ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၄)မှာ စပို့တင်းလစ္စဘွန်းက ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးကို (၄-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ အဲဒီပွဲမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး ယိုကယ်ရက်စ်က ဟက်ထရစ်သွင်းပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ခဲ့တယ်။ တကယ်လည်း ယိုကယ်ရက်စ်ဟာ အဲဒီပွဲရဲ့ ခြွင်းချက်မရှိ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ခံစစ်မှာ ကျောက်ဆောင်သဖွယ် ပုံစံကောင်းပြခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အိုင်ဗရီကို့စ် လူငယ်နောက်ခံလူ အူစမန်ဒီယိုမန်ဒီ ဆိုသူပါပဲ။ မန်စီးတီးအသင်းရဲ့ ကမ္ဘာ့အဆင့် ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကို ဒီယိုမန်ဒီ ထိန်းချုပ်ကစားသွားပုံက အထင်ကြီးစရာအရမ်းကောင်းပြီး ကျွမ်းကျင်သူတွေအနေနဲ့လည်း သူ့ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတယ်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်