ပုံစာ - အမျိုးသား နှစ်ဦး သေနတ်ဖြင့် အပစ်ခံ ရသည့်နေရာဝန်းကျင်ကို တွေ့ရစဉ်
မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်းနှင့် ပါမောက္ခလမ်းသွယ်ထောင့်တွင် အမျိုးသား နှစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး တစ်ဦးသေ ဆုံးမှု စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ် ပွားခဲ့သည်။
စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲ ကျော်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနှင့် ပါမောက္ခ လမ်းသွယ်ထောင့်တွင် စကားပြောနေသည့် အမျိုးသားနှစ်ဦးကို လူတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ နေရာအနီး နေထိုင်သူများမှ သိရသည်။
“အပစ်ခံရတဲ့ နှစ်ယောက်က လမ်း ထောင့်မှာ စကားပြောနေတာ။ အဲဒီအချိန် အမျိုးသားတစ်ဦးက သေနတ်နဲ့လာပစ်သွား တာပါ။ သေနတ်သံတော့ ကြားလိုက်တယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြော ကြားသည်။
သေနတ်ဖြင့် အပစ်ခံရသူနှစ်ဦးမှာ အသက်၂၀ ကျော်အရွယ်များဖြစ်ပြီး တစ်ဦး မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။
“နှစ်ယောက်စလုံးက ၂၀ ကျော်လေး တွေပါ။ တစ်ယောက်က အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်။ နောက်တစ်ယောက်က တော့ သိပ်မထိဘူးလို့ သိရတယ်” ဟု အဆိုပါ နေရာအနီး နေသူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားပြီးနောက်တွင် ရဲတပ်ဖွဲ့ ဝင်များက အခင်းဖြစ်ပွားရာနေရာအနီး နေ ထိုင်သူများအား လိုက်လံစုံစမ်းစစ်ဆေးနေ သည်ကို တွေ့မြင်ခဲ့ရသည်။
ထို့အတူ သာကေတမြို့နယ်၊ ၄/ မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရမှု စက် တင်ဘာ ၂၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၂၀ ရက် ည ၇ နာရီခွဲခန့် တွင် သာကေတမြို့နယ်၊ ၄/မြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် အောင်ဇေယျလမ်းနှင့် အောင်ရတနာလမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်တွင်ထိုင်နေစဉ် သေနတ်ဖြင့် အပစ်ခံရ ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် သေနတ်သံများ ကြားခဲ့ရကြောင်း၊ သေဆုံးသူ အုပ်ချုပ်ရေးမှူး မှာ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး မြို့နယ် အရန်မီးသတ်တပ်ဖွဲ့တွင်လည်း တာဝန်ထမ်း ဆောင်နေသူဖြစ်ကြောင်း ရပ်ကွက်နေသူများ ထံမှ သိရသည်။
၄/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ နားထင် ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။
အလားတူ သာကေတမြို့နယ်၊ ၂/ တောင်ရပ် ကွက်၊ ဇောတရုံလမ်းနှင့် မာန်ပြေ (၁) လမ်း အနောက်လမ်းဆုံတွင် စက်တင် ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဇောတရုံ လမ်းကို ပိတ်ထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက အနီးဝန်းကျင်ကို စစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့ နယ်၊ အောင်ဇေယျတံတားအဆင်း ညာဘက် ခြမ်းရှိ (၃) ရပ်ကွက်၊ အောင်ချမ်းသာလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်တွင် ရာအိမ်မှူး တစ် ဦး စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ရာအိမ်မှူး မှာ ဦးဇော်လင်းဆိုသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သမိန် ဗရမ်းလမ်းထောင့် ကြွေပြားဂိုဒေါင်အနီးတွင် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက် လံ ပစ်ခတ်ခဲ့ကြောင်း ရပ်ကွက်နေသူများ၏ ပြောကြားချက်အရ သိရသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်