နာမည်ကြီး ဖော်မြူလာဝမ်းအသင်းတစ်သင်းဖြစ်သည့် မာစီဒီးစ်အသင်းသည် ၂၀၂၃ ခုနှစ်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် လူးဝစ်ဟာမီလ်တန်အား သက်တမ်းတိုးမြှင့်တော့မည်မဟုတ်ဘဲ ၎င်းနေရာတွင် မက္ကလာရင်အသင်း၏ ကားမောင်းသမား ဒန်နီရစ်ကာဒိုနှင့် ရေရှည်အစားထိုးသွားရန်စီစဉ်နေကြောင်း သိရှိရသည်။
လူးဝစ်ဟာမီလ်တန်သည် မာစီဒီးစ်အသင်းနှင့်အတူ ကမ္ဘာ့ချန်ပီယံအောင်မြင်မှု အကြိမ်များစွာရယူခဲ့ဖူးသည့် ကစားသမားဖြစ်ပြီး မာစီဒီးစ်အသင်းမှာလည်း ဟာမီလ်တန်နှင့်အတူ အသင်းလိုက် ကမ္ဘာ့ချန်ပီယံဆုများကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့်ရာသီကမူ ကမ္ဘာ့ချန်ပီယံ ကားမောင်းသမားနေရာကို ရက်ဒ်ဘူးလ်အသင်း၏ နယ်သာလန်ကားမောင်းသမား ဗာစတက်ပန်က ရယူသွားနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ဗာစတက်ပန်ကပင် ကမ္ဘာ့ချန်ပီယံအောင်မြင်မှုကို ဆက်လက်ရယူရန် အကောင်းဆုံးအခြေအနေတွင်ရှိနေသည်။
ဟာမီလ်တန်နှင့် မာစီဒီးစ်အသင်းတို့အကြားတွင် ပြီးခဲ့သည့်ရာသီကရော ယခုရာသီအတွင်းတွင်ပါ ပြဿနာ များစွာဖြစ်ပွားခဲ့ပြီး အပြန်အလှန်ဝေဖန်မှုများလည်း ရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ပွဲစဉ်တွင်မူ မာစီဒီးစ်အသင်းနှင့် ဟာမီလ်တန်တို့အကြား တင်းမာမှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး ဟာမီလ်တန်က အသင်းအပေါ် ပြန်လည်ဆဲဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
အသင်း၏ ဦး ဆောင်သူဖြစ်သည့် တိုတိုဝုလ်ဖ်ကမူ ဟာမီလ်တန်၏ ဒေါသကို နားလည်သော်လည်း မိမိတို့သည် မဟာဗျူဟာအရ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုကာ အသင်းဖော် ရပ်ဆဲလ်ကို Soft Tyre နှင့် မောင်းခိုင်းကာ ဟာမီလ်တန်က Medium Tyre နှင့် မောင်းနှင်ရသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကာကွယ်ခဲ့သည်။
ယင်းနောက် အသင်းနှင့် ဟာမီလ်တန်တို့အကြား ဆက်လက်လက်တွဲတော့မည့် အခြေအနေရှိမနေဆိုသည့် သတင်းများထွက်ပေါ်နေချိန်တွင် မာစီဒီးစ်အသင်းက ဟာမီလ်တန်နှင့် ရပ်ဆဲလ်တို့၏ အရန်သင့်ကစားသမားအဖြစ် ရစ်ကာဒိုကို ခေါ်ယူရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။
မက္ကလာရင်အသင်းသည် ရစ်ကာဒိုအား လာမည့်ရာသီမှစတင်ကာ အသင်းမှထုတ်ပယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သလို ရစ်ကာဒိုကလည်း အသင်းသစ်ရှာဖွေတော့မည်ဟုဆိုထားရာ မာစီဒီးစ်က ၎င်းကို စာချုပ်ထားပြီး ဟာမီလ်တန် စာချုပ်ကုန်ဆုံး ချိန်တွင် အစားထိုးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
ရစ်ကာဒိုကလည်း "၂၀၂၂ ခုနှစ်က ကျွန်တော်နဲ့ မက္ကလာရင်အသင်းတို့ရဲ့ နောက်ဆုံးနှစ်ဖြစ်လာမှာပါ။ ကျွန် တော် သူတို့နဲ့ ဆက်လက်တွဲတော့မှာမဟုတ်ပါဘူး"ဟု အ တည်ပြုပြောကြားခဲ့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်