နိုင်ငံတကာရက်သတ္တပတ်၌ အနာဂတ်အတွက် ဂွါဒီယိုလာဆုံးဖြတ်ရန် မန်စီးတီးအသင်း မျှော်လင့်
24htopnews | November 14, 2024 3:12 AM CST
မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာအနေဖြင့် နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အတွင်း၌ ၎င်း၏ အနာဂတ်ကို ဆုံးဖြတ်ရန် မျှော်လင့်နေကြောင်း သိရသည်။
ဂွါဒီယိုလာသည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုခြင်း ပြု၊ မပြုကို မဆုံးဖြတ်သေးပေ။
မန်စီးတီးအသင်းက ဂွါဒီယိုလာကို သက်တမ်းတိုးရန် အသင့်ရှိနေသော်လည်း ၎င်း၏ သဘောထားကသာ အဓိကကျနေသည့်အတွက် အကယ်၍ လမ်းခွဲမည်ဆိုပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အမြန်ဆုံးအဆုံးအဖြတ်ပေးရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဂွါဒီယိုလာ၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆိုကို ပစ်မှတ်ထားနေကြောင်းလည်း သိရသည်။
READ NEXT
-
ပြိုင်ဖက်ရုပ်သံများထက် ရွေးကောက်ပွဲနေ့တွင် လူကြည့်နည်းခဲ့ပြီးနောက် CNN က ဝန်ထမ်းရာနှင့်ချီ လျှော့ချတော့မည်
-
■ အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်မယ့် လူးဝစ်ဟောလ်
-
UEFA Nations League နဲ့ ကစားသမားနုတ်ထွက်မှု
-
စပိန်နဲ့ Nations League အုပ်စုပွဲသိမ်း
-
ပြက္ခဒိန်တစ်နှစ်အတွင်း ရိုးမားအသင်း၏ (၄)ဦးမြောက်နည်းပြအဖြစ် ရာနီရေးရီ မှတ်တမ်းဝင်ခဲ့ပြီး ရာသီကုန်အထိ ကိုင်တွယ်သွားရန် သဘောတူညီမှုရရှိ