နိုင်ငံကူးလက်မှတ် PV အမျိုးအစားမှ PJ အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားလာ ပါက အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အထောက်အထားဖြင့် လက်ခံဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံး၏ အသိပေးထုတ်ပြန်မှုအရ သိရသည်။
ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများသည် Passport for Job (PJ) အမျိုးအစားလျှောက်ထားရမည့်အစား Passport for visit (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်များလျှောက်ထားပြီး ထွက်ခွာကြသဖြင့် လေဆိပ်တွင် အဆင်မပြေမှုများဖြစ်ပေါ်နေမှု ဖြစ်ပေါ်နေကြောင်း အောက်တိုဘာ ၂၇ ရက်ထုတ်ပြန်မှုအရ သိရသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်အကိုင်ဆိုင်ရာ အထောက်အထားဖြင့် ၎င်းတို့၏သက်တမ်းရှိ PV အမျိုးအစားအား PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလျှောက်ထားမှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နိုဝင်ဘာ ၄ ရက်က စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများရရှိရန်အတွက်အလုပ်(Passport for Job -PJ) လျှောက်ထားသူအားလုံးတွင် ပါရှိရမည့် အထောက်အထားပြည်ပအလုပ်အကိုင်အတွက်လျှောက်ထားလိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် မိတ္တူ(၂)စုံ၊ အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ၊ UID နံပါတ်ပါ Smart Card (မူရင်း)နှင့် မိတ္တူ(၂)စုံ၊ အလုပ်သမားများ၏ ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)တို့ပါရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား ၇ ခုရှိပြီး ယင်းတို့မှာ အလည်သွားရောက်ရန်အတွက် အလည်အပတ်Passport for visit (PV) ၊သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်အတွက် သဘောင်္သား(Passport for Seaman-PS) ၊ ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍လေ့လာခြင်း၊ အစည်းအဝေးများတက်ရောက်ခြင်းအတွက် စီးပွားရေး(Passport for Business-PB)၊သင်တန်းများ၊ ကျောင်းများတက်ရောက် ရန်အတွက် ပညာရေး (Passport for Educati on- PE)၊ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့် အရေးများ ရရှိရန်အတွက်အလုပ်(Passport for Job -PJ)၊ ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘာသာရေး(Passport for Religious -PR)၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအား မှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက် မှီခို(Passport for Dependent -PT)တို့ဖြစ်ကြောင်း သိရသည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း