အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရန် သေချာသလောက်ရှိနေ
24htopnews | November 6, 2024 7:12 PM CST
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် အနိုင်ရရန် သေချာသလောက်ရှိကြောင်း နောက်ဆုံးရမဲရလဒ်များတွင် ဖော်ပြထားသည်။
မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ထရန့်သည် သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) ၏ မဲ ၂၆၅ မဲရရှိထားပြီး ပြိုင်ဘက်ဖြစ်သည့် ကာမလာဟဲရစ်က ၁၈၇ မဲရရှိထားသည်။
ထရမ့်သည် ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသည့် မဲယိမ်းပြည်နယ် ၇ ခုတွင် မြောက်ကာရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ် ၂ ခုတွင် အနိုင်ရထားပြီး တတိယမြောက်မဲယိမ်းပြည်နယ်ဖြစ်သည့် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်လည်း မဲရလဒ်အသာနှင့် ဦးဆောင်နေသည်။
အစဉ်အလာအရ သမ္မတအဖြစ်ရွေးကောက်ခံရရန် အဆုံးအဖြတ်ပေးသည့် ပြည်နယ် ၇ ခုတွင် အနည်းဆုံး ၃ ခုအနိုင်ရရှိရန်လိုအပ်သည်။
READ NEXT
-
ဂျပန်၌ မောင်းသူမဲ့ဘတ်စ်ကားများကိုစမ်းသပ်ပြေးဆွဲမည်
-
ငွေရေးကြေးရေအရှုပ်အရှင်းများ မရှိသည့်အပြင် ဘဏ်ချေးငွေကိစ္စများနှင့်လည်း ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝမရှိကြောင်း ကိုကြည်သာဟန် ပိုင်ဆိုင်သည့် Amazing Auto ကုမ္ပဏီထုတ်ပြန်
-
မော်တော်ယာဉ်များအားလုံး ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်
-
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာများရရှိ
-
ဘန်ကောက်မှ ချင်းရိုင်သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနဲ့ တွဲကား တိုက်မိပြီး ၄၅ဦးဒဏ်ရာရရှိ