■ ရစ်ချာလီဆန်အား ခေါ်ယူခဲ့ခြင်းကို ကွန်တီ ရှင်းလင်းပြောကြား
24htopnews | November 7, 2024 6:12 AM CST
စပါးနည်းပြ ကွန်တီက ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်အား ခေါ်ယူခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ရစ်ချာလီဆန်ကို အဲဗာတန်အသင်းထံမှ ပေါင်သန်း(၅၀)+ Add-ons ကြေး ပေါင် (၁၀)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကွန်တီက "ဆွန်ဟောင်မင်၊ ဟာရီကိန်းနဲ့ ကူလူဆက်ဗ်စကီးတို့ရဲ့ အရန်အဖြစ် ကစားခဲ့တဲ့ လူးကပ်စ်မော်ရာက ဒဏ်ရာပြဿနာရှိခဲ့တာကြောင့် တိုက်စစ်(၃)နေရာစလုံးမှာ ကစားနိုင်တဲ့ ရစ်ချာလီဆန်ကို ခေါ်ယူခဲ့တာပါ"ဟု ကွန်တီက ပြောကြားခဲ့သည်။
ယခုရာသီတွင် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ရစ်ချာလီဆန်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မာဆေးလ်အသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။
READ NEXT
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်