Top News

ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက် 
24htopnews | November 10, 2024 10:12 PM CST

 

အော့စ်ဘတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၉းဝ၀)

အော့စ်ဘတ်ထက် ဟော်ဖန်ဟင်အသင်း ရပ်တည်မှုပိုမြင့်ပါတယ်။ ဒါပေမဲ့ သူတို့ကြားမှာ ရမှတ်သုံးမှတ်ပဲ ကွာခြားမှုရှိပါတယ်။ ဟော်ဖန်ဟင်မ်ပဲ ကြိုက်တယ်။



စတုဂတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁၁းဝ၀)

ကြားရက်မှာ နှစ်သင်းစလုံး ဥရောပပွဲကစားခဲ့ရပြီး ချန်ပီယံလိဂ်ပွဲကစားရတဲ့ စတုဂတ်အသင်းက ပွဲပိုပန်းနိုင်ပေမဲ့ ဖရန့်ဖတ်ထက်တော့ နားရက်ပိုရထားတယ်။ ဒါပေမဲ့ စတုဂတ်ကွင်းမှာ ဖရန့်ဖတ်အသင်းက ပြီးခဲ့တဲ့ရာသီကလွဲလို့ အများစုရလဒ်ကောင်းခဲ့တာ တွေ့ရတယ်။ လက်ရှိမှာလည်း စတုဂတ်အသင်းထက် ဖရန့်ဖတ်က ရပ်တည်မှုပိုမြင့်နေပါတယ်။ ဖရန့်ဖတ်နဲ့ စွန့်စားတာပိုကောင်းမယ်။

■ ဖရန့်ဖတ်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါအဝေးကွင်း (၅)ပွဲတွင် (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ် ရရှိထားပြီး ဒေါ့မွန်နှင့် လေဗာကူဆင်အသင်းတွေကိုသာ အရေးနိမ့်ထားခဲ့သည်။



ဟိုင်းဟိုင် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက် နံနက် ၁းဝ၀)

ဟိုင်းဟိုင်အသင်း နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲမရှိ ဖြစ်နေတယ်။ ဒီပွဲလည်း ဟိုင်းဟိုင်အသင်း သရေကျဦးမယ်ထင်တယ်။


READ NEXT
Cancel OK