ယူကရိန်းနှင့် အနောက်နိုင်ငံများကအ တုအယောင်ဖြစ်သည်ဟု ရှုတ်ချထားသော မဲဆန္ဒခံယူပွဲများကို ကျင်းပခဲ့ပြီးနောက် မိမိတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ဒေ သများကိုသိမ်းသွင်းရန် ယူကရိန်းရှိ ရုရှားကျောထောက်နောက်ခံပြုတာဝန်ရှိသူများ ကစက်တင်ဘာ ၂၈ ရက်တွင်သမ္မတဗလာ ဒီမာပူတင်ကို မေတ္တာရပ်ခံခဲ့သည်။
ဆိုခဲ့ပါဒေသများသည် နယ်မြေသိမ်းသွင်းမှုကို ထောက်ခံသည့်အနေဖြင့် မိမိသဘောဆန္ဒအလျောက် လွတ်လပ်သော ရွေးချယ်မှုကို လုပ်ခဲ့ကြသည်ဟု စက်တင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ဒိုးနက်တွင်ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ဒိုးနက်ပြည်သူ ၉၉.၂၃ ရာခိုင်နှုန်းက ရုရှားနှင့် ပေါင်းစည်းရန် ရွေးချယ်ခဲ့သည် ဟု ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် လူဟန်ဒေသတွင် လူထုထောက်ခံမှု ၉၈.၄၂ ရာခိုင်နှုန်း၊ ခါဆန်ဒေသတွင် ထောက်ခံမှု ၈၇.၅ ရာခိုင်နှုန်းနှင့် ဇာပိုရီရှားဒေသတွင် လူထုထောက်ခံမှု ၉၃.၁၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု ရုရှားအစိုးရပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရုရှားအစိုးရက ခန့်အပ်ထားသော တာဝန်ရှိသူများက စက်တင်ဘာ၂၇ ရက် နှောင်းပိုင်းတွင် ရလဒ်များကို ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားကို ပိတ်ဆို့မှုများ ပိုမိုပြုလုပ်ရန် ယူကရိန်းက ဥရောပသမဂ္ဂ (အီးယူ)ကို တောင်းဆိုလိုက်ပြီး ရှေ့ တန်းသို့ လက်နက်များပိုမိုပို့ပေးရန် နေတိုးကိုဆော်သြခဲ့သည်။
ယခုလအတွင်းတွင် နယ်မြေအများအပြားကို ပြန်လည်သိမ်းယူခဲ့သော ယူကရိန်းတန်ပြန်ထိုးစစ်မှ နယ်မြေများကို ကာကွယ်ရာတွင် နျူကလီးယားလက်နက်ကို မိမိတို့ အသုံးပြုနိုင်သည်ဟုရုရှားက ထပ်တလဲလဲ သတိပေးမှုများရှိနေလင့်ကစား ယူကရိန်း၏ အထက်ပါ မေတ္တာရပ်ခံမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“မိမိတို့တိုင်းပြည်ရဲ့ဒေသမှန်သမျှကို သိမ်းယူဖို့ ရုရှားရဲ့ကြိုးပမ်းမှုမှန်သမျှကို ယူကရိန်းကသည်းမခံနိုင်ပါဘူး။ သည်းခံမှာလည်း မဟုတ်ပါဘူး”ဟု ယူကရိန်းသမ္မတဗို လိုဒီမာဇယ်လန်းစကီးက ပြောကြားသည်။
ဥရောပကော်မရှင်က ယူရိုခုနစ်ဘီလျံ ရှိသော ရုရှားပို့ကုန်များကို ပစ်မှတ်ထားသော လောလောလတ်လတ် ပိတ်ဆို့မှုများချမှတ်ရန်လည်းကောင်း၊ ရေနံစျေးကန့်သတ်မှု လုပ်ဆောင်ရန်လည်းကောင်း၊ ခရီးသွားလာမှု ကန့်သတ်စာရင်းတွင် ရုရုားတာဝန်ရှိသူများကို ပိုမိုထည့်သွင်းရန်လည်းကောင်း၊ ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းများလုပ်ဆောင်ရန်လည်း ကောင်းအဆိုပြုခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်လစ်ထရက်စ်နှင့် ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုတို့က ဆန္ဒခံယူပွဲများကို အလေးမထားရန် ပြောကြားခဲ့ကြပြီး ယူကရိန်းကို ထပ်မံပံ့ပိုးရန် ကမ်းလှမ်းခဲ့ကြသည်။
လူဟန်ဒေသသည် ပူတင်ကြားဝင်ရန် မေတ္တာရပ်ခံသည့် ယူကရိန်း၏ ပထမဆုံး ရုရှားထိန်းချုပ်ဒေသဖြစ်ပြီး ၎င်းဒေသ၏ နောက်တွင် မကြာခင်က သိမ်းပိုက်ခဲ့သော တောင်ပိုင်းဒေသများဖြစ်သည့် ဇာပိုရီရှားနှင့် ခါဆန်တို့ ကပူတင်ကို အသီးသီးမေတ္တာရပ်ခံသောဒေသများဖြစ်လာသည်။
“ကျွန်တော်တို့ရဲ့နယ်ခံတွေဟာ သမိုင်း တွင်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့ကြပါတယ်။ ရုရှားပြည်ထောင်စုရဲ့လူမျိုးစုံအစိတ်အပိုင်းမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ခါ ဆန်ဒေသတွင် ရုရှားခန့်အပ်ထားသောခေါင်းဆောင် ဗလာဒီမာဆယ်ဒိုက လူမှုမီဒီယာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
-
■ ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
-
မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း ဒါဝင်နူးနက်ဇ် သတိပေး
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်