Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၁၀,၀၀၀ ကျော်သွားခဲ့
24htopnews | November 8, 2024 11:12 AM CST

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဧပြီ ၆ က ၁၀,၀၀၀ ကျော်သွားခဲ့ပြီး ကမ္ဘာတွင် ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ သေဆုံးသူဦးရေ တဖြည်းဖြည်း မြင့် တက်ခဲ့ပြီး လူသန်းပေါင်းများစွာသည်လည်း စီးပွားရေးအကျပ်ဆိုက်မည့်အလားအလာကို ရင်ဆိုင်နေရပြီဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုသည် အဆိုးဆုံး အခြေအနေကို မရောက်သေးကြောင်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြား ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေသည် ဧပြီ ၆ နှောင်းပိုင်းအထိ ၃၆၈,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၀,၉၈၆ ဦး ရှိခဲ့ကြောင်း ဘော်တီမိုးအခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြောကြားခဲ့သည်။

လူ ၁၆,၅၂၃ သေဆုံးထားသော အီတလီနှင့် ၁၃,၃၄၁ ဦးသေဆုံးထားသော စပိန် နှစ်နိုင်ငံသာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အမေရိကန်ထက် ပိုများတော့သည်။

အမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်သော နယူးယောက်၌ မျှော်လင့်ချက် အနည်းငယ် ရှိလာခဲ့သည်။ လူ ၄,၇၅၀ ကျော် သေဆုံးထားသော နယူးယောက်တွင် နှစ်ရက်ဆက်တိုက် သေဆုံးသူ နည်းသွားခဲ့ ကြောင်း နယူးယောက် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက ပြောကြားခဲ့သည်။ ဧပြီ ၄ က လူ ၆၃၀ သေဆုံးခဲ့ပြီးနောက် နယူးယောက်တွင် ဧပြီ ၅ ၌ ၅၉၄ ဦးနှင့် ဧပြီ ၆ တွင် ၅၉၉ ဦး သေဆုံးခဲ့ကြောင်း စာရင်းအင်းများက ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်း ဆိုးရွားမှု လျော့ကျသွားသော်လည်း ကျောင်း များ ပိတ်ထားရန် နယူးယောက် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့ပြီး မရှိမဖြစ် မဟုတ်သော စီးပွားရေး လုပ်ငန်းများကို နောက်ထပ် သီတင်းပတ် သုံးပတ် ပိတ်ထားရန် ညွှန်ကြား ထားကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ နယူးယောက်ဆေးရုံများသို့ လူနာသစ်များ ရောက်ရှိမှု နေ့စဉ် လျော့ကျလာနေပြီး အသက်ရှူ ကူစက် လို အပ်သော စိုးရိမ်ရ လူနာအရေအတွက်လည်း သိသိသာသာ လျော့ကျသွားကြောင်း ကူမို က  ပြောကြားခဲ့သည်။

မျှော်လင့်ချက် လင်းလက်လာသော် လည်း တင်းကျပ် ကန့်သတ်ထားမှုများကို လျှော့ချရန် စောလွန်းသေးကြောင်း ကူမိုက ပြောကြားခဲ့သည်။ တရုတ်တွင် ဒီဇင်ဘာက စတင် ထွက်ပေါ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူ ၇၅,၀၀၀ နီးပါး သေဆုံးထားပြီး ဖြစ်ကြောင်း အေအက်ဖ် ပီက ပြုစုထားသော စာရင်းများက ဆိုသည်။

လူအချင်းချင်း ခွာခွာကင်းကင်း နေထိုင်သည့် စည်းကမ်းကို တင်းကျပ်စွာလိုက် နာသည့်တိုင် အမေရိကန်တွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် လူ ၁၀၀,၀၀၀ မှ ၂၄၀,၀၀၀ အထိသေဆုံးနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

အမေရိကန်၏ပြည်နယ် ကိုးပြည်နယ် တွင် အလုံးစုံ ပိတ်ဆို့ကန့်သတ်ထိန်းချုပ်မှု ကို အကောင်အထည် မဖော်သေးသည့်အတွက် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ က စိတ်ပျက်နေကြသည်။ ယင်းပြည်နယ် များသည် ရီပတ်ဘလီကင်တို့ အုပ်ချုပ်နေသော ပြည်နယ်များ ဖြစ်ကြသည်။

ဗိုင်းရပ်စ် ကူးစက်မှု အလားအလာကို ခန့်မှန်းသော လေ့လာချက်တစ်ခုအရ အမေ ရိကန်တွင် သြဂုတ် အစောပိုင်းထိ ကာလ အတွင်း ၈၂,၀၀၀ ခန့် သေဆုံးနိုင်ကြောင်း ယခင်ခန့်မှန်းထားသည်ထက် ၁၂ ရာခိုင်နှုန်း နည်းသွားကြောင်း ၀ါရှင်တန်တက္ကသိုလ်က ခန့်မှန်းချက် ထုတ်ပြန်ခဲ့သည်။   

 

 

 


READ NEXT
Cancel OK