Top News

မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များ၊ မီးသတ်နှင့် ပရဟိတသူရဲကောင်းများ
24htopnews | December 8, 2024 6:12 AM CST

“အုန်း”ဆိုသည့် အသံ ထွက်ပေါ်လာပြီး နောက်  ပေါင် ၁၅၀  ကျော်ရှိသည့် မီးသတ်တပ် ဖွဲ့ဝင် တစ်ဦး ပေ ၂၀ ခန့်အကွာသို့ လွင့်ထွက် သွားခဲ့သည်။ ၎င်းင်းနှင့်အတူ မီးလောင်မှုကို ဝိုင်းဝန်းငြိှမ်းသတ်နေသည့် အခြားမီးသတ် တပ်ဖွဲ့ဝင်များလည်း ပေါက်ကွဲမှုနှင့်အတူ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

ပေ ၂၀ ခန့် အကွာသို့ လွင့်မထွက်မီ ၎င်းင်းဘေးမှ မီးလုံးကြီးတစ်လုံးဖြတ်သွားခဲ့ ကြောင်း ွမညေိ ျွသပေူ အရက်ချက်စက်ရုံ မီးလောင်မှုတွင် မီးငြိှမ်းသတ်ခဲ့သူ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အုန်းဆိုပြီးအသံကြားတယ်။ အဲဒီတော့ ကျွန်တော်တို့ အနောက်ကို ပြန်လှည့်တဲ့အချိန် မှာ ကျွန်တော့်ဘေးကနေ မီးလောင်တဲ့မီးလုံး ကြီးတစ်လုံး ဖြတ်သွားတာကို တွေ့လိုက်ရ တယ်။  ပြီးတော့ ပေနှစ်ဆယ်အကွာလောက်ကို လွင့်ထွက်သွားတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မီးသတ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင် ထားသဖြင့်သာ ထိခိုက်ဒဏ်ရာရရှိမှုလျော့နည်းခဲ့ခြင်းဖြစ်ပြီး မီးလုံးကြီးဖြတ်သွားချိန်တွင် လက်အိတ်ဝတ်ထားသည့် လက်ဖြင့် မျက်နှာ ကို ကာလိုက်သဖြင့် မျက်နှာ ထိခိုက်ခဲ့ခြင်း မရှိကြောင်း၊ ပေနှစ်ဆယ်ခန့်အကွာသို့ လွင့် ထွက်ပြီးနောက်တွင် လူနာတင်ယာဉ်များ ရှိရာသို့ အားတင်း၍သွားရောက်ခဲ့ရသည်ဟု  မီးသတ်တပ်ဖွဲ့ဝင်က ဆိုသည်။

“လွင့်ထွက်သွားတယ်။ စိုရွှဲနေတဲ့ မီး သတ်ဝတ်စုံက ချက်ချင်းကို ခြောက်သွေ့သွား တယ်။ ကံကောင်းတာက လွင့်ထွက်ပြီးတဲ့ အချိန်မှာ ပက်လက်လန်ကျတာ။ မှောက် လျက်ဆို မီးကကျောပြင်ကို အပူဟပ်မှာ။လဲ ကျပြီးချိန်နောက်မှာ ကိုယ့်ဟာကိုယ်ထဖို့ကို မနည်းအားယူရတယ်။ အားတင်းပြီး လူနာ တင်ယာဉ်တွေရှိတဲ့နားကို သွားတယ်။ အဲဒီ နေရာရောက်တော့ သတိမေ့သွားတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်  ညနေ ၃ နာရီခွဲခန့် တွင် မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းမကြီး Grand Royal အရက်ချက်စက်ရုံတွင် မီး လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရသ ဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့နှင့် ပရဟိတ အဖွဲ့များ သွားရောက်ခဲ့ကြသည်။

အဆိုပါစက်ရုံ၏ ထမင်းစားဆောင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၄၁ မိနစ်မှစတင်ကာ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က Level 3 အဆင့် ယာဉ်အုပ်စုဖြင့် မီးစတင်ငြိှမ်းသတ်ခဲ့ရသည်။

ယင်းသို့ ထမင်းစားဆောင်လောင်ကျွမ်း ရာမှတစ်ဆင့် အရက်ဆီပေပါများကို ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်ရာ သို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့များမှ စုံစမ်းသိရှိရသည်။

မီးလောင်သည့်နေရာသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းအားလုံးမှ လာရောက်မီးငြိှမ်းသတ်ခဲ့ပြီး ၁၆ နာရီခန့်ကြာ မီးငြိှမ်းသတ်ခဲ့ရသည်။

အရက်ချက်စက်ရုံ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ငါးရာကျော် လာရောက် မီးငြိှမ်းသတ်ခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရဟိတအဖွဲ့များမှာ မီးလောင်ရာ သို့ လာရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ် ငန်းများ လုပ်ဆောင်ခဲ့ရသည်။

