ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အတွင်း နိုဝင်ဘာလ (၅) ရက်နေ့ ညပိုင်းအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
နိုဝင်ဘာ ၅ ရက်နေ့ ည ၇ နာရီခန့်က သိမ်ဇရပ်မြို့၊ မြရတနာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်မှ ဒေါ်ခင်မြင့် ဆိုသူအမျိုးသမီးတစ်ဦးမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်ပွားပြီးချိန်တွင် သေဆုံးခဲ့ကြောင်းမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒေါ်ခင်မြင့်ရဲ့ မြေးဖြစ်သူ အသက် (၁၇) နှစ်အရွယ် မလဲ့လဲ့စံ မှာလည်း ဘယ်ဘက်လက်နဲ့ ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ကိုတော့ သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပေးပါတယ်” ဟု ပြောကြားသည်။
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း လက်နက်ကြီးများ မကြာခဏကျရောက်ပေါက်မှုများရှိကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၂) ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်တစ်လုံးပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား