ကချင်ပြည်နယ်၊နမ္မတီးမြို့နှင့် မိုးညှင်းမြို့တွေမှာ စက်တင်ဘာ ၂၁ ရက်က မိမိကိုယ်ကို အဆုံး စီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မိုးကောင်းမြို့နယ်၊နမ္မတီးမြို့၊ရှုခင်းသာအနီး လယ်တောတဲတစ်ခုတွင်အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ စက်တင်ဘာ ၂၁ ရက် မနက် ၇ နာရီခန့်က ပိုးသတ်ဆေးသောက်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းဝင် တစ်ဦးက ဆိုပါသည်။
ယင်းဖြစ်စဉ်တွင် အမျိုးသမီးမှာလွန်ခဲ့သော နေ့က အမျိုးသားနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ပိုးသတ်ဆေးသောက်သည့် ပမာဏ များသည့်အခြေအနေဖြစ်ကြောင်း၊ဆေးရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း ဖွင့်ပြီးနောက် အလောင်းကို နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးညှင်းမြို့တွင်လည်း စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်တွင် မိုးညှင်းမြို့၊အောင်ချမ်းသာရပ်ကွက်ရှိ သံတိုသံစ ရောင်းဝယ်သည့် အသက် သုံးဆယ်အရွယ် ဦးပြည့်ဖြိုးအောင်ဆိုသူမှာ နေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မေတ္တာလေညှင်း လူမှုရေးအသင်းဝင် တစ်ဦးက ဆိုသည်။
ယင်းက '' အိမ်ကတော့ ငှားနေကြတာပါ ။ဇနီးနှင့် ကိုးနှစ်၊ဆယ်နှစ် မိန်းကလေး တစ်ယောက်၊ယောကျ်ားလေး တစ်ယောက်ကျန်ရစ်တယ်။ ဘာကြောင့်ဆိုတာတော့ မသိဘူး။ဆေးရုံပို့၊သေမှုသေခင်းဖွင့် ။အိမ်ပြန်ပို့ပေးတယ်။ အခုနေ့လည်၂ နာရီမှာ သဂြို င်္ဟ်ပြီး ပြန်လာတာပါ''ဟု ဆိုသည်။
သေဆုံးသူသည် မိုးညှင်းဇာတိမဟုတ်ပဲ စစ်ကိုင်းတိုင်းဒေသကြီး ၊ပုလဲမြို့နယ်မှ မိသားစုလိုက်လာရောက်ကာ သံတို၊သံစ၊ဗူးခွံများ အရောင်းအဝယ်ပြုလုပ်နေကြသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် သေကြောင်းကြံစည်မှုကြောင့် သေဆုံးမှုနှုန်း၊အဆိပ်မိခြင်းကြောင့် သေဆုံးမှုနှုန်း၊ယာဉ်ထိခိုက်မှုကြောင့် သေဆုံးမှုနှုန်း စသည့် Sustainable Development Goals အညွှန်းကိန်းတွင် ပါဝင်သော ထိခိုက်မှုဆိုင်ရာကြောင့် သေဆုံးမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သုံးနှစ်တာ အတွင်း ပြောင်းလဲတိုးတက်မှု အခြေအနေ မှတ်တမ်းတွင် ဖော်ပြထားသည်။
ထွန်းလင်းအောင် (မြစ်ကြီးနား)
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်