တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့(အောက်တိုဘာ ၆ ရက်)နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဦးစွာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် ဝန်ထမ်းများက တာဝန်ထမ်းဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ပညာတော်သင် သင်တန်းသားများက သင်တန်းတက်ရောက်မှုဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနှင့် အခြားသော အစည်းအဝေးများကိုတက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်၏ တာဝန် များကို ရေခြား၊ မြေခြား၌ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွလာရောက် ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ၏သမိုင်းကြောင်းနှင့် အလေ့အထများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည် မပြတ်လေ့လာ၍ လိုအပ်သည်များကို သင်ခန်းစာယူကာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါ သောကြောင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွား တိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ၌ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန်လိုပြီး မိမိတို့နိုင်ငံတော်၏ အကျိုးကို တတ်စွမ်းသည့်အပိုင်းမှ ဖော်ဆောင် သွားကြရန်လိုကြောင်း၊ ထို့ပြင် ပညာတော်သင် တပ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ် လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေးနှင့် စစ်မှန်ပြီး ရိုးသားသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် တရုတ်တစ်နိုင်ငံလုံးတွင် ပညာတော်သင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
-
နိုင်ငံတကာရက်သတ္တပတ်၌ အနာဂတ်အတွက် ဂွါဒီယိုလာဆုံးဖြတ်ရန် မန်စီးတီးအသင်း မျှော်လင့်
-
လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အိုဆင်မန်အား ခေါ်ယူရန် အာဆင်နယ်အသင်းကို နောက်ခံလူဟောင်း ဂါးလက်စ် တိုက်တွန်း
-
လီဗာပူးလ်နှင့် ကလော့ပ်ကို ရိုင်းစိုင်းစွာပြောဆိုထားသည့် ပရီးမီးယားလိဂ်ဒိုင်လူကြီး ကူတီ၏ ဗီဒိယိုဖိုင်ကို စုံစမ်းစစ်ဆေးနေကြောင်း ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့ချုပ် အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် အတည်ပြု
-
မန်ယူအသင်းအနေဖြင့် စပို့တင်းတိုက်စစ်မှူးယိုကယ်ရက်စ်ထက် ဟာရီကိန်းကို ပေါင်သန်း (၁၂၀) ဖြင့် ခေါ်ယူသင့်ကြောင်း မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်း ချန်ပီယံဖြစ်နိုင်ခြေ (၅၉.၃)ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံးဖြစ်လာကြောင်း Opta ၏ စူပါကွန်ပျူတာ ထုတ်ပြန်