ဗင်နီဇီယာ - ပါးမား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၈:၃၀ နာရီ)
တန်းတက် (၂)သင်း တွေ့ဆုံကြတဲ့ပွဲဖြစ်ပေမဲ့ ပါးမားက ပိုကောင်းတဲ့အသင်းဆိုတာ ငြင်းလို့မရဘူး။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ဗင်နီဇီယာ တည်ငြိမ်လာတာကိုတော့ သတိပြုရပါမယ်။ ဗင်နီဇီယာကို ကြိုက်တယ်။
ကာဂလီယာရီ - အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၁၁:၃၀ နာရီ)
ကာဂလီယာရီက စီးရီးအေနောက်ဆုံး (၃)ပွဲဆက်ရှုံးပြီး အဲဒီ (၃)ပွဲမှာ တိုက်စစ်က (၁)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ အေစီမီလန်ကတော့ ကာဂလီယာရီနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲဆက် အနိုင်ကစားခဲ့တယ်။ သွင်းဂိုးတွေလည်း မြူးခဲ့တယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တာကြောင့် အေစီမီလန်အသင်း စိတ်ပိုင်းဆိုင်ရာယုံကြည်မှုမှာပါ အမြင့်ဆုံးရောက်နေလိမ့်မယ်။ အေစီမီလန် အနိုင်သေချာတယ်။
ဂျူဗင်တပ်စ် - တိုရီနို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် နံနက် ၂:၁၅ နာရီ)
တူရင်ဒါဘီရဲ့ နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေကိုကြည့်ရင် သွင်းဂိုးတွေကို သိပ်ပြီးများများစားစား မတွေ့ရတော့ဘူး။ အထူးသဖြင့် နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ တိုရီနိုရဲ့တိုက်စစ်က အတော်လေး ရုန်းကန်လာရတယ်။ လက်ရှိ ရလဒ်ပိုင်းနဲ့ ခြေစွမ်း ကိုကြည့်ရင်လည်း တိုရီနိုက အတော်လေး စိတ်ပျက်စရာကောင်းနေတယ်။ ကိုမိုကို နိုင်ခဲ့တဲ့ပွဲကလွဲလို့ စီးရီးအေနောက်ဆုံး (၆) ပွဲမှာ (၅)ပွဲအထိ ရှုံးခဲ့တယ်။ ဒါကြောင့် ဒါဘီပြိုင်ဘက် ဂျူဗင်တပ်စ်ရဲ့ကွင်းမှာ တိုရီနိုအတွက် မျှော်လင့်စရာသိပ်ရှိမှာ မဟုတ်ဘူး။ ဂျူဗင်တပ်စ်ရဲ့အနိုင်က ပြတ်သားသွားနိုင်တယ်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်