မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက များပြားလှသည့် ပွဲစဉ်ဇယားများကြောင့် ဘောလုံးမှာ အမေရိကန်ဘက်စကတ်ဘောပြိုင်ပွဲ NBA နှင့် တူလာပြီး NBA ပြိုင်ပွဲမှာ (၄) လ အနားရသော်လည်း ဘောလုံးသမားများမှာ (၃) ပတ်သာ နားရကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့နေရပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှထွက်ခွာခဲ့ရသလို၊ ဘုန်းမောက် အသင်းကို ရှုံးနိမ့်ကာ ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း စပို့တင်းလစ္စဘွန်းကို (၁-၄)ဂိုးဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲစုံ (၃)ပွဲဆက် ရှုံးနိမ့်ခဲ့ရသည်။
ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ Format ပြောင်းခြင်းကြောင့် ပွဲစဉ်များ ပိုမိုလာသလို၊ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို (၃၂) သင်းဖြင့် ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မန်စီးတီးအသင်းအနေဖြင့် တစ်ရာသီ အတွင်း ပွဲ (၇၀) ကျော် ကစားဖွယ်ရှိနေသည်။ ဂွါဒီယိုလာက ဘောလုံးလောကတွင် ပွဲစဉ်များ များလာခြင်းကို NBA ပြိုင်ပွဲနှင့်နှိုင်းယှဉ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "အတိတ်တုန်းက၊ ပြီးခဲ့တဲ့ရာသီတွေတုန်းက ကျွန်တော်တို့အသင်းဟာ ပွဲစဉ်တွေအများကြီး ကစားခဲ့ရပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ပွဲ (၇၀) ကျော် ကစားရဖို့ ရှိ ပါတယ်။ ပွဲ (၇၀) ဆိုရင် NBA ဖြစ်သွားပြီလေ။ ဒါပေမဲ့ NBA က (၄) လ အနားရပြီး ကျွန်တော်တို့က (၃) ပတ်ပဲ အနားရတာပါ။ ဒီရာသီကိုပဲ ပြောတာမဟုတ်ပါဘူး။ အရင်ရာသီတွေတုန်းကလည်း အဲဒီအတိုင်းပါပဲ။ ဒီတော့ ဒဏ်ရာပြဿနာတွေ များပြီပေါ့ဗျာ"ဟု ပြောကြားခဲ့သည်။
သို့သော် ဂွါဒီယိုလာက ပွဲစဉ်ဇယားများမှာ ကျပ်တည်းသော်လည်း မိမိတို့အနေဖြင့် ရှောင်လွှဲ၍မရကြောင်းနှင့် ရင်ဆိုင်ရမည်သာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ "ဒါတွေ ကို ရှောင်လို့မရပါဘူး။ ပွဲစဉ်တွေများတာက သာမန်ပါပဲ။ ဒီလိုတွေက ဖြစ်နေဦးမှာပဲလေ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပွဲစဉ်များတာကို စောဒကတက်နေလို့ မရပါဘူး။ အဆင်ပြေအောင်ပဲ လုပ်ရမှာပါ"ဟု ပြောကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား