ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်
ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးဌာန၏ထုတ်ပြန်မှုအရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ထုတ်ဝေသူ ဦးမောင်မောင်လှ (ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေး) သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကိုလိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရသဖြင့် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် ယင်းထုတ်ဝေခြင်းလုပ်ငန်းသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ထုတ်ဝေဖြန့်ချိဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာကြောင်း သိရသည်။
၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေထားသောပြက္ခဒိန်များတွင် အများ ပြည်သူရုံးပိတ်ရက်များ မှားယွင်းဖော်ပြခဲ့သည့် ထုတ်ဝေသူများအား ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခေါ်ယူသတိပေးခဲ့သည့်စာရင်းတွင် ဦးမောင်မောင်လှ (ရွှေနိုင် ငံပိုစတာနှင့် စာပေဖြန့်ချိရေး)လည်း ပါဝင်ခဲ့ပြီး ယခုကဲ့သို့ထုတ်ဝေခွင့်ပြန်လည်ရုပ်သိမ်းခံရမှုသည် ပြက္ခဒိန်ကိစ္စရပ်နှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကွဲကွဲပြားပြားမသိရသေးပေ။
ပြန်ကြားရေးဝန်ကြီးဌာနက ပြက္ခဒိန် အချို့တွင် အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြထားမှုဖြင့် သတင်းပေးခဲ့သူများမှာ ထုတ် ဝေသူများဖြစ်သည့် ဦးမောင်မောင်လှ (ရွှေနိုင် ငံပိုစတာနှင့် စာပေဖြန့်ချိရေး)၊ ဦးလှဝင်း (ရွှေ ဝါဝင်းစာပေ)၊ ဦးအောင်မျိုးသန့် (အောင်မျိုး စာပေ)၊ ဦးမိုဟာမက်ဆာလာဟူဒင် (အစ္စလာမ့် မီးအိမ်စာပေတိုက်)၊ ဦးချစ်ဆွေ (မြတ်သဇင် စာပေ)၊ ဦးမျိုးသိန်း (ဆွေမဟာစာပေ) တို့ဖြစ်ပြီး ၎င်းတို့ကို အများပြည်သူတို့၏ ရုံးပိတ်ရက်များကို မှန် ကန်စွာဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေး မှတ်တမ်းတင်၍ ဝန်ခံကတိပြုလက်မှတ်ရေး ထိုးစေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ ဒီ ဇင်ဘာ ၄ ရက်နှင့် ၂၉ ရက်တို့သည် အများပြည် သူရုံးပိတ်ရက်မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ဖော်ပြချက်အရ သိရသည်။
ပြက္ခဒိန်ထုတ်ဝေသူများသည် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦး စီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ပညာရှင်များက ရေးဆွဲထားသည့် မြန်မာ- ရ ခိုင်- အင်္ဂလိပ် မူမှန်ပြက္ခဒိန်ပါ ရုံးပိတ်ရက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်သော အများပြည် သူတို့၏ ရုံးပိတ်ရက်များ၊ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ဝေသည့် ပြက္ခဒိန်ပါ အများပြည်သူ တို့၏ ရုံးပိတ်ရက်များအတိုင်း ဖော်ပြထုတ်ဝေရ မည်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
-
မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း ဒါဝင်နူးနက်ဇ် သတိပေး
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ နစ္စတယ်ရွိုင်းအား နေရာမပေးခြင်းအတွက် မန်ယူနည်းပြသစ် အာမိုရင်မ်အား ဆာဟာ ဝေဖန်ပြစ်တင်