မြန်မာနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားစေရန် ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးလှုံ့ ဆော်မှုများရှိနေပြီး ယင်းသွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်း ရှိ အမျိုးသားဇာတ်ရုံတွင် နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် ဒီပါဝလီ အထိမ်းအမှတ်အခမ်း အနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ ခြင်းလည်း ဖြစ်သည်။
ယင်းအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရ ဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြ သူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ ယုံကြည်ရာဘာသာတရားကို အ ခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန် အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ၀ိုင်းဝန်းသယ်ပိုးသွား ကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အ ချိန်တွင် မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိ ပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်း ကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူ မျိုးရေး၊ ဘာသာရေးစသည့် လှုံ့ဆော်မှုအမျိုး မျိုးကို အခြေခံနေသည်ကိုတွေ့ရကြောင်း၊ ယင်း သို့ သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအ တွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာ ကျူးလွန်နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲ နေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူ ညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင် ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် မွေးပြီး နေကြရန်လိုကြောင်း၊ ယနေ့အချိန် တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင် ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအ တွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်း ပြီး မိမိတို့အားလုံး သွားလိုသည့်လမ်းကြောင်း ပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ၀ိုင်း ဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြော ကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည်မှန်သော်လည်း အဆို ပါ မတူကွဲပြားမှုများကို စုစုစည်းစည်းရုံးနိုင် ြ ခင်းကသာ အင်အားကို ဖြစ်စေကြောင်း၊ ထို ကဲ့သို့ စုစည်းသည့်အင်အားရရှိစေရေး မိမိ ကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိအနေဖြင့် မြန်မာပြည်ဖွား အိန္ဒိယ လူမျိုးစုအဖွဲ့အစည်းများ၊ တရုတ်လူမျိုးစုအဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များတွေ့ဆုံစေခဲ့ကြောင်း၊ အဆိုပါအဖွဲ့အစည်း များ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ၎င်းင်းတို့ ၏သုံးသပ်ချက်များအပေါ် အဖြေရှာဆောင် ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာအခမ်း အနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ် နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရ အနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေ သည်ကိုလည်း အားလုံးက မျက်မြင်ကိုယ်တွေ့ ပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း ဒီပါဝလီပွဲ တော်အထိမ်းအမှတ်အခမ်းအနားကို တက် ရောက်သူများအားလုံးနှင့်အတူ စည်းလုံးမှု၊ စုစည်းမှုအားကို မြင်တွေ့ရသည့်နေ့ပင်ဖြစ် ကြောင်း၊ မိမိတို့ ယခုထက်ပိုခိုင်မြဲအောင် ဆက် လက်တည်ဆောက်သွားကြရန်လိုကြောင်း ၎င်းင်းက ဆိုသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား