ယူကရိန်းနယ်စပ်တွင် တိုက်ခိုက်လျက်ရှိသော ရုရှားစစ်သားများနှင့်အတူ မြောက်ကိုရီးယားစစ်သားများကို ဖြန့်ကြက်မှုသည် ခိုင်မာသော တုံ့ပြန်မှုကို လိုအပ်စေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကင်က နိုဝင်ဘာ ၁၃ ရက်တွင် သတိပေး ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် နေတိုး တာဝန်ရှိသူများ၊ အီးယူ တာဝန်ရှိသူများနှင့် တစ်ရက်ကြာ ဘရပ်ဆဲလ်ဆွေးနွေးပွဲ၏အစတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့် အိမ်ဖြူ တော်သို့ ပြန်ရောက်လာသည့်အခါ ယူကရိန်းအတွက် အမေရိကန်၏ အနာဂတ်အကူအညီများကို ထိခိုက်နိုင်ဖွယ်ရာရှိနေသောကြောင့် အိမ်ဖြူတော်သို့ ထရန့်ပြန်မလာမီ ယူကရိန်းအတွက် အကူအညီများ ပိုမိုပေးရေးကိစ္စကို အရေးတကြီး ကိုင်တွယ်ရန် ဘရပ်ဆဲလ်ဆွေးနွေးပွဲအား ကျင်းပခြင်းဖြစ်သည်။
နေတိုးအကြီးအကဲ မာ့ရုနှင့်ယှဉ်တွဲလျက် သတင်းထောက်များကို ပြောကြားရာတွင် ဘလင်ကင်က မိမိတို့သည် မြောက်ကိုရီးယားစစ်သားများ စစ်ပွဲထဲပါဝင်လာသည့် ကိစ္စကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းသို့ မြောက်ကိုရီးယားစစ်သားများ ပါဝင်လာခြင်းက ခိုင်ခိုင်မာမာ တုံ့ပြန်မှုကို တောင်းဆိုသည့်အနေအထား ဖြစ်လာခဲ့ပြီး ခိုင်ခိုင်မာမာ တုံ့ပြန်ရလိမ့်မည်ဟု ဆိုသည်။
မြောက်ကိုရီးယားစစ်သားများသည် ယူကရိန်းနယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့များနှင့်တူ တိုက်ပွဲဝင် စစ်ဆင်ရေးများ၌ စတင်ပါဝင်လာသည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယား စစ်သားများပါဝင်လာခြင်းက ကြီးကြီးမားမား ပဋိပက္ခမြင့်တက်လာခြင်းကို အမှတ်အသားပြုနေသည်ဟု ဆိုသည်။
မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ကျော်ကို ရုရှားအရှေ့ပိုင်းသို့ ပို့ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ၎င်းတို့ထဲက အများစုသည် အနောက်ဖျား ကာ့ရှ်အိုဘလက်သို့ သွားသည်ဆိုသည်။ ၎င်းတို့သည် ကာ့ရှ်အိုဘလက်တွင် ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင် စစ်ဆင်ရေးများကို စတင်နေပြီဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref:AFP
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်