လျင်မြန်စွာ ရွေ့လျားနေသော မီးများကြောင့် နေအိမ်အများအပြား ဆုံးရှုံးခဲ့ရခြင်းနှင့်အတူ လော့အိန်ဂျလိစ်မြို့အနီးရှိ မြို့ငယ်၊ရွာငယ်များတစ်ဝိုက်တွင် လောင်နေသော ထိန်းချုပ်၍မရသော တောမီးမှလွတ်အောင် ထွက်ပြေးကြရန် နိုဝင်ဘာ ၇ ရက်တွင် လူထောင်ပေါင်းများစွာကို တိုက်တွန်းထား သည်ဟု သိရသည်။
တောင်စောင်းများ၊ ယာမြေများ၊နှင့် လူနေထိုင်ရာနေရာများတွင် လောင်နေသော တောမီးအသစ်များနှင့်အတူ ပြင်းထန်သော ရာသီလေများက မီးကျီးခဲများ၊မီးစများကို တောင်မီးလောင်ရာနေရာ ကာမာရီလိုမှ သုံးမိုင်အထိ ရောက်ရှိစေခဲ့သည်။
Mountain Fire ဟု အမည်ပေးထားသော တောမီးသည် နိုဝင်ဘာ ၆ ရက် စောစောပိုင်းတွင် စတင်လောင်ခဲ့ပြီးနောက် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ နောက်နေ့ဖြစ်သော နိုဝင်ဘာ ၇ ရက်တွင် တောမီးသည် ၂၀,၄၈၅ ဧကကို လောင်ကျွမ်းခဲ့သည်။ မြင့်မားလှသော မီးတောက်များသည် ခန့်မှန်း၍ မရသည့်အနေဖြင့် ခုန်ကူးနေသောကြောင့် နယ်ခံများ အလုအယက် ထွက်ပြေးခဲ့ကြရသည်။
လေကြောင်းပြောင်းလဲမှုပုံစံများက မီးသတ်သမားများ ညလုံးပေါက် မီးသတ်ရန် အခွင့်အလမ်းသာသည့် အနေအထားကို ဖြစ်စေခဲ့သည်ဆိုသော်လည်း နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် တောမီးကို ငါးရာခိုင်နှုှုန်းသာ ထိန်းချုပ်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
“ကျွန်မတို့က အဲဒီမီးတွေကို တစ်ညလုံး ထထကြည့်နေရတာဖြစ်လို့ မအိပ်ရသေးပါဘူး”ဟု အန္တရာယ်ဇုန်မှ လွတ်အောင် မိသားစုနှင့်အတူ ကားမောင်းလာသော အဲရစ်ကာ ပရီစီယာဒိုက ဒေသတွင်း ရုပ်သံဌာနတစ်ခုကို ပြောကြားခဲ့သည်။
“ဘေးကင်းတဲ့ နေရာကိုရောက်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ ဘာတွေယူရမလဲ ဆိုတာကိုတောင် မသိတော့ပါဘူး။ ကားထဲမှာတော့ အားလုံး ပါလာပါတယ်”ဟု အပြည့်အသိပ်ဖြစ်နေသော ကားကိုညွှန်ပြရင်း ၎င်းက ပြောကြားသည်။
ကနဦး စစ်ဆေးမှုများအရ အနည်းဆုံး အိမ် ၁၃၂ လုံးသည် လုံးဝပျက်စီးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး နောက်ထပ် အိမ် ၈၈ လုံးသည် မီးများကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
အမျိုးသားတစ်ဦးကမူ ၎င်းနှင့်၎င်း၏မိသားစုတို့သည် ၂၇ နှစ်နေထိုင်ခဲ့သော အိမ်ကိုပစ်ထားပြီး ထွက်ပြေးခဲ့ရသည်ဟု KTLA ရုပ်သံလွှင့်ဌာနကို ပြောကြားခဲ့သည်။ အိမ်သည် ပျက်စီးသွားပြီဆိုသည်ကို နောက်ပိုင်းတွင် သိခဲ့ရသည်ဟု ဆိုသည်။
“တစ်အိမ်လုံး ကုန်သွားပါတယ်။ အားလုံး ပါသွားပါတယ်”ဟု စိတ်လှုပ်ရှားနေသော အသံဖြင့် အမျိုးသားက ပြောသည်။
ဒွန်းဒယ်လီယွန်ကမူ ၎င်းမွေးထားသော ခွေးခြောက်ကောင်ကို ဆွဲပြီး ထွက်ပြေးခဲ့ရပုံကို ပြောပြခဲ့သည်။
“အိမ်နီးချင်းတွေရဲ့အိမ်တွေ မီးထဲပါကုန်တာကို ကျွန်မတို့ စောင့်ကြည့်နေခဲ့ပါတယ်။ ကျွန်မတို့ အဲဒီနေရာကနေ ထွက်ပြေးရတော့မယ်ဆိုတာ သိခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။
“ကျွန်မတို့ ထွက်လာခဲ့ကြပါတယ်။ ငါးမိနစ်ပဲ ကြာပါတယ်။ ကျွန်မရဲ့ဖုန်းကို ယူဖို့ပြန်သွားခဲ့ပါတယ်။ အိမ်ဟာ မီးလောင်နေပါပြီ။ တစ်အိမ်လုံး မီးထဲပါသွားခဲ့ပါတယ်”ဟု ဒွန်းဒယ်လီယွန်က ပြောကြားခဲ့သည်။
လူ ၃၀,၀၀၀ နေထိုင်ရာနေရာတွင် လောင်နေသော တောမီးကို ငြှိမ်းသတ်ရန် မိမိတို့သည် လူအင်အား၊ ပစ္စည်းအင်အားတို့ကို ပို့ဆောင်ပေးနေသည်ဟု ဗန်ကျူရာကောင်တီ မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြား ခဲ့သည်။ လေတိုက်ခတ်မှု ပုံစံအပြောင်းအလဲများကြောင့် လာမည့်ရက်ပိုင်းတွင် မီးငြိမ်းသွားနိုင်သည်ဟု မျှော်လင့်ကြောင်း ယင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၇ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွမ်သည် မီးလောင်ထားသည့် နေရာများကိုသွားခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
Ref:AFP
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်