Top News

■  ဒဏ်ရာပြဿနာကြောင့် ပစ်ဖို့ဒ် (၄)ပတ်ခန့် အနားယူရမည်     
24htopnews | November 7, 2024 6:12 AM CST

အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ်သည် ပေါင်ဒဏ်ရာကြောင့် (၄)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

ပစ်ဖို့ဒ်သည် လီဗာပူးလ်အသင်းနှင့် (၀-၀)ဂိုးဖြင့် သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်း၏ Nations League ပွဲစဉ်များကို လွဲချော်မည့်အပြင် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲများကိုလည်း လွဲချော်ဖွယ် ရှိနေသည်။ 

အဲဗာတန်အသင်းအနေဖြင့်လည်း အာဆင်နယ်၊ ဝက်စ်ဟမ်းတို့နှင့် ယှဉ်ပြိုင်ရမည့် ပွဲများ၌ ပစ်ဖို့ဒ်ကို အနားပေးထားရမည်ဖြစ်သည်။


READ NEXT
Cancel OK