Top News

မတ်တပ်ပွဲကြည့်စင်များကို မန်စီးတီးကွင်း၌ စတင်တည်ဆောက်
24htopnews | November 10, 2024 3:12 AM CST

 

မန်စီးတီးအသင်းသည် ၎င်းတို့၏ အီတီဟတ်ကွင်း၌ မတ်တပ်ပွဲကြည့် စင် (Rail Seats) များကို စတင်ထည့်သွင်းတည်ဆောက်နေကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံတွင် ပရိသတ်များ အန္တရာယ်ကင်းရှင်းစေရန်အတွက် Rail Seats များကို ၁၉၉၀ ဝန်းကျင်နှစ်များကတည်းက ပိတ်ပင်ထားပြီး ယခုအခါ ကလပ်အသင်းများက ပြန်လည်အသုံးပြုခွင့်ပေးရန် အစိုးရထံ တောင်းဆိုလျက်ရှိနေကြသည်။

ဗြိတိန်အစိုးရအနေဖြင့် ပြန်လည်ခွင့်ပြုချက်ပေးရန် နီးစပ်နေပြီး စပါး၊ ဝုလ်ဗ် အစရှိသောအသင်းများမှာလည်း ၎င်းတို့၏ကွင်းများတွင် Rail Seats များ တပ်ဆင်ထည့်သွင်းထားကြသည်။


READ NEXT
Cancel OK