Top News

Black List စာရင်းတွင် ပါဝင်သူများ ပြည်ပသို့ ထွက်ခွာခွင့် မပြုမိစေရေး စနစ်တကျ စိစစ်တားဆီးရန် လဝက ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 6, 2024 4:12 PM CST

Black List  စာရင်းတွင် ပါဝင်သူများ  ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရေး စနစ်တ ကျ စိစစ်တားဆီးရန် လဝက ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်တွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်အစည်းအဝေး ခန်းမတွင် လေဆိပ်ရှိ ဝန်ထမ်းများနှင့် တွေ့ ဆုံပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်း ပညာ တတ်ကျွမ်းနားလည်စေရေး ဆောင် ရွက်ရန်လိုကြောင်း၊ ထို့ပြင် (Black List) အမည်မည်းစာရင်း ရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ် တကျ စိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်း စာရင်းမရှိသူများကို မှားယွင်းတားဆီးမှုမရှိ စေရေး အလေးထား ဂရုပြုဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အသိ၊ သတိများ အမြဲရှိစေရန် လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင် ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန် ကြီးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နာမည်ကြီးရွှေ ဆိုင်တစ်ဆိုင်ဖြစ်သည့် အောင်သမာဓိ ရွှေ ဆိုင်ပိုင်ရှင် ဦးအောင်က မန္တလေးလေဆိပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လေဆိပ် မှ ပြန်လွှတ်ခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ အောင်သမာဓိ ရွှေဆိုင် ပိုင်ရှင် ဦးအောင်မှာ ရွှေစျေးကစားမှုဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ယခုနှစ် နှစ်ဆန်း ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သွား ရောက် လုပ်ကိုင်မည့်သူများအနေဖြင့်လည်း PV အမျိုးအစား ပတ်ပို့စ်ဖြင့် သွားရောက် လုပ်ကိုင်ခွင့်မပြုဘဲ ယင်းပတ်ပို့စ်အမျိုးအ စားဖြင့် သွားရောက်မည်ဆိုပါက လေဆိပ်မှ တစ်ဆင့် ပြန်လွှတ်ခြင်းများရှိသည်။

PV အမျိုးအစားဖြင့် ပြည်ပသို့ သွား ရောက်၍ အလုပ်လုပ်ကိုင်မှုများရှိနေသဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ အနေဖြင့် PJ အမျိုးအစားပတ်စ်ပို့ဖြင့် သွား ရောက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၌ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင် ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမား သက် သေခံကတ် (OWIC) လျှောက်ထားရယူရ မည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ (က) အလည် (Passport for Visit – PV)၊ (ခ) အလုပ် (Passport for Job – PJ)၊ (ဂ) ပညာသင် (Passport for Education - PE)၊ (ဃ) စီးပွားရေး (Passport for Business – PB)၊ (င) ဘာသာရေး (Passport for Religious – PR)၊ (စ) မှီခို (Passport for Dependent – PT)၊ (ဆ) သင်္ဘောသား (Passport for Seaman - PS)တို့ဖြစ်ကြောင်း၊ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် (Passport for Job - PJ) အမျိုးအစား လျှောက်ထားရန်လိုအပ်မည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK