ဘက်တစ် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ရး၃၀)
ဆယ်လ်တာဗီဂိုခုတလော ကစားပုံရော၊ တိုက်စစ်အားရော ပြန်ကျလာသလိုတွေ့ရတယ်။ အရင်ကတည်းကလည်း ဆယ်လ်တာဗီဂိုရဲ့ အဝေးကွင်းကစားအားက သာမန်လောက်ပဲရှိလို့ အိမ်ကွင်းကောင်းပြီး သမ္ဘာ၊ ၀ါလည်းပိုရှိတဲ့ ဘက်တစ်ကို ဆယ်လ်တာဗီဂို ကျော်ဖြတ်ဖို့မဖြစ်နိုင်ပါဘူး။ အိမ်ကွင်းခြေမာပြီး တိုက်စစ်ကစားပုံကောင်းတဲ့ အိမ်ရှင်ဘက်တစ်နဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။
မာယော့ကာ - အက်သလက်တီကို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၉း၄၅)
အက်သလက်တီကိုရဲ့ အဝေးကွင်းကိုတော့ သိပ်ပြီးစိတ်ချထားလို့မဖြစ်သေးဘူး။ ချန်ပီယံလိဂ်မှာလည်း ပိုရုန်းထားရလို့ မာယော့ကာနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် အက်သလက်တီကိုစိတ်ပန်းကိုယ်ပန်းရှိနေတာမျိုးလည်းဖြစ်နေနိုင်တယ်။ မာယော့ကာရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ ခံစစ်ကစားပုံမာကျောမှုကလည်း အက်သလက်တီကိုကို လွယ်လွယ်နဲ့ အနိုင်ပေးလိုက်ဖို့မရှိမှာသေချာတယ်။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။
ဂီတာဖေး - ဂျီရိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁၂းဝ၀)
ကြားရက်မှာ ချန်ပီယံလိဂ်ပွဲနွှဲထားရတဲ့ ဂျီရိုနာအတွက် သိပ်မလွယ်လှတဲ့ပွဲပါပဲ။ ဒီနှစ်သင်းတွေ့တိုင်းလည်း အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းတွေကပဲ အနိုင်ရတာများလေ့ရှိလို့ ပွဲပန်းလာတဲ့ ဧည့်သည်ဂျီရိုနာကိုမျှော်လင့်မထားတာအကောင်းဆုံးလို့ထင်တယ်။ ဂီတာဖေးကတော့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ ကြိုးစားလာမှာဖြစ်ပြီး ရာသီကုန်အဆင့်ရပ်တည်မှုအတွက် ရုန်းကန်ပါလိမ့်မယ်။ ဂီတာဖေးကပ်နိုင်သွားမယ့်ပွဲပါ။
ဗယ်လာဒိုလစ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁၂းဝ၀)
ဗယ်လာဒိုလစ်မှာ အိမ်ရှင်အားကလွဲပြီး ကျန်တာသိပ်မရှိပါဘူး။ ဒီရာသီမှာလည်း အရင်လိုအိမ်ကွင်းမာကျောမှုမျိုး ဗယ်လာဒိုလစ်မှာသိပ်မတွေ့ရသေးဘူး။ ဘီလ်ဘာအိုကတော့ ဒီရာသီကွင်းမရွေးဘဲ ကစားတတ်လာပြီး ကစားပုံ၊ ဟန်ချက်လည်း ညီနေလို့ ဗယ်လာဒိုလစ်ကွင်းမှာ အမှတ်ရအောင်ကစားနိုင်ဖို့ မခက်လောက်ဘူးထင်တယ်။ ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် အမှတ်ပိုလိုနေတဲ့ ဘီလ်ဘာအိုနဲ့ ဂိုးအများပါပဲ။
ဆိုစီဒက် - ဘာစီလိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက် နံနက် ၂း၃၀)
ပွဲကြီးတွေဆက်နေတဲ့ ဘာစီလိုနာပွဲနည်းနည်းပန်းလာတဲ့ ပုံတော့ပေါ်နေတယ်။ အက်စ်ပန်ညိုနဲ့ ပွဲဆိုရင် ဒုတိယပိုင်းကစား ပုံကျသွားသလိုတွေ့ရတယ်။ ခုလည်း ချန်ပီယံလိဂ်မှာ ဇဗက်ဒါ နဲ့ အဝေးကွင်းပွဲနွှဲပြီး ဆိုစီဒက်နဲ့လည်းအဝေးကွင်းမှာပဲဆက်ကစားရမှာဆိုတော့ ဘာစီလိုနာကိုသတိထားရတော့မယ်။ ဒီပွဲအပြီး နိုင်ငံတကာပွဲတွေပြန်ဝင်ဦးမှာဖြစ်လို့ အခုပွဲကို အင်အားအပြည့်နဲ့ပဲ ပွဲထုတ်လာနိုင်ဖို့ရှိနေပမယ့် ဆိုစီဒက်ကလည်း အိမ်ကွင်းခြေမဆိုးလှတဲ့အသင်းပီပီ ဘာစီလိုနာကို ကောင်းကောင်းတုံ့ပြန်နိုင်မယ့်ပုံပေါ်နေတယ်။ လက်ရှိလာလီဂါအသင်းတွေရဲ့ ဘာစီလိုနာနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ အဓိကအကျဆုံးမျှော်လင့်ချက်က ဂိုးပြတ်မရှုံးရေးနဲ့ ဘာစီလိုနာကိုအကောင်းဆုံးတုံ့ပြန်နိုင်ရေးပဲဖြစ်တယ်။ ဒါကြောင့် ဆိုစီဒက်လည်း အခုပွဲမှာ စိတ်ဓာတ်အပြည့်ထည့်ကန်လာမှာပါ။ ဆိုစီဒက်နဲ့ ဂိုးအနည်းပါပဲ။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း