Top News

တရုတ်ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်သည့်အစီအစဉ်များ ထိရောက်မှု ရှိ၊ မရှိ
24htopnews | December 8, 2024 6:12 AM CST

တရုတ်နိုင်ငံမှ ခရီးသွားများအပေါ်နိုင်ငံတကာမှ ကန့်သတ်ချက်အစီအမံများသည် COVID-19 ကူးစက်မှုကို ထိန်းချုပ်မှုတွင် အနည်းငယ်သက်ရောက်မှုသာ ဖြစ်ဖွယ်ရှိလိမ့်မည်ဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့ပြီး  ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ဖွယ်ရှိနေသော အမေရိကန်တွင် မျိုးကွဲသစ်ပေါ် ပေါက်လာမှုကို ရည်ညွှန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကူးစက်မှုများနှင့်ပတ်သက်၍ အချက်အလက် ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် မျိုးကွဲအသစ်များပေါ်ပေါက်လာမည့်အရေးကို စိုးရိမ်နေသည့်ကြားမှအမေရိကန်၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား နှင့် ဥရောပနိုင်ငံအများအပြားအပါအဝင် ဒါဇင်နှင့်ချီသည့်နိုင်ငံများက တရုတ်နိုင်ငံမှ ခရီးသွားများအပေါ်တင်းကျပ်သည့် COVID-19 စီမံချက်များ ချမှတ်ခဲ့သည်။

၎င်း၏ကာလကြာရှည်ချမှတ်ထားသော ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုကြီးကို ကြုံတွေ့ နေရသည့် တရုတ်နိုင်ငံသည် ယင်းကန့်သတ်ချက်အစီအမံများကို လက်သင့်ခံနိုင်ဖွယ်မရှိဟု ပြောကြားခဲ့ပြီး တန်ပြန်စီမံချက်များကို ချမှတ်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် မကြာသေးမီရက်များအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအနည်းငယ်ကိုသာ တရားဝင် ထုတ်ပြန်ထားသော်လည်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ လူအုပ်စုလိုက် စစ်ဆေးခြင်းကို အဆုံးသတ်ခဲ့ပြီးကို ဗစ်ကြောင့် သေဆုံးသူအားရေတွက်မှုတွင် စံသတ်မှတ်ချက်များကို ချုံ့ခဲ့ပြီးနောက် တရားဝင်ထုတ်ပြန်ထားသည့် ကိုဗစ်ကြောင့်သေဆုံး သူအရေအတွက်သည် အမှန်တကယ်သေဆုံးသူအရေအတွက်အပေါ် သက်ရောက်မှုရှိသည်ဟု ယုံကြည်နိုင်ခြင်းမရှိတော့ပေ။

ဆေးရုံများနှင့် သုဿာန်များတွင်လည်း ဝန်ပိနေပြီး တရုတ်၏မြင့်တက်လာသောဗိုင်းရပ်စ်ကူးစက်မှု အခြေအနေအပေါ် ကမ္ဘာတစ်ဝန်းလုံးက စိုးရိမ်နေကြသည်။

အမေရိကန်နှင့်ပြင်သစ်အပါအဝင် ဗိုုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိစစ်ဆေးရန် စီမံချက်များပြဋ္ဌာန်းထားသောနိုင်ငံများက တ ရုတ်၏လူဦးရေ ၁.၄ ဘီလျံကြား ဖြစ်ပွားနိုင်ခြေရှိသည့် အရေအတွက်အများအပြားသည် ဗိုင်းရပ်စ်ကို မျိုးကွဲအသစ်များအဖြစ်သန္ဓေပြောင်းလဲနိုင်သည့်အပေါ် စိုးရိမ်မှုများမြင့်တက်နေကြသည်။

တရုတ်နိုင်ငံမှ ခရီးသွားများအားလုံးကို PCT စစ်ဆေးရန် နိုင်ငံအများအပြားကထုတ်ပြန်ထားပြီး ယင်းမှသာ ၎င်းတို့၏နမူနာများမှတစ်ဆင့် အလားအလာရှိသောမျိုးကွဲသစ်များကို ခြေရာခံနိုင်မည်ဖြစ်သည်။

မော်ရိုကိုနိုင်ငံကမူ တရုတ်နိုင်ငံမှခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ မော်ရိုကိုနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လှိုင်း အသစ်တစ်ရပ် မပေါ်ပေါက်စေရန်နှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရှောင်လွှဲနိုင်ရန်အတွက် ယင်းတားမြစ်ပိတ်ပင်ချက်သည် ဇန်နဝါရီ ၃ ရက်မှစ၍နောက်ထပ် ထုတ်ပြန်ချက်မထုတ်မီအထိ အကျုံးဝင်သက် ရောက်လိမ့်မည်ဟု မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် နယူးဇီလန်ကမူ တရုတ်နိုင်ငံမှလာရောက်သည့် ခရီးသွားများအတွက် ကိုဗစ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးချက်ပြရန် လိုအပ်လိမ့်မည်မဟုတ်ဟု ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။ ပြည်သူ့ကျန်းမာရေးအန္တရာယ် အကဲဖြတ်မှုအရ တရုတ်နိုင်ငံမှ ခရီးသွားများသည်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ကို သိသိသာသာ တိုးပွားလာစေလိမ့်မည်မဟုတ်ဟု နယူးဇီလန်၏ COVID-19 ဝန်ကြီး အရီရှာဗာရောက ပြောကြားခဲ့သည်။ နယူးဇီလန်နိုင်ငံအ တွက် ပြည်သူ့ကျန်းမာရေးအန္တရာယ်အနည်းငယ်သာရှိပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီ ECDC သည် လွန်ခဲ့သည့်သီတင်းပတ်က ဥရောပတစ်ဝန်းတွင် တရုတ်နိုင်ငံမှခရီးသွား များကို ကိုဗစ်စစ်ဆေးရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းသည် တရားမျှတမှုမရှိဟုခေါ်ဆိုခဲ့ပြီး ဥရောပသည် ကာကွယ်ဆေးထိုးနှံမှုများနှင့်ယခင်ကူးစက်မှုဖြစ်စဉ်များမှ မြင့်မားသောကိုယ်ခံအားကို ရရှိနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြင်သစ်၊ အီတလီနှင့်စပိန်တို့ သည် တရုတ်နိုင်ငံမှ ခရီးသွားများကိုဗိုင်းရပ်စ် စစ်ဆေးရန် လိုအပ်မှုကို စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတစ်ဝန်း မကြုံစဖူးကူးစက်မှုလှိုင်းနဲ့ ကြုံတွေ့လျှင် ယင်းကဲ့သို့ စီမံချက်များချမှတ်ခြင်းသည် တရားမျှတမှုရှိပြီး ဥပမာအနေဖြင့် လူနှစ်ဦးလျှင်တစ်ဦးတွင် မည်သည့်ကိစ္စရပ်မျှ မပြုလုပ်ဘဲကူးစက်ခံရလျှင် လေယာဉ်တစ် စင်းကိုဆင်းသက်ရန် ခက်ခဲလိမ့်မည်ဟု ပြင်သစ်ကူးစက်ရောဂါဗေဒပညာရှင်မာမွတ်ဇူရိတ်က ပြောကြားခဲ့သည်။

သို့သော် ဥရောပတွင် ယင်းကန့်သတ်ချက်အစီအမံများသည် အသုံးဝင်ပြီး ဥရောပ ၂၇ နိုင်ငံတွင် ယင်းအစီအမံများကိုချမှတ်သင့်သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

နောက်ထပ်ပြင်သစ်ကူးစက်ရောဂါဗေဒပညာရှင် ဒိုမီနစ် ကော့တက်ဂလီယိုလာကလည်း နောက်ထပ်ဆန်းစစ်ဝေဖန်မှုများကို ပြုလုပ်ခဲ့သည်။

ပြင်သစ်သည် လက်ရှိအချိန်တွင် ၎င်း၏ ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးမှုကို လျှော့ချနေသောကြောင့် တရုတ်မှ ရောက်ရှိလာသည့် ခရီးသွားများကို စစ်ဆေးခြင်းသည် ဆက်သွယ်ရေးလေ့ကျင့်ခန်းတစ်ခုထက် အနည်းငယ်ပိုသည်ဟု ရှုမြင်မိကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့တွေ တစ်ခုခုလုပ်နေတယ်လို့ ခံစားရတာကလွဲလို့ အသုံးမဝင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရကို ကိုဗစ်စစ်ဆေးမှုများပြုလုပ် ရန်အကြံပြုထားသည့် ပြင်သစ်၏ကိုဗစ်ကျွမ်း ကျင်သူကော်မတီကပင်လျှင် ယင်းကန့်သတ်ချက်အစီအမံများသည် တရုတ်နိုင်ငံမှမျိုးကွဲများသို့မဟုတ် ကူးစက်မှုများ ပျံ့နှံ့မှုကိုနှောင့်နှေးစေနိုင်ဖွယ်မရှိဟု ပြောကြားခဲ့သည်။

“၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းက အိုမီခရွန် ပေါ်ပေါက်ချိန်အတွင်း တောင်အာဖရိကအပေါ် ကန့်သတ်ချက်တွေချမှတ်တာဟာဥရောပမှာ ကူးစက်မှုလှိုင်း ဖြစ်ပေါ်မှုအပေါ်အနည်းငယ်ပဲ သက်ရောက်မှုရှိပါတယ်”ဟု ကော်မတီက လွန်ခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း အိုမီခရွန်ထပ်ဆင့်မျိုးကွဲများသည် ကမ္ဘာတစ်ဝန်းတွင် လွှမ်းမိုးပျံ့နှံ့ခဲ့သည်။

တရုတ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ မကြာသေးမီကပြောကြားချက်အရ ပေကျင်းမြို့တော်တွင် BA.5.2 နှင့် BF.7 တို့သည် ပျံ့နှံ့နေပြီး ယင်းနှစ်မျိုးလုံးသည်အနောက်နိုင်ငံများတွင် ကူးစက်နိုင်သောအမျိုးအစားခွဲများထက် ကျော်လွန်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ဒါကြောင့် တရုတ်က အနောက်နိုင်ငံတွေကို ဒီမျိုးကွဲတွေ မိတ်ဆက်ပေးခဲ့တယ်ဆိုရင်တောင် နယ်စပ်ထိန်းချုပ်မှုတွေဟာဒီမျိုး ကွဲတွေအပေါ် သိပ်ပြီးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး”ဟု အင်္ဂလန်အရှေ့ပိုင်းရှိ ဗြိတိန်တက္ကသိုလ်မှ ဆေးပညာပါမောက္ခ ပေါလ်ဟန်တာက ပြောကြားခဲ့သည်။

တရုတ်ကို ကြည့်မည့်အစား ဗိုင်းရပ်စ်ကျွမ်းကျင်သူအများအပြားက အမေရိကန်အပေါ်နှင့် အိုမီခရွန်ထပ်ဆင့်မျိုးကွဲ XBB.1.5 အပေါ် အာရုံစိုက်လျက်ရှိသည်။

ဒီဇင်ဘာလလယ်ကတည်းက XBB.1.5 သည် အမေရိကန်နိုင်ငံတစ်ဝန်းကူးစက်မှုအားလုံး၏ ၁ဝရာခိုင်နှုန်းအောက်မှ ၄၀ ရာ ခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်ဟု အမေရိကန် CDC ၏ မျိုးကွဲစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

လက်ရှိတွင် ဗြိတိန်အတွက် အဓိကအနာဂတ်စိုးရိမ်ဖွယ်ကိစ္စသည် အမေရိကန်မှ ကူးစက်ပျံ့နှံ့လာဖွယ်ရှိပြီး လက်ရှိတွင်ကူး စက်မှုများမြင့်တက်နေသည့် XBB.1.5 မျိုးကွဲဖြစ်သည်ဟု ဟန်တာကဆိုသည်။

ကမ္ဘာတစ်ဝန်းမှ ဆိုက်ရောက်လာသူများ၏ ကျပန်းနမူနာများသည် တရုတ်ခရီးသွားများကို စစ်ဆေးမှုထက် ပိုမိုအသုံးဝင်နိုင်ဖွယ်ရှိလိမ့်မည်ဟု ဘယ်ဂျီယံ၏ Leuven တက္ကသိုလ်မှ ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင်တွမ် ဝမ်ဆယ်လာစ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ မျိုးကွဲအသစ်တွေကို မဝင်လာနိုင်အောင် တားဆီးနိုင်ပါ့မလား” ဟု အောက်စ်ဖိုဒ့်တက္ကသိုလ်မှ ဂျိမ်းစ်နိုင်စမစ်က ပြောကြားခဲ့သည်။

ယင်းသည် ဗြိတိိန်တွင် လက်ရှိအချိန်အထိ မဖြစ်နိုင်သေးဘဲ ဗြိတိန်အတွက်ဖြစ်လာနိုင်စေမည့် အထောက်အထားမရှိဟု ၎င်းက ပြောကြားခဲ့သည်။

XBB.1.5 မျိုးကွဲအပေါ် စိုးရိမ်မှုများရှိနေစဉ် အမေရိကန်ဗိုင်းရပ်စ်ဗေဒပညာရှင် အန်ဂျလာရက်စ်မက်စ်ဆန်က ယင်းမျိုးကွဲ သည် ပျက်ကိန်းကြုံတွေ့နိုင်သည့် စူပါမျိုးကွဲတစ်ခုမဟုတ်ကြောင်း Twitter တွင်ရေးသားခဲ့သည်။

နှစ်မျိုးစပ် ကာကွယ်ဆေးအသစ်ဖြစ်သည့် ထပ်တိုးကာကွယ်ဆေးသည် XBB.1.5 ကို တိုက်ထုတ်နိုင်မည့် ပဋိပစ္စည်းများကို ထုတ်ပေးနိုင်လိမ့်မည်ဟု ရက်စ်မက်စ်ဆန်က မကြာသေးမီက သုတေသနပြုလုပ်ချက်ကို ရည်ညွှန်း၍ပြောကြားခဲ့သည်။

Ref: AFP


READ NEXT
Cancel OK