ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည့် လက်ရှိအချိန်၌ စပိန်နိုင်ငံတွင် ဘောလုံးပွဲအားလုံးကို ရပ်တန့်ထားသင့်သည်ဟု ပြောကြားခဲ့သည်။
စပိန်နိုင်ငံတွင် ဒါနာမုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူပေါင်း(၂၀၀)ကျော် သေဆုံးခဲ့သည်။
ယင်းအတွက် ဘောလုံးပွဲစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့သော်လည်း ပြီးခဲ့သည့် လာလီဂါပွဲစဉ်တွင် ဗီလာရီးယဲလ် - ဗယ်လက်ကာနိုပွဲနှင့် ဗလင်စီယာ - ရီးယဲလ်မက်ဒရစ် ပွဲစဉ်နှစ်ပွဲကိုသာ ရွှေ့ဆိုင်းခဲ့ပြီး ကျန် (၈)ပွဲကို ပုံမှန်အတိုင်း ဆက်လက် ယှဉ်ပြိုင်ကစားစေခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုအခါ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကလည်း ဘောလုံးပွဲ အားလုံးကို ရပ်တန့်ထားသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ဆိုးရွားတဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရက်သတ္တပတ်တစ်ခုပါ။ ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့က ဗလင်စီယာနဲ့ အရမ်းနီးပါတယ်။ ဒီဖြစ်ရပ်ကြီး မကြာခင်ပြေလည်သွားဖို့ မျှော်လင့်ပါတယ်။ ဒီအချိန်မှာ ဘောလုံးအကြောင်းပြောဖို့၊ ဘောလုံးကစားဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီဖြစ်ရပ်က ကျွန်တော်တို့အပေါ် သက်ရောက်မှု အများကြီးရှိပါတယ်''ဟု အန်ဆယ်လော့တီက ဆိုခဲ့သည်။
ရီးယဲလ်အသင်းသည် အင်္ဂါနေ့တွင် အိမ်ကွင်း၌ အေစီမီလန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပီသစွာ ပြင်ဆင်နေရသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း