■ (၁)
ကမ္ဘာ့စီးပွားရေးအခြေအနေ မည်သို့နည်း။ ကမ္ဘာ့ထိပ်တန်းစီးပွားရေးပညာရှင်အများစု၏ ခန့်မှန်းချက်ထဲတွင် အနုတ်လက္ခဏာများသာတွေ့ရလိမ့်မည်။
၂၀၂၂ ခုနှစ်တစ်လျှောက်လုံး စီးပွားရေးအခက်အခဲ၊ အကျပ်အတည်း၊ ဆုတ်ယုတ်ကျဆင်းမှုများအကြောင်းများကိုသာ အပြောများခဲ့ကြ၏။ စီးပွားရေးအခြေအနေအမျိုးမျိုး ကွဲပြားခြားနားလျက်ရှိသော ကမ္ဘာ့နိုင်ငံကြီးငယ်တို့ကြားတွင် ကျင့်သုံးသည့် စီးပွားရေးမူဝါဒ၊ ကိုင်တွယ်မှုအခြေအနေ၊ ကမ္ဘာ့ရောင်းလိုအားကွင်းဆက်နှင့် ချိတ်ဆက်မှု၊ စွမ်းအင်နှင့် လောင်စာဆီအသုံးပြုမှုအခြေအနေနှင့် ထုတ်လုပ်မှုစွမ်းရည်၊ ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် ရောဂါကာကွယ်နိုင်မှုအခြေအနေ စသဖြင့်အကြောင်းအမျိုးမျိုးအောက်တွင် မတူညီသော စီးပွားရေးအခက်အခဲအခြေအနေများကို တွေ့ခဲ့ကြရသည်။
အထူးသဖြင့်၂၀၂၂ ခုနှစ်တစ်နှစ်လုံး ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေများကို ဖော်ပြသည့်သတင်းများ၊ အစီရင်ခံစာများ၌ စီးပွားရေး ဆုတ်ယုတ်မှုကို ညွှန်းဆိုသော ရီဆက်ရှင်း (Recession) စကားလုံးကို ယခင်ကထက် ပိုမိုများပြားစွာတွေ့လာရ၏။
■ (၂)
ရီဆက်ရှင်းဟု (Recession) ခေါ်သည့် စီးပွားရေးအခြေအနေဆိုးရွားမှုဆိုသည်မှာ စီးပွားရေး အဆောက်အအုံအတွင်းရှိ စီးပွားရေးလုပ်ဆောင်ချက်များအားလုံး အသင့်အတင့်ကြာမြင့်သည့်အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်း၌ နှေးကွေးနေခြင်း၊ ကျဆင်းနေခြင်းဟု ယေဘုယျမှတ်ယူနိုင်သည်။ မက်ခရိုစီးပွားရေးအဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုလျှင် ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) သုံးလတာကာလနှစ်ကြိမ်ဆက်တိုက် (ခြောက်လ) ကျဆင်းနေခြင်းဖြစ်သည်။ စီးပွားရေးကျဆင်းမှုအချိန်ကာလကြာမြင့်မှုနှင့်ပတ်သက်၍ ပညာရှင်များနှင့် သုတေသီများကြားတွင် အမြင်အမျိုးမျိုးရှိနေသည်။ မည်သို့ပင်ရှိစေကာမူ ရီဆက်ရှင်းဖြစ်ပွားနေသည့် စီးပွားရေးအဆောက်အအုံတစ်ခုကိုလေ့လာကြည့်လျှင် အမှန်ဝင်ငွေကျဆင်းနေခြင်း၊ အလုပ်လက်မဲ့အခြေအနေ မြင့်တက်နေခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းနေခြင်း၊ ဈေးကွက်များတွင် အရောင်းများ ကျဆင်းနေခြင်းနှင့် လစဉ်တွက်ချက်ထားသည့် ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ကျဆင်း နေခြင်း
ဟူသော အခြေအနေငါးရပ်ကို တွေ့ကြရလိမ့်သည်။
