ရီပတ်ဗလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်သည် အိမ်ဖြူတော်အတွက် အနိုင်ရရန်လိုအပ်သော မဲအရေအတွက် ၂၇၀ ကို ရရှိသွားပြီဆိုသည့် တွက်ချက်ဖော်ပြမှုများဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် တကျော့ပြန် အနိုင်ရခဲ့သည်မှာအံ့မခန်းဖြစ်သည်။
နောက်ဆုံးရလဒ်များ ထွက်မလာမီ ဖလော်ရီဒါရှိ ဝက်စ်ပမ်းဘိခ်ျ တွင် အောင်ပွဲခံမိန့်ခွန်း ပြောခဲ့ရာ၌ အမေရိကန်ပြည်ထောင်စုကို ရွှေရောင်ခေတ်တစ်ခု ဆောင်ကျဉ်းပေးမည်ဟု ထရမ့်ပ်က ကတိပြုခဲ့ပြီး သမိုင်းတလျှောက် အခမ်းနားဆုံး နိုင်ငံရေးလှုပ်ရှားမှုဟု မှတ်ချက်ပြု ချီးကျူးခဲ့သည်။
ထရမ့်ပ် အနိုင်ရသဖြင့် ကမ္ဘာ့ခေါင်းဆောင်အချို့က အလျင်အမြန်ပင် ဂုဏ်ပြုစကားဆိုခဲ့ကြသည်။
“သမိုင်းရဲ့ အကြီးကျယ်ဆုံး တကျော့ပြန်လာမှုအတွက် ဂုဏ်ယူပါတယ်၊ အိမ်ဖြူတော်သို့ သင်၏ သမိုင်းဝင် ပြန်လာခြင်းသည် အမေရိကအတွက် အစပြုမှုအသစ်နှင့် အမေရိကနှင့် အစ္စရေးအကြား မဟာမိတ်ပြုမှုကြီးအတွက် အားကောင်းသည့် ကတိကဝတ်ကို ပေးစွမ်းပါတယ်၊ ဒါက ကြီးမားတဲ့ အောင်ပွဲ၊ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုပါ” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက X ပေါ်တွင် ရေးသားခဲ့သည်။
“အမေရိကအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒက တသမတ်တည်းပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ win-win ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အခြေခံမှုေတွနဲ့အညီ တရုတ် အမေရိက ဆက်ဆံရေးကို ဆက်လက်ရှုမြင် ကိုင်တွယ်သွားမှာပါ” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတေက ဆိုရှယ်မီဒီယာတွင် ထရမ့်ပ်ကို ဂုဏ်ပြုစကား ဆိုခဲ့ပြီး အမေရိက-ထိုင်ဝမ် ဆက်ဆံရေးသည် ဒေသတွင်း တည်ငြိမ်မှုအတွက် အုတ်မြစ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ရေးရာများတွင် ငြိမ်းချမ်းရေးအတွက် အင်အားကိုသုံး၍ ချဉ်းကပ်သည့် သမ္မတထရန့်၏ ကတိကဝတ်ကို ကျေးဇူးတင်ကြောင်း၊ ယင်းသည် ယူကရိန်းတွင် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်သော လက်တွေ့ကျသည့် အခြေခံမူဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက X ပေါ်တွင် ရေးသားခဲ့သည်။
ထရမ့်ပ်၏ ဦးဆောင်မှုအောက်တွင် ခိုင်မာသော အမေရိကန်ပြည်ထောင်စုခေတ်ကို မိမိတို့ မျှော်လင့်ပါကြောင်း၊ ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးကူညီမှုအပေါ် မိမိတို့ ဆက်လက် အားကိုးအားထားပြုပါကြောင်း သူက ရေးသားခဲ့သည်။
ခရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အမေရိကကို မိတ်ဆွေမပီသသော နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားသဖြင့် သမ္မတဗလာဒီမာပူတင်အနေဖြင့် ထရမ့်ပ်ကို ဂုဏ်ပြုစကားဆိုရန် အစီအစဉ်ရှိမည်ဟု မိမိ မထင်ကြောင်း ပြောကြားခဲ့သည်။
“ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပြော စကားတွေအပေါ် အခြေခံပြီး ကျွန်တော်တို့ ကောက်ချက်ဆွဲသွားပါမယ်” ဟု သူက ပြောဆိုသည်။
မိမိတို့အနေဖြင့် အမေရိကန်အစိုးရသစ်နှင့် လက်တွဲကာ ယူကရိန်းတွင် ချမှတ်ထားသော ရည်မှန်းချက်များကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာက သမိုင်းဝင် ရွေးကောက်ပွဲအောင်နိုင်မှုအတွက် ရွေးကောက်ခံသမ္မတ ထရမ့်ပ်ကို ဂုဏ်ပြုပါကြောင်း၊ လာမည့်နှစ်များတွင် သူနှင့် လက်တွဲအလုပ်လုပ်သွားရန် မျှော်လင့်နေကြောင်းနှင့် အရင်းနှီးဆုံး မဟာမိတ်များအနေဖြင့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် စီးပွားရေးလုပ်ငန်းတို့၏ ဘုံတန်ဖိုးများကို ကာကွယ်ရန် ယှဉ်တွဲရပ်တည်နေပါကြောင်း ပြောကြားခဲ့သည်။
နေတိုး အတွင်းရေးမှူးချုပ် မတ်ခ်ရုတ် က ထရမ့်ပ်၏ ခေါင်းဆောင်မှုသည် မိမိတို့ မဟာမိတ်အဖွဲ့ကို ခိုင်မြဲစေမည့် အဓိကသော့ချက် ထပ်ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့ကာ နေတိုးအဖွဲ့မှတဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။ Ref: အယ်ဂျာဇီးယား
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း