Top News

ဘူူတန်အစိုးရက ကျောင်းဆရာများကို လစာနှစ်ဆ တိုးမြှင့်ပေး
24htopnews | December 8, 2024 6:12 AM CST

နိုင်ငံအများအပြားတွင် ကျောင်းဆရာများသည် အခက်အခဲကြုံတွေ့နေကြရသော်လည်း နိုင်ငံသားများ ပျော်ရွှင်မှုအညွှန်းကိန်းဖြင့် တိုင်းတာမှုအတွက် နာမည်ကြီးနေသော ဟိမဝန္တာတောင်တန်းပေါ်မှ နိုင်ငံ ငယ်ဘူတန်တွင် လစာနှစ်ဆတိုးမြှင့်ရရှိခဲ့ကြပြီး  ကျောင်းဆရာများသည် အခက်အခဲ မကြုံကြရဟု ဆိုသည်။

အောက်လွှတ်တော်က အသစ်စက်စက် အတည်ပြုခဲ့သော အဆို ပြုချက်များအရ ဆရာလုပ်သက် ၁၀ နှစ်ရှိ သော ဆရာများအတွက် လစာသည်နှစ်ဆတိုးကာ အန်ဂူထရန် (ဘူတန်ငွေကြေး) ၄၀၀၀၀ (ဒေါ်လာ ၅၇၀) အထိ ရရှိကြမည် ဖြစ်ပြီးထောက်ပံ့ကြေးများ အပါအဝင် ရာထူးအလိုက် အကျိုးခံစားခွင့်များကိုလည်း ရရှိ မည်သည်။

လူဦးရေ ၇၅၀၀၀၀ ရှိသည့် နိုင်ငံတွင်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည်လည်း လစာတိုးမြှင့်ရရှိ ကြမည်ဖြစ်ရာ လုပ်သက်ကိုးနှစ်ရှိသူများ သည် အန်ဂူထရန် ၂၈၀၀၀ မှ ၃၇၀၀၀ အထိ ရရှိ ကြမည်ဖြစ်သည်။

သီတင်းပတ်ကုန်ရက်များတွင်ဆေးပညာ သင်ယူနေဆဲဖြစ်သော ဆရာဝန်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် လိုတေးတီရှာရင်၏လစာတိုးပေးမှုများသည် လစာကော်မရှင်၏ အကြံပြုချက်များ မှ လုံးလုံးလျားလျား ခွဲထွက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယာဉ်မောင်းများကဲ့သို့ သော ဝန်ထမ်းများကို ထောက်ပံ့ပေးမှု ပါဝင်နေသော ရာထူးအနိမ့်ဆုံး အစိုးရဝန်ထမ်းများသည် လစာ ၃၆ ရာခိုင်နှုန်းမြင့်တက် လာမည်ဖြစ်ပြီး ပထမဦးဆုံးအကြိမ် အငြိမ်းစားအကျိုးခံစားခွင့်များနှင့် အိမ်ငှားခ ထောက်ပံ့ကြေးများလည်း ရရှိကြမည် ဖြစ်သည်။   

 


READ NEXT
Cancel OK