တရုတ်သည် ယခုသီတင်းပတ်ထဲတွင် ကျင်းပမည့်လေကြောင်းပြပွဲ၌ ရေဒါရှောင် ကွင်းနိုင်သော ဂျက်တိုက်လေယာဉ်သစ်နှင့် တိုက်ခိုက်ရေးဒရုန်းများကို ထုတ်ဖော်ပြသမည်ဖြစ်ရာ တရုတ်၏စစ်လက်နက်ပစ္စည်းတိုးတက်မှုနှင့်သက်ဆိုင်သော ရှားရှားပါးပါးသဲလွန်စများကို လေ့လာဆန်းစစ်သူများနှင့် ပြိုင်ဘက်အင်အားကြီးနိုင်ငံများက အနီးကပ်စောင့်ကြည့်နေသည်ဟု သိရသည်။
တောင်ပိုင်း ကျူဟိုင်းမြို့တွင် တရုတ်၏အရပ်ဘက်နှင့်စစ်ဘက်လေကြောင်းကဏ္ဍအကြောင်း နှစ်နှစ်တစ်ကြိမ်ထုတ်ဖော်ပြသသော လေကြောင်းပြပွဲ၏အဓိကဇာတ်ကောင်မှာ J-35A တိုက်လေယာဉ်အသစ်ဖြစ်သည်။
တရုတ်သည် အမေရိကန်ပြည်ထောင်စု၊ ထိုင်ဝမ်လို ဒေသတွင်းအရေးပါသောနေရာများတွင်ရှိသော အခြားနိုင်ငံများနှင့်ရင်ဆိုင်လာရသည့်အနေအထားကြောင့် ၎င်း၏လေကြောင်း စွမ်းရည်များကို ခေတ်မီအောင် ဆောင်ရွက်ရန်၊ တိုးချဲ့ရန်အရင်းအမြစ်များကို ပုံအောသုံးစဲဲွခဲ့သည်။
တရုတ်စစ်လေယာဉ် စံချိန်တင်အရေအတွက်ကို လွန်ခဲ့သောနှစ်များတွင် တရုတ်က ထိုင်ဝမ်ပတ်ပတ်လည်သို့ စေလွှတ်ခဲ့သည်။ ကိုယ့်ဘာသာအုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က ၎င်း၏ပိုင်နက်ဖြစ်သည်ဟု ပြောဆိုထားသည်။
J-35A တိုက်လေယာဉ်သည် ဘက်စုံသုံး အလတ်စားတိုက်လေယာဉ်ဖြစ်ပြီး ရေဒါရှောင်ကွင်းနိုင်သည်ဟု ဆိုသည်။ ယင်းတိုက်လေယာဉ်နှင့်သက်ဆိုင်သော အချက်အလက်များကို နည်းနည်းသာသိရသည်ဆိုသော် လည်း J-35A သည် အမေရိကန်လုပ် F-35 တိုက်လေယာဉ်နှင့် ပုံစံတူနေသည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။
J-35A ကို ပြပွဲတွင် ခင်းကျင်းပြသခြင်းသည် ယင်းတိုက်လေယာဉ်ကို စတင်အသုံးပြုနေပြီဆိုသည်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု တရုတ်စစ်ဘက်လေကြောင်းကျွမ်းကျင်သူ ဖုကျင်ရှောင်က တရုတ်အစိုးရအ ထောက်အပံ့ပေးထားသော Globa Times သတင်းစာကို လွန်ခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။
J-35A တိုက်လေယာဉ်ကို ထုတ်ဖော်ပြလိုက်ခြင်းကြောင့် တရုတ်သည် အမေရိကန်ပြီးလျှင် ရေဒါရှောင်နိုင်သော လေယာဉ်အမျိုးအစားနှစ်မျိုးကို ပိုင်ဆိုုင်သော နိုင်ငံဖြစ်လာခဲ့သည်။
J-35A သည် တရုတ်၏လက်ရှိတိုက် လေယာဉ်မော်ဒယ်ဖြစ်သော J-20 တိုက်လေယာဉ်ထက်ပိုမိုပေါ့ပါးပြီး ဒီဇိုင်းသည်အမေရိကန်လုပ် F-35 နှင့်ပိုမိုဆင်တူသည်။
J-20 တိုက်လေယာဉ်အုပ်စုသည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အလှပြပျံသန်းပြခဲ့ပြီး ကောင်းကင်တွင် စိန်ပွင့်ပုံ သရုပ်ဖော်ပြခဲ့သည်။
အဆိုပါ တိုက်လေယာဉ် မော်ဒယ်နှစ်မျိုးကို ပေါင်းစပ်လိုက်ခြင်းသည် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်၏လေတပ်စွမ်းရည်ကို ကြီးကြီးမားမား မြင့်မားစေပြီးခြိမ်းခြောက်မှုများသော ပတ်ဝန်းကျင်များနှင့် အပြိုင်အဆိုင်များသော ပတ်ဝန်းကျင်များတွင် စစ်ဆင်ရေးများ လုပ်နိုင်စွမ်းကို သိသိသာသာမြင့်တက်လာစေသည်ဟု စစ်ရေးကျွမ်းကျင်သူ ဝမ်မင်ဇီ၏ပြောသောစကားများကို တရုတ် အစိုးရပိုင်သတင်းဌာန ဆင်ဟွာက ကိုးကား ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၏ ရေတပ်ဂျက်လေယာဉ်သည်ပြပွဲ၌ ပထမဆုံးပါဝင်လာမည်ဟုဆိုသည်။ Ref: AFP
-
ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်မှုကို ခိုင်ခိုင်မာမာ တုံ့ပြန်မည်ဟု အမေရိကန်သတိပေး
-
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
-
ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် အိန္ဒိယနိုင်ငံမှအနုပညာရှင်များ၏ လက်ရာများကို ပြသထားသည့် ''ရာမယဏပန်းချီအနုပညာပြပွဲ" ပြုလုပ်
-
ပြိုင်ပွဲစုံ (၄) ပွဲဆက်ရှုံးနိမ့်ခဲ့သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း မန်စီးတီးနောက်ခံလူ ဒီယက်စ် ပြောကြား
-
ဘာပေသည် တစ်ကမ္ဘာလုံး၏ စောင့်ကြည့်ခြင်းကို ခံနေရပြီး ဖြစ်ရပ်တိုင်းအတွက် အပြောခံရနေရသည်မှာ မလွယ်ကြောင်း ပြင်သစ်နောက်ခံကစားသမား ကိုနာတေး ပြောကြား