မန်ယူ - လက်စတာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
မန်ယူနိုက်တက်က လက်စတာကို သိပ်မကြာသေးခင်ကပဲ ဂိုးပြတ်နိုင်ထားတယ်။ နစ္စတယ်ရွိုင်းပွဲဦးထွက် ကိုင်တွယ်တဲ့ ဖလားပွဲမှာ ၅-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်ထားပြီး ဒီပွဲအတွက်လည်း ယုံကြည်မှု မြင့်မားနေလိမ့်မယ်။ လက်ရှိ မန်ယူရဲ့ ကစားပုံကမဆိုးဘူးလို့ ပြောလို့ရသလို၊ ကစားသမားတွေလည်း တော်တော်လေးစုစုစည်းစည်း ရှိလာတယ်။ ဒီပွဲမှာလည်း မန်ယူနိုက်တက် နိုင်ပွဲယူပါလိမ့်မယ်။
နော်တင်ဟမ် - နယူးကာဆယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
အသင်းကောင်းနှစ်သင်းရဲ့ ပွဲဖြစ်ပြီး နှစ်သင်းစလုံး ကစားဟန်လည်း ဆင်တယ်။ နော်တင်ဟမ်ကတော့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ တက်လာခဲ့တာကို တွေ့ရတယ်။ နှစ်သင်းစလုံးက အားကောင်းတဲ့ တောင်ပံတွေနဲ့ Hold-up Play ကို ကောင်းကောင်းကစားနိုင်တဲ့ တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတယ်။ ခံစစ်လည်း မာကျောတယ်။ သရေကျဖို့ များတယ်။
စပါး - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
အစ်ဝစ်ချ်က ဂိုးတွေ သွင်းနိုင်တဲ့အသင်းမျိုးဖြစ်ပြီး စပါးကလည်း ကစားပုံကောင်းသလို တိုက်စစ်က ဂိုးရလွယ်တယ်။ စပါးအသင်းရဲ့ တိုက်စစ်ဆင်ပုံကို ဂိုးပေးနှုန်းများတဲ့ အစ်ဝစ်ချ်ခံစစ်က ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အစ်ဝစ်ချ်ကလည်း စပါးကို ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မျိုး ရှိတယ်။ ရေရှည်မှာတော့ တိုက်စစ်ပိုင်း ပိုထက်မြက်ပြီး၊ Clinical ပိုဖြစ်တဲ့ စပါးပဲ အသာစီးယူသွားမှာပါ။ စပါး ၃-၁ လောက်ဖြစ်နိုင်တယ်။
ချယ်လ်ဆီး - အာဆင်နယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁၁းဝ၀)
အာဆင်နယ်အသင်းရဲ့ လက်ရှိခြေစွမ်းက နိမ့်ပါးနေချိန်မှာ ချယ်လ်ဆီးကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင်နယ်ကွင်းမှာ ဂိုးမိုးရွာပြီး အနိုင်ရခဲ့ပေမယ့် ချယ်လ်ဆီးကွင်းမှာတော့ အကြိတ်အနယ်ကစားပြီး ၂-၂ ဂိုးစီသရေကျခဲ့တယ်။ ချယ်လ်ဆီးကဒီရာသီမှာ ပိုကောင်းလာသလို၊ ကစားသမားအင်အားလည်း တောင့်တင်းတယ်။ အာဆင်နယ်ကို အဖက်ဖက်က ဒုက္ခပေးနိုင်တဲ့အသင်းမျိုးလည်းဖြစ်တယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံး၊ တစ်ပွဲ သရေကျခဲ့ပြီး ခြေစွမ်းပိုင်းအရဆိုရင်တော့ နိုင်ပွဲတွေရရှိခဲ့တဲ့ အချိန်တွေကတည်းက အာဆင်နယ်က နည်းနည်းလေးကျဆင်းနေတဲ့ အခြေအနေမှာ ရှိနေတယ်။ ချယ်လ်ဆီးမှာ ကိုးလ်ပါမာ ဒဏ်ရာရနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိ အခြေအနေအရတော့ ကိုးလ်ပါမာ မပါလည်း အစားထိုးစရာကစားသမားတွေရှိနေတဲ့ ချယ်လ်ဆီးကို ကြိုက်တယ်။
■ ယင်း (၂)သင်းတွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
■ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၁၂)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၈)ပွဲအနိုင်ရခဲ့သလို၊ (၃)ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲမှာလည်း (၅)ပွဲရိ်ှခဲ့သည်။
■ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၈)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း