၂၀၂၂ခုနှစ်အတွင်း၌လည်း ကမ္ဘာ့စီးပွားရေးသည် ရီဆက်ရှင်းကြုံခဲ့ခြင်း ရှိ မရှိ ဆိုသည်ကို အမြင်အမျိုးမျိုး၊ အယူအဆကွဲပြားစွာဖြင့် သုံးသပ်နေကြ၏။ နှစ်ဟောင်းကုန်ဆုံးခါနီးအချိန်တွင်လည်း “ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်း ရီဆက်ရှင်းအခြေအနေ ရင်ဆိုင်ရခြင်းမရှိသေးပါက လာမည့် ၂၀၂၃ခုနှစ်တွင် သေချာပေါက် ကြုံလာရမည်” ဟု ဟောကိန်းထုတ်လာကြပြန်သည်။ ကမ္ဘာ့စီးပွားရေး ၂၀၂၃ ခုနှစ်တွင် ရီဆက်ရှင်း ဖြစ်နိုင်ခြေရှိလာနေပြီလော။
■ (၃)
စီးပွားရေးအစီရင်ခံစာများတွင်မူ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ အမေရိကန်၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်ပထမခြောက်လအတွင်း လုပ်သားဈေးကွက် တင်းကျပ်မှုနှင့်အတူ ရီဆက်ရှင်းကို ကြုံတွေနေရပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ရှောင်လွှဲရန်အားထုတ်နိုင်ကြလိမ့်မည်ဟု အများစုက ယုံကြည်မှုရှိနေကြ သော်လည်း တိတိကျကျ မှန်းဆမရနိုင်သေး။ လက်တွေ့အခြေအနေတွင် အမေရိကန်ဗဟိုဘဏ်နှင့် အခြားသောနိုင်ငံများမှ ဗဟိုဘဏ်များသည်အတိုးနှုန်း များလျင်မြန်စွာမြှင့်တင်နေကြသည်။ အကျိုးဆက်အားဖြင့် လာမည့် ၂၀၂၃ ခုနှစ်၌ ရီဆက်ရှင်းဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနီးပါးရှိနေသည်။ နောက်ထပ်လာမည့် နှစ်နှစ်တာအတွင်း၌လည်း ရီဆက်ရှင်းအဆင့် အတိုင်းအတာတစ်ခုဖြစ်နိုင်ခြေမှာ ၇၅ ရာခိုင်နှုန်းအထိပင်ရှိသည်ဟု နောက်ထပ်ခန့်မှန်းချက်များလည်းပေါ်ထွက်လာသည်။
■ (၄)
စွမ်းအင်စျေးနှုန်းများ မြင့်တက်မှုဒဏ်ကို အပြင်းအထန်ခံစားနေရသည့် ဥရောပဒေသ အခြေအနေမှာပိုမိုဆိုးရွားဖွယ်ဖြစ်သည်။ “အစဉ်အလာလက်ခံနေကြသည့် “ပြည်တွင်းထုတ်လုပ်မှု၊ ဂျီဒီပီ (GDP) သုုံးလဆက်တိုက် နှစ်ကြိမ်ကျဆင်းမှုဖြစ်နေပါက ရီဆက်ရှင်းဟူသော အယူအဆဖြင့်ကြည့်လျက် ဉရောပသည် ရီဆက်ရှင်းဆီသို ့သေချာပေါက်ဦးတည်သွားနေပြီဟု ခန့်မှန်းနေကြပြီ။ တရုတ်နိုင်ငံဆိုလျှင် ထိုထက်ပို၍ ဆိုးရွားနေပုံရသည်ဟု ရှုမြင်ကြ၏။ ကိုဗစ်ဇီးရိုးပေါ်လစီ (Zero Covid Policy) ကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ များဖြစ်ပေါ်ခဲ့သည်။ ယခုလည်း လုံလောက်သောကာကွယ်ဆေးထိုးမှုများကို တွန်းအားပေး၍မလုပ်ဘဲ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ရန် တရုတ်အစိုးရက လတ်တလော ဆုံးဖြတ်ချက်ချခဲ့သည် ဟုထောက်ပြဝေဖန်ကြ၏။ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ ကဏ္ဍ ပြိုလဲသွားခဲ့၏ ။ ကိုဗစ်ရောဂါကူးစက်သူ အရေအတွက်မှာလည်း ပြန်လည်မြင့်တက်လာခဲ့သဖြင့် အထူးစိုးရိမ်စရာ ဖြစ်လာသည်။
လာမည့်နှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် သမိုင်းတစ်လျှောက်ရှိခဲ့သော အရှိန်အဟုန်ထက်လျော့ကျကာ ပိုမိုနှေးကွေးမည်ဟု ခန့်မှန်းလိုက်ကြသည်။ သို့သော် နှစ်ပေါင်း ၄ဝကျော် အတွေ့ အကြုံများအရစိုးရိမ်မှုများစွာမရှိဟုလည်းဆိုထား၏။နိုင်ငံ၏ဂျီဒီပီသည် လည်း ခြောက်လ အချိန်အထိ ကြာမြင့်စွာ ကျုံ့နိုင် ဖွယ် မရှိဟု မှန်းဆထားသည်။ ၂၀၀၈ခုနှစ် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း ကာလအတွင်းက နိုင်ငံ ၏ ဂျီဒီပီမှာ ၈ရာခိုင်နှုန်းပွိုင့်အထိ ကျဆင်းခဲ့ သည့် တိုင် တရုတ်နိုင်ငံ၏ ပြည်တွင်း ထုတ် လုပ် မှု အခြေအနေသည် ဆိုး ဆိုးရွားရွား ကျုံ့သွား ခြင်းမရှိခဲ့ သည်ကို ပြန်လည်ရည်ညွန်းထားသည်။ ထို့ကြောင့် အများ လက် ခံ ထားသည့် သုံးလ နှစ်ကြိမ် ဆက်တိုက် ဂျီဒီပီ ကျဆင်းမှု ဟူသော ရီဆက်ရှင်း အဓိပ္ပါယ် ၏ညွှန်းဆိုမှုမှာ လက်ရှိ ကမ္ဘာ့ စီးပွား ရေး အဖြစ်အပျက် များ နှင့် သင့်လျော်မှု ရှိ/မရှိ ဆန်းစစ်ရန်လိုသည်ကို သတိပြုမိ လာခဲ့ကြ သည်။
■ (၅)
လက်ရှိအခြေအနေတွင် နိုင်ငံအများအပြားရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲအများစုသည် ပြင်ပအခြေအနေသက်ရောက်မှုထက် ပြည်တွင်း၌ သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ ၎င်းတို့ကိုယ်တိုင်အန္တရာယ်ကြိုတင်မှန်းဆနိုင်သည့် မူဝါဒအမှားများကြောင့်သာဖြစ်သည်ဟု ထောက်ပြကြသည်။
ဥပမာအားဖြင့် ၂၀၁၁-၂၀၂၁ ကာလများအတွင်း ဥရောပဒေသ၏ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှု အခြေအနေကို သတိထားမိနိုင်သည်။ ၁ဝနှစ်တာကာလအတွင်း ဥရောပ၏ ရုရှားနိုင်ငံမှ သဘာဝသဘာဝဓာတ်ငွေပို့ကုန်အပေါ်မှီခိုမှုမှာ တဖြည်းဖြည်းချင်း များပြားလာခဲ့ပြီး အလွန်အမင်းကြီးထွားသည့် အခြေအနေအထိဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့သော ရုရှား-ယူကရိန်းကျူးကျော်စစ်ပွဲ၏ စီးပွားရေးပိတ်ဆို့မှုအကျိုးအဆက်များဖြစ်ပေါ်လာချိန် တွင် ဥရောပစီးပွားရေးသည် ဆိုးရွားသောသက်ရောက်မှုဒဏ်ကို ခံလိုက်ရ၏။
တရုတ်နိုင်ငံ၏ အခြေအနေသည်လည်း ကပ်ရောဂါကန့်သတ်ချက်ဖြေလျှော့ရေးအစီအစဉ် မရှိဘဲ လုပ်ဆောင်ခဲ့ သည့် ကိုဗစ်-ဇီးရိုးပေါ်လစီ၏ ဆိုးကျိုးသက်ရောက်မှုခံနေရသည်။
အမေရိကန်စီးပွားရေးအဆောက်အုံထဲတွင်လည်း အမှားများစွာပြုလုပ်ခဲ့သည်ဟု ရှုမြင်ကြသည်။ အမေရိကန်အစိုးရသည် နိုင်ငံတကာအသိုင်း အဝန်းတွင် ၎င်း၏ လစ်ဘရယ်ခေါင်းဆောင်မှုကို လိုလိုလားလားပင်စွန့်လွှတ်သကဲ့သို့ ပြုမူခဲ့သည်။ နိုင်ငံတကာကုန်သွယ်ရေးကိစ္စများတွင်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (Word Trade Organization-WTO) နှင့် အဖွဲ့ဝင်များ နှစ်ပေါင်းများစွာ အချိန်ယူဆွေးနွေးညှိနှိုင်းထားသော ကုန်သွယ်မှုမူဘောင်များကို လျစ်လျူရှုလျက်လုပ်ဆောင်မှုများရှိခဲ့သည်။ သမ္မတဒေါ်နယ်လ်ထရန့်လက်ထက်က မှားယွင်းလုပ်ဆောင်ခဲ့သည့် အကောက်အခွန်ကိစ္စများကိုလည်း သမ္မတဂျိုးဘိုင်ဒင်က အနည်းငယ်သာပြန်လည်ပြင်ဆင်ခဲ့သည်။ အထူးသဖြင့် ပြည်တွင်းအကျိုးစီးပွားကို ဦးစားပေးပြုလုပ်ခဲ့သည့် အင်ဖလေးရှင်းလျှော့ချရေးအက်ဥပဒေ (Inflation Reduction Act ) တွင် ပါရှိသော အမေရိကန်ထုတ်ကုန်ကိုသာဝယ် ( Buy American) ဟူသော ပြဋ္ဌာန်းချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ စည်းမျဉ်းများနှင့် သိသိသာသာ ဆန့်ကျင်နေခြင်းဖြစ်သည်။
■ (၆)
မြင့်မားသောအတိုးနှုန်းသည်လည်း ကမ္ဘာ့စီးပွားရေးအခြေအနေတွင် အဓိကထည့်သွင်း စဉ်းစားနေရသည့် အကြောင်းဖြစ်သည်။ တဖြည်းဖြည်းမြင့်လာနေသော အတိုးနှုန်း၏ အကျိုးဆက်သည် “ပူဖောင်း” ကဲ့သို့ပင် နောက်ဆုံး၌ ပေါက်ကွဲသွားတတ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် အမေရိကန်စီးပွားရေးအဆောက်အအုံထဲတွင် စတော့ရှယ်ယာစျေးနှုန်းများသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး နောက်ပိုင်း၌ ပြန်လည်ကျဆင်းလာခဲ့သည်။ ငွေချေးစာချုပ်များ၊ အိမ်ခြံမြေကဏ္ဍနှင့် ထွန်းသစ်စဈေးကွက်များရှိ အက်ဆက်များသည်လည်း တစ်နှစ်တာလုံး ကျဆင်းခဲ့သည်။
ယခုနှစ်အစက အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် လူသိများခဲ့သည့် GameStop ကဲ့သို့ ကုမ္ပဏီများသည်လည်း ခရစ်တိုငွေကြေးများ(cryptocurrencies) နှင့် အန်အက်ဖ်တီ (NFTs ) ဈေးကွက်များထဲသို့ ဝင်ရောက်လာခဲ့ပြီး ရှယ်ယာများ (meme stocks) ရုတ်ခြည်း ထူးထူးခြားခြားဈေးနှုန်းများမြင့်တက်အလုပ်ဖြစ်ခဲ့ကြသည်။ နှစ်ဆုံးခါနီးချိန်တွင် အားလုံးပြိုလဲသွားခဲ့ကြသည်။ ကျွမ်းကျင်ပါးနပ်သည့် ရင်းနှီးမြှုပ်နှံသူများက “ဈေးအကျမှာ ဝယ်” ( buy the
dip!) ဟူ သောအိုင်ဒီယာသုံး၍ အခြေအနေဆိုးများထဲမှာပင် အခွင့်အလမ်းအဖြစ်ရှုမြင်လျက် ဝယ်ယူခဲ့ကြသည်။ သို့သော် မျှော်မှန်းသကဲ့သို့ဖြစ်မလာခဲ့ကြပေ။
■ (၇)
လာမည့် ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့စီးပွားရေးခရီးလမ်းသည် ခက်ခဲကြမ်းတမ်းလိမ့်မည်ဟု အများစုက ခန့်မှန်းနေကြသည်။ ဖြစ်လာနိုင်ခြေ ရီဆက်ရှင်းကို အသွင်သဏ္ဍန်မျိုး ပုံဖော်စဉ်းစားကြည့်ကြသည်။ စစ်ပြီးကာလက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေသည် သုံးလတာကာလ အချိန်တစ်ခုအထိ သုညအောက်အထိရှားရှားပါးပါးကျဆင်းခဲ့ဖူးသည်။ ၁၉၇၄ နှင့် ၁၉၈၁ ခုနှစ်များက ပြင်းထန်သော ရေနံရှော့ခ်၏သက်ရောက်မှုကြောင့်ဖြစ်ပွားခဲ့သော စီးပွားရေးကျဆင်းမှုများသည် ကမ္ဘာလုံးဆိုင်ရာ ရီဆက်ရှင်း အဆင့်မရောက်ခဲ့ပေ။
ထို့ကြောင့် စီးပွားရေးကျဆင်းမှုအခြေအနေဆိုးကို ကြုံတွေ့လာခဲ့သည့်ရှိသော် ယခင်ဖွင့်ဆိုထားသည့် “ရီဆက်ရှင်း အယူအဆ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြင့် တိုင်းတာအကဲဖြတ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်၊ သင့်လျော်ခြင်းရှိ၊ မရှိ သတိထားနေကြလိမ့်မည်။
သိသိသာသာဖြစ်ပွားခဲ့သည့် ရီဆက်ရှင်း ကာလများမှာပင် ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အပေါင်းလက္ခဏာ တိုးတက်မှုများရှိခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ အခြေအနေများထက် များစွာသာလွန်မှုရှိခဲ့သည်အတွေ့အကြုံများက ရှိနေသည်။
■ (၈)
အိုအီးစီဒီအဖွဲ့ကြီး (Organizaton for Economic Cooperatkon and Development-OECD) နှင့် အိုင်အမ်အက်ဖ်အဖွဲ့ (International Monetary Fund-IMF) တို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအတွင်း ကျဆင်းသွားနိုင်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာ့စီးပွားရေးသည် သုံးလတာကာလ ဆက်တိုက်ကျုံ့သွားနိုင်မည် အခြေအနေမရှိဟုလည်း အကောင်းမြင်ထားကြသည်။
■ (၉)
ဂလိုဘယ်ရီဆက်ရှင်းအခြေအနေကို ပေါ့ပေါ့ ပါးပါးသဘောထားလျက် ၂၀၂၃ ခုနှစ်တွင် မည်သို့ဖြစ်နိုင်သည်။ ဂျီဒီပီသည် ၂ ဒသမ ၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားမည် စသဖြင့် ကိန်းဂဏန်းတစ်ခုခုပေးလျက် ခန့်မှန်းနေကြခြင်းသည် အမှန်တကယ်ကြုံတွေ့တော့မည်ဟု ဆိုလိုခြင်းမဟုတ်။ ကြိုတင်မှန်းဆ ကောက်ချက်ချမှုသာဖြစ်သည်။
အကယ်၍ ရီဆက်ရှင်း ဖြစ်နိုင်ပါသလားမေးခဲ့ပါက ခန့်မှန်းချက်ဟုသာပြောရမည်ဖြစ်ပြီး ရှောင်လွှဲနိုင်ပါသလားဟုမေးခဲ့ပါကလည်း တစ်နိုင်ငံချင်း၏ စီးပွားရေးစွမ်းရည်၊ ပေါ်လစီအားထုတ်မှု အခြေအနေများပေါ်တွင် မူတည်နေလိမ့်မည်ဟုသာ မှတ်ချက်ပေးရပေလိမ့်မည်ဖြစ်ပေသည်။
https://www.theguardian.com/business/2022/dec/29/
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
