Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ် များကိုလာမည့် သြဂုတ် ၁ ရက်တွင် ပြန်လည် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် Thai Air Asia ၏ ဘန် ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
Thai Air Asia ၏ လေကြောင်းခရီးစဉ်များကို ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ရန်ကုန်လေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅မိနစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai Air Asia ၏ လေယာဉ်အမှတ် FD252သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia(Behad)၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။
AirAsia(Behad)သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ် ကြိမ်တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် Nok Air၊ Thai Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၀ ခုနှစ် မတ် ၂၉ ရက်မှစတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ Singapore Airlines ၏ စင်ကာပူ-ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် Commercial Flight များ ဆင်းသက်မှုပြန်လည်စတင်နေပြီဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Malaysia Airlines ၊ Singapore Airlines ၊ ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် Thai Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် AirAsia(Behad) လေကြောင်းလိုင်းနှင့် ဇူလိုင် ၁ ရက် တွင် Nok Air၊ လေကြောင်းလိုင်း၊ Thai Smile လေကြောင်းလိုင်းများက ပြန်လည်ပျံသန်း ကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်း နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံမှန်ပျံသန်းနေပြီ ဖြစ်သည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်