“မီးလောင်မှုဖြစ်တဲ့နေ့ ညပိုင်းမှာပဲ အင်းစိန်ဆေးရုံ အရေးပေါ်ဌာနနားက အခန်း ထဲမှာ မီးလောင်ပြင်ကို ရောက်ရှိခဲ့တဲ့ မီးသတ် တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ် ရာရလို့ အခန်းတစ်ခန်းထဲမှာ တွေ့လိုက်ရ တယ်။ အင်းစိန်ဆေးရုံက အခန်းထဲမှာ စုစု ပေါင်း ၁၇ ယောက်ရှိတယ်” ဟု မီးလောင်မှု ကြောင့် ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အင်းစိန်ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးမှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့ ကြောင်း သိရသည်။

 ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရ ဟိတအဖွဲ့ဝင်များမှာ  Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုမတိုင်မီ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာ ရုံလမ်းရှိ  မိုးရေသန့်စက်ရုံမှ အမိုးနီးယားဓာတ် ငွေ့ယိုစိမ့်မှုဖြစ်စဉ်တွင်လည်း ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

“ပထမတစ်ရက်က လှိုင်မှာ အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်လို့ သွားတယ်။ အဲဒီအချိန်မှာ ပြင်းထန်စွာကန်ထွက်နေတဲ့ ဓာတ်ငွေ့တွေကို ထိန်းနိုင်ဖို့ ဘယ်သူမှ မရောက်နိုင်သေးခင်မှာ ဟိုးအမြင့်တစ်နေရာကို တက်ပြီး ပိုက်လိုင်း ဘားတွေကို တက်ပိတ်ခဲ့တယ်။ ဘားတစ်ခု ပိတ်ပြီးတိုင်း ဝုန်းဆိုပြီး ကြားရတဲ့အသံက ချောက်ချားစရာပါ။ လူအများ ဒုက္ခရောက်နေ ပြီဆိုတဲ့အသိစိတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ခဲ့ တာပါ” ဟု  ွမညေိ ျွသပေူ စက်ရုံမီးလောင်မှု နှင့် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်စဉ် နှစ်ခုစလုံးတွင် ရောက်ရှိကာ ကူညီခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လှိုင်မြို့နယ်၊ ရေသန့်စက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်တွင်လည်း ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပရဟိတအဖွဲ့ဝင်အများအပြား လာရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရသည်။

အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ် ကြောင် ့အဆိုပါပတ်ဝန်းကျင်အနီးနေသူများ မှာ အော့အန်ခြင်း၊ မေ့လဲခြင်းများ ဖြစ်ပေါ် ကာ အဆိုပါညတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း လူနာတင်ယာဉ် အရေးပေါ်အသံ များဖြင့် ဆူညံခဲ့သည်။

“စဖြစ်တာက မိုးရေသန့်က အမိုးနီးယား ဓာတ်ငွေ့ပေါက်တာ။ အစက အသံပဲကြားရ တာပါ။ အနံ့မရသေးဘူး။ နောက်ကျ အနံ့က ပြန့်လာပြီး မာလာမြိုင် ၁ လမ်း ၂ လမ်းအထိကို ရောက်လာတာပါ။ အခု မာလာမြိုင် ၇ လမ်း ၈ လမ်းအထိရောက်နေပြီ။ အဲဒီကနေမှ အုတ် ကျင်းအကျော် ဘာဒါအထိ ပြန့်တယ်။ လူနာ တင် ယာဉ်ကလူတွေက တိုက်ပေါ်ကလူတွေ ကို အောက်ဆင်းလာဖို့ ပြောပါတယ်။ ပြီး တော့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး ပါတယ်။ ညီမလည်း အနံ့စရတော့ အန်တယ်။ တိုက်ပေါ်ကနေဆင်းပြီး အခြားနေရာကို သွားရတယ်” ဟု အဆိုပါနေရာအနီးနေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လှိုင်မြို့နယ် မိုး ရေသန့်စက်မှ အမိုးနီး ယားဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်စဉ်တွင်လည်း အခင်းဖြစ်ပွားသည့် ညပိုင်းမှ စတင်ကာ သက် ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ရန် အသင့်ရှိနေခဲ့သည်။

“အမိုးနီးယားစဖြစ်ကတည်းက သွား တာ။ အမိုးနီးယားကိုလည်း ညကတည်းက မနက်အထိ စောင့်ကြည့်နေရတာပါ။ အဲဒီနေ့ သက်ဆိုင်ရာ စခန်းပြန်ရောက်တော့ မှော်ဘီ က အရက်ချက်စက်ရုံမီးလောင်တော့ သွား ရတာပါပဲ။ နှစ်ရက်ဆက်တိုက် မအိပ်လိုက်ရ ဘူး” ဟု အမိုးနီးယားဓာတ်ငွေ့ ပျံ့နှံ့မှုနှင့် Grand Royal အရက်ချက်စက်ရုံမီးလောင် မှုဖြစ်စဉ်များသို့ သွားရောက်ခဲ့သူ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ရက်အ တွင်း ကြီးမားသည့်ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့ဝင်များက ပူးပေါင်းကယ်ဆယ်ရေးလုပ် ငန်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ရသည်။


READ NEXT
Cancel OK