တရုတ်နိုင်ငံတွင်ကျင်းပမည့် ထပ်သီးအစည်းအဝေးများတက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၅ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့ရှိ နှစ်ပေါင်း (၇၀)သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပို့ချလျက်ရှိသော ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်းအတွင်း ၌ AI နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကို
ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ဒု-ပါ မောက္ခချုပ် Mr. Liu Yanwen က နစက ဥက္ကဋ္ဌအား လက်တွေ့စမ်းသပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် တက္ကသိုလ်အတွင်းရှိ UAV နှင့် Drone နည်းပညာအသုံးပြုကာ လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များအား သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုးအဆင့်မြင့်စက်ရုပ်နည်းပညာ၊ အာရုံခံစနစ်အသုံးပြုမှုနည်းပညာအသုံးချမှုစနစ်အားသင်ကြားပို့ချမှုဌာနတို့ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့ လေ့လာကြည့်ရှုစဥ် တက္ကသိုလ်တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသခဲ့ကြပြီး နစက ဥက္ကဋ္ဌမှသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်အား ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်း(၇၀)သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပို့ချလျက်ရှိပြီး တက္ကသိုလ်ဝန်းအ တွင်း၌ ဆေးဝါး၊ စိုက်ပျိုးရေးအစားအစာ၊ ဇီဝ၊ နည်းပညာများနှင့်သက်ဆိုင်သည့်ဘာသာရပ်များကိုလည်းသင်ကြားပို့ချပေးလျက်ရှိသည်။
လက်ရှိအချိန်၌ နိုင်ငံနှင့်ဒေသပေါင်း ၄၉ ခုမှ တ က္ကသိုလ်များနှင့် သုတေသနစင်တာပေါင်း ၁၉၀ နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၂၄၅ ခုကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အိမ်နီးချင်းနိုင်ငံများအတွက် အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုစွမ်းရည်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ နည်းပညာများသင်ကြားပေးခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဆင့်မြင့်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သုတေသနနှင့်ဖလှယ်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်
-
အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကြိုး ပမ်းမှုများအပါအဝင် အခြားကိစ္စရပ်များကိုဆွေးနွေး
-
နှစ်ပေါင်း(၇၀)ရှိ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပို့ချလျက်ရှိသည့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို နစက ဥက္ကဋ္ဌသွားရောက်လေ့လာ
-
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ကူးလူးဆက်ဆံမှုရှိသည့် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်
-
ကုန်စည်များ ဘက်စုံပို့ဆောင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်