ကာဇက်စတန်နိုင်ငံအား ကာလရှည်ကြာအုပ်ချုပ်ခဲ့သော ခေါင်းဆောင် နူအာဆူတန်နာဇာဘေယက်၏ သစ္စာခံတစ်ဦးကို ပါတီကိုယ်စားပြု သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အာဏာရပါတီက ဧပြီ ၂၃ ရက်တွင် ရွေးချယ်ခဲ့ကြသည်။
ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်း ကာဇက်စတန်ကို ဆယ်စုနှစ်သုံးခုကြာအောင် အုပ်စိုးခဲ့သည့် နာဇာဘေယက်သည် ရာထူးမှ ရုတ်ချည်းနုတ်ထွက်သွားပြီးနောက်ပိုင်း ပြီးခဲ့သည့်လက ကတ်ဆင်ဂျိုမတ်တိုကာယက်က ကြားဖြတ်သမ္မတဖြစ်လာခဲ့သည်။
တိုကာယက်က ဇွန် ၉ ရက်၌ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြောကြားထားစဉ် ဧပြီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သော အာဏာရပါတီ Nur Otan ၏ ညီလာခံတစ်ခု၌ တိုကာယက်ကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရန် တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံခေါင်းဆောင်များသည် သေသည် အထိအာဏာကို ကိုင်စွဲသွားလေ့ရှိသော ဗဟိုအာရှဒေသထဲတွင် နာဇာဘေယက်က ရှားရှားပါးပါး အာဏာစွန့်ခဲ့ပြီးနောက်ပိုင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အသက် ၆၅ နှစ်အရွယ် တိုကာယက်က အနိုင်ရရှိရန် သေချာသည့်အခြေအနေတွင် ရှိနေသည်။
ကာဇက်စတန်၏ စွမ်းအင်ကဏ္ဍထဲသို့ ငွေများပုံအောထည့်ထားပြီးမှ မချင့်မရဲဖြစ်စွာဖြင့် အာဏာရှင်နိုင်ငံထဲတွင် ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ပြောင်းလဲမှုများဖြစ် ပေါ်လာစေရန် ဆော်သြနေသည့် ပြည်ပရင်း နှီးမြှုပ်နှံသူများအတွက် အထစ်အငေါ့မရှိသော အာဏာအကူးအပြောင်းတစ်ခုက စိတ်သက်သာရာရစေလိမ့်မည် ဖြစ်သည်။
“Elbasy ရဲ့ လမ်းကြောင်းကို ရှေ့ဆက်ဖို့ ကျွန်တော် ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ အတိတ်ကိုလည်း မေ့ထားမှာမဟုတ်ပါဘူး” ဟု တိုကာယက်က ပြောကြားရင်း ‘နိုင်ငံ၏ ခေါင်းဆောင်’ ဟုအဓိပ္ပါယ်ရသော နာဇာဘေယက်၏ ဘွဲ့နာမည် Elbasy ကို ရည်ညွှန်းသွားခဲ့သည်။
နာဇာဘေယက်သည် ယခင်ကတည်းက တိုကာယက်ကို ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် အဆိုပြုပေးခဲ့ခြင်းဖြစ်သည်။ “သူ့ရဲ့ကိုယ်စားပြုမှုကို ထောက်ခံပေးကြဖို့ အားလုံးကို ကျွန်တော်တောင်းဆိုပါတယ်” ဟု အသက် ၇၈ နှစ်အရွယ် နာဇာဘေယက်က မြို့တော်နူအာဆူတန်၌ ပြုလုပ်ခဲ့သည့် ပါတီညီလာခံတွင် ပြောကြားခဲ့သည်။
နာဇာဘေယက်မှာမူ နိုင်ငံ၏ သြဇာကြီးလုံခြုံရေးကောင်စီတွင် ရာသက်ပန်ဥက္ကဋ္ဌအဖြစ် ဆက်ရှိသွားမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုကာယက်၏ အမည်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းမှစပြီး ပြည်သူများထဲတွင် ကျော်ကြားလာသည်။
နာဇာဘေယက်၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတဗလာဒီမာပူတင် နှင့် ဆွေးနွေးမှုများပြုလုပ်ရန် တိုကာယက်သည် မော်စကိုသို့ သွားခဲ့ပြီးဖြစ်သည်။ ဧပြီ ၂၂ ရက်ကမူ တိုကာယက်သည် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံအနှံ့သို့ တိုကာယက်၏ လှည့်လည်သွားရောက်မှုများကိုလည်း ဆင်ဆာလွတ်လပ်ခွင့်အနည်းငယ်သာရရှိထားသည့် ပြည်တွင်းမီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြကြသည်။
သို့သော် မညီမျှမှုများ နက်နက်ရှိုင်းရှိုင်းရှိနေသည့် ကာဇက်စတန်တွင် အစိုးရသည် ပြိုင်ဆိုင်မှုနည်းပါးနