ပေါ်တူဂီ - ပိုလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
ပေါ်တူဂီနဲ့ ခရိုအေးရှားတို့က အုပ်စုကို ဦးဆောင်နေကြပေမယ့် နှစ်သင်းစလုံးက Play-offs ဆင်းကစားရနိုင်တဲ့ အန္တရာယ်ရှိနေကြပါသေးတယ်။ ပေါ်တူဂီကတော့ ဒီပွဲမှာ ပိုလန်ဆီက (၁) မှတ် ယူလိုက်ရင် ကွာတားနေရာ စိတ်ချရပြီ။ အုပ်စုဗိုလ်နေရာအတွက်ဆိုရင်တော့ ဒီပွဲကို အနိုင်ကစားထားဖို့ လိုတယ်။ ပထမအကျော့ ပိုလန်မြေမှာတော့ ဂိုးပြတ်သွင်းပြီး နိုင်ပွဲရခဲ့တာ တွေ့ရတယ်။ ဒီပွဲမှာလည်း ပေါ်တူဂီပဲ နိုင်မှာပါ။
စကော့တလန် - ခရိုအေးရှား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
စကော့တလန်က အိမ်ကွင်းမှာ ပေါ်တူဂီကို ဂိုးမရှိသရေကစားခဲ့ပြီး၊ ပိုလန်ကို အကြိတ်အနယ်နဲ့ ကပ်ရှုံးခဲ့တယ်။ ခရိုအေးရှားကတော့ ဒီအုပ်စုမှာ ပေါ်တူဂီနောက်က (၃) မှတ်အကွာနဲ့ ကပ်လိုက်နေပြီး အမှတ်ကွာဟချက်ကို ကပ်ထားနိုင်ရင် နောက်ဆုံးပွဲမှာ အိမ်ကွင်းကစားရမယ့် အခွင့်အရေး ရှိနေတယ်။ ဒီပွဲမှာ စကော့တလန်ကို မဖြစ်မနေ အနိုင်ကစားရမယ့် အခြေအနေဖြစ်ပြီး လက်ရှိခြေစွမ်းအရ ခရိုအေးရှား ကပ်နိုင်ဖို့ ရှိတယ်။
ဒိန်းမတ် - စပိန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
စပိန်အသင်းက ကွာတားဖိုင်နယ်အဆင့်တွေကို ရောက်ဖို့ သေချာသွားပြီဖြစ်ပြီး ဒိန်းမတ်ကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်ဆိုးခဲ့ရင် Relegation Play-offs ကို ကစားရနိုင်ခြေရှိနေ တုန်းပဲ။ ဒါပေမဲ့ အုပ်စု (၄) သင်းထဲမှာ (၂) သင်းက ကွာတားဖိုင်နယ်တက်မှာဖြစ်လို့ စပိန်ရော၊ ဒိန်းမတ်ပါ ကွာတားတက်သွားဖို့ များပါတယ်။ ဆားဘီးယားက ဆွစ်ဇာလန်ကို နိုင်ပြီး ဒိန်းမတ်က အိမ်ကွင်းမှာ စပိန်ကို ရှုံးခဲ့ရင် (၇) မှတ်စီတူသွားမှာဖြစ်ပြီး နောက်ဆုံးပွဲက ဆားဘီးယားကွင်းမှာ ဒိန်းမတ် ကစားရမှာပါ။ ဒိန်းမတ်က ဒီပွဲ သရေဆိုရင်တောင် ဆားဘီးယားက ဆွစ်ဇာလန်ကို နိုင်ခဲ့ရင် စိုး ရိမ်နေရတုန်းပါပဲ။ ပထမအကျော့ စပိန်ကွင်းမှာတုန်းက ဒိန်းမတ်က (၁-ဝ) ဂိုးနဲ့ ရှုံးခဲ့ပြီး ခြေစွမ်းလည်း ကွာခဲ့တယ်။ လက်ရှိအနေအ ထားအရလည်း ဒိန်းမတ်က ခြေတက်နေပေမယ့် စပိန်ကို နိုင်ဖို့ မလွယ်ပါဘူး။ သရေကျဖို့များတယ်။
ဆွစ်ဇာလန် - ဆားဘီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
ဆားဘီးယားက ဒိန်းမတ်ကို ဖိအားပေးဖို့ အတွက် ဒီပွဲမှာ (၃) မှတ်ယူထားနိုင်ဖို့ လိုတယ်။ ပထမအကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဆွစ်ဇာလန်ကို (၂-ဝ) ဂိုးနဲ့ အနိုင်ရရှိထားတယ်။ အခု ကစားနေတဲ့ ခြေစစ်ပွဲတွေမှာ ဆွစ်ဇာလန်ရဲ့ခြေစွမ်းက မထင်မှတ်လောက်အောင်ကို ဆိုးရွားနေတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်က အဆိပ်ရှိတဲ့အသင်းဖြစ်နေဆဲပါ။ ဆားဘီးယားကို အနိမ့်ဆုံး သရေကန်နိုင်ခြေရှိပါတယ်။
■ အခြားပွဲစဉ်များ
*ဆိုက်ပရပ်စ် - လစ်သူယေးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက် ည ၁၁:၃၀ နာရီ)
*ဆန်မာရီနို - ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
လူဇင်ဘတ် - ဘူလ်ဂေးရီးယား* (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
*မြောက်အိုင်ယာလန် - ဘီလာရုစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
*ရိုမေးနီးယား - ကိုဆိုဗို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
-
■ ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
-
မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း ဒါဝင်နူးနက်ဇ် သတိပေး
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်