင့် အံ့သြဖွယ် ခပ်ဆင်ဆင်ဖြစ်နေပြီး ဇန်နဝါရီ ၆ ရက်ဖြစ်စဉ်တွင်မူ သမ္မတဒေါ်နယ်ထရန့်၏ အမာခံထောက်ခံသူများက လွှတ်တော်ကို ဝင်ကြမ်းခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှစ်ခု တူသယောင်နှင့် တစ်ထပ်တည်းတူနေသည်လားဆို လျှင်လည်း မဟုတ်ပေ။

ဘော်ဆိုနာရိုသည် သမ္မတဟောင်းထရန့်ကို လေးစားသဘောကျသူအဖြစ် လူသိ များသည်။ ဘော်ဆိုနာရို၏သား လွှတ်တော်အမတ် အက်ဒူအာဒို ဘော်ဆိုနာရိုသည် ထရန့်နှင့်တွေ့ရန် ပြီးခဲ့သည့်နိုဝင်ဘာကမှ အမေရိကန်သို့သွားထားသည်။ ယင်းခရီးစဉ်အတွင်း အက်ဒူအာဒိုသည် ထရန့်၏ အကြံပေး အရာရှိဟောင်းများဖြစ်သည့် စတီဖင်ဘန်နန်၊ ဂျေဆင်မစ်လာတို့နှင့်လည်းတွေ့ဆုံကာ ပြိုင် ဖက်လက်ဝဲဝါဒီ လူလာဒါဆီဗာကို ရှုံးနိမ့်ပြီး သမ္မတနေရာကို လက်လွှတ်လိုက်ရသည့် ဖခင်ဘော်ဆိုနာရိုက မည်သည့်ခြေလှမ်းများ လှမ်းဖွယ်ရှိသည်ကို ဆွေးနွေးခဲ့သည်။

ကွာခြားမှုအချို့

ဘော်ဆိုနာရိုဘက်တော်သားများက ၎င်းတို့ချစ်မြတ်နိုးသည့်ခေါင်းဆောင် အာဏာပြန်ရရေးကြိုးပမ်းမှုကြီးသည် လွန်ခဲ့သည့် နှစ်နှစ်က အမေရိကန်ဖြစ်စဉ် တစ်ကျော့ပြန် ဖြစ်လာသည်ဟုထင်ရသော်လည်း ၀ါရှင်တန်နှင့် ဘရာစီလီယာတွင် ဖြစ်ခဲ့သည့် အုံကြွမှု နှစ်ခုအကြား ကွာခြားမှုအချို့ရှိနေသည်။

ပထမ (အထင်ရှားဆုံး) ကွာခြားချက်က အမေရိကန်အုံကြွမှုတွင် ထရန့်ထောက်ခံသူများက လွှတ်တော်အဆောက်အအုံကိုသာ ပစ်မှတ်ထားခဲ့သည်။ ဘရာဇီးအုံကြွမှုတွင်မူ ဘော်ဆိုနာရိုထောက်ခံသူများက တရားရုံးချုပ်ကိုပါ တိုက်ခိုက်ခဲ့သည်။ ဘော်ဆိုနာရို သမ္မတအဖြစ် တာဝန်ယူချိန်အများစုသည် တရားရုံးချုပ်တရားသူကြီးများက သမာသမတ်မရှိဘဲ ၎င်းကိုဆန့်ကျင်ရန် ပူးပေါင်းကြံ စည်နေကြသည်ဟု စွပ်စွဲခဲ့သဖြင့် တရားရုံးချုပ် တိုက်ခိုက်ခံရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

နောက်ထပ်ဖြစ်ကောင်းဖြစ်နိုင်သည့် ကြီးမားသည့်ကွာခြားချက်တစ်ခုက အုံကြွသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တုံ့ပြန်ပုံ ပင်ဖြစ်သည်။ ၀ါရှင်တန်ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို နှိမ်နင်းရာတွင် တုံ့ဆိုင်းမနေဘဲ ဘရာစီလီယာ ဖြစ်စဉ်ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သစ္စာခံမှုက မည်သည့်ဘက်တွင် ရှိနေသည်ကို သိနိုင်ရန် ပိုခက်ခဲကြောင်း သက်သေပြခဲ့သည်။

နောက်ကွာခြားချက်က ဘရာဇီးအုံကြွမှုသည် မျှော်လင့်မထားဘဲ ရုတ်တရက်ထဖြစ်သွား ခင်းမျိုး မဟုတ်ပေ။ ဘော်ဆိုနာရို ထောက်ခံ သူများက ဇန်နဝါရီ ၃ ရက်ကတည်းက ျွှ့အျေ ဗစစ နှင့် ဖော်လိုဝါသောင်းချီရှိသည့် တယ်လီ ဂရမ်ချန်နယ်များတွင် လွှတ်တော်ကိုဝင်စီး မည့်အကြောင်းနှင့် ပတ်သက်သည့်  ပို့စ်များ ဖြန့်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ဘော်ဆိုနာရို ထောက်ခံသူများက မြို့တော်ဘရာစီလီယာ သို့သွားပြီး အုံကြွမှုတွင်ပါဝင်ရန် ဘတ်စ်ကားများ ငှားထားသည်ဆိုခြင်းက ဆိုရှယ်မီဒီယာတွင် လူသိရှင်ကြားဖြစ်ခဲ့သည်။

ထိုမျှသတင်းများပျံ့ခဲ့သည့်တိုင် ဇန်နဝါ ရီ ၆ ရက်အုံကြွမှုအတွက် ပြင်ဆင်မှုမရှိခဲ့ရသလားဆိုကာ အမေရိကန်လုံခြုံရေးတပ်ဖွဲ့များ ပြင်းပြင်းထန်ထန်ဝေဖန်ခံရသည်ကို သိရှိသည့်တိုင် ဘရာဇီးလုံခြုံရေးတပ်ဖွဲ့များသည် ဇန်နဝါရီ ၈ ရက်အုံကြွမှုအတွက် တစ်စုံတစ်ရာ ပြင်ဆင်ခဲ့ပုံမရပေ။

ဘော်ဆိုနာရို ရွေးကောက်ပွဲရှုံးပြီးက တည်းကလည်း လုံခြုံရေးတပ်ဖွဲ့များသည်  ၎င်းင်းတို့စစ်တန်းလျားများတစ်ဝိုက် ဘော်ဆို နာရိုထောက်ခံသူများ စခန်းချနေသည်ကို မသိကျိုးကျွံပြုခဲ့သည်။ ပိုဆိုးသည်က ဇန်နဝါ ရီ ၈ ရက်အုံကြွမှုတွင် ရဲများက ဘရာဇီးနိုင်ငံ ၏ အရေးအပါဆုံးနေရာများကို တိုက်ခိုက် လာသူများနှင့် အရောတဝင်ဆက်ဆံခြင်း၊ ဓာတ်ပုံရိုက်ခြင်းများပင် ပြုလုပ်ခဲ့သည်။

အတွင်းအကူအညီရှိနေနိုင်

ဘရာဇီးလက်ရှိသမ္မတ  လူးဝစ်အင်နာစီယို လူလာဒါဆီဗာကမူ ဆူပူမှုများဖြစ်စေရန် အတွင်းမှ ကူညီပေးသူရှိခဲ့နိုင်သည်ဟု သတင်းထောက်များကိုပြောသည်။ ထို့ပြင် သမ္မတနန်းတော်မှဝန်ထမ်းများကို သေချာစိစစ်ရန် ညွှန်ကြားထားကြောင်း၊  နန်းတော်တွင်  ပျက်နေသည့်တံခါးများမရှိသည့်အတွက် အထဲကိုလူဝင်နိုင်ရန် တံခါးကိုဖွင့်ပေးထားခဲ့သည်ဟု ယူဆကြောင်း၊ တစ်စုံတစ်ဦးက ထိုသို့ ကူညီခဲ့သည့်အဓိပ္ပာယ်ဖြစ်ကြောင်း လူလာက ပြောကြားသည်။

တစ်ဆက်တည်း လူလာက ၎င်းတို့ ပိုပြီး သတိရှိရှိနေတော့မည်၊ ပိုတင်းကျပ်တော့မည်၊  အစိုးရအဖွဲ့တွင် ဘော်ဆိုနာရိုထောက်ခံသူပါနေပါက ကိုင်တွယ်သွားမည်ဟုလည်း သတိပေးထားသည်။ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ HRW ကလည်း ဆူပူမှုများလုပ်ဆောင်သူ၊ ငွေကြေးပံ့ပိုးသူ၊ လှုံ့ဆော်သူအားလုံးတို့ ကိ စစ်ဆေးဖော်ထုတ်ရန် လူလာအစိုးရကို တိုက်တွန်းထားသည်။

ကြိုးကိုင်သူကို ဆက်လက်ဖော်ထုတ်

ဘရာစီလီယာအုံကြွမှုကို ကြိုးကိုင်စေ ခိုင်းသူ၊ ငွေကြေးအထောက်အပံ့ပေးသူများကို ဆက်လက်စုံစမ်းနေပြီး လုံခြုံရေးပိုင်း လစ် ဟင်းမှုလည်း စစ်ဆေးသည့်အထ ဲပါရှိသည်။ အစိုးရရှေ့နေချုပ်ရုံးကြေညာချက်အရ ငွေ ကြေးပံ့ပိုးမှုဖြင့် သံသယရှိသူ လူပုဂ္ဂိုလ် ၅၂ ဦး၊ ကုမ္ပဏီခုနစ်ခုကို ဖော်ထုတ် သိရှိထား သည်။

နိုင်ငံပိုင်ရုပ်သံ TV Globalအဆိုအရ သံသယရှိခံရသူများတွင် ဘော်ဆိုနာရိုကို ထောက်ခံသည့် သီးနှံစိုက်ပျိုးရေးကဏ္ဍမှ ခေါင်းဆောင်များ ပါဝင်နေပြီး  ဒေသအသီးသီးမှ  ခရီးသည်တင်ယာဉ် ၁၀၀ ခန့်ဖြင့် မြို့ တော်သို့ ရောက်လာသည့် ဆန္ဒပြသူများအတွက် စားသောက်ရေးနှင့်သယ်ပို့ရေးကို ၎င်းတို့က ကူညီပေးထားသည်ဟု သံသယရှိနေသည်။ ထို့ပြင် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန်အဆိုပြုထားသည့် စာတမ်းတစ်ခုကို အာဏာပိုင်များက  ဘော်ဆိုနာရို၏ တရားရေးဝန်ကြီးဟောင်း အန်ဒါဆင်တော ရက်စ်၏ နေအိမ်တွင် ရှာတွေ့ခဲ့သည်ဟု Globo  ရုပ်သံက ကြေညာသည်။

တောရက်စ်သည် အုံကြွမှုများဖြစ်ချိန် မြို့တော် ဘရာစီလီယာ၏ လုံခြုံရေးအကြီး အကဲတာဝန်ကို ယူထားဆဲဖြစ်သည်။ သို့သော် ဘော်ဆိုနာရိုကဲ့သို့ပင် ၎င်းလည်း ဇန် နဝါရီ ၈ ရက်က အမေရိကန်ရောက်နေခဲ့သည်။ ၎င်းအိမ်မှ ရခဲ့သည့်စာတမ်းသည်  ဝန်ကြီးဌာနသို့ပေးပို့လာသည့် အဆိုပြုချက်များထဲမှ တစ်ခုဟု ၎င်းက ပြောကြားသည်။

အုံကြွမှုဖြစ်ပြီးနောက် တောရက်စ် သည် တာဝန်မှရပ်စဲခံလိုက်ရပြီး အမေရိကန်မှ ပြန်ရောက်လာသည့်အခါ ပူးပေါင်းကြံစည် သည်ဆိုသည့်စွပ်စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘရာစီလီယာ၏ စစ်ရဲအကြီးအကဲနှင့် အုပ်ချုပ်ရေးမှူးလည်း ရာထူးမှဖယ်ရှားခံထားရသည်။

အမေရိကန်ဒီမိုကရက်လွှတ်တော်အမတ်များကမူ ဘော်ဆိုနာရိုကို နှင်လွှတ်ရန် သမ္မတဂျိုးဘိုင်ဒင်ကို တောင်းဆိုခဲ့ကြပြီး ၎င်းတို့ ကျူးလွန်ခဲ့ဖွယ်ပြစ်မှုများအတွက် လွတ်ရာလွတ်ကြောင်းရှာသည့် ဘော်ဆိုနာရိုနှင့် ဘရာဇီးအရာရှိဟောင်းများအား အမေရိကန်တွင် ခိုလှုံခွင့်မပေးသင့်ဟု တင်ပြကြသည်။

အုံကြွမှုတွင်ပါဝင်သူများကို ဆက်လက်ခြေရာခံလိုက်နေမှုတွင် အချို့ကို ဃဃွှဠ ကင်မရာများမှတစ်ဆင့်သိရကာ အချို့ကိုလည်း ဆိုရှယ်မီဒီယာတွင် ၎င်းတို့ကိုယ်တိုင် တင်ထားသည့် ဆယ်လ်ဖီပုံများကြောင့် မည်သူမည်ဝါသိရှိထားသည်။  Ref –CNN & AFP


READ NEXT
Cancel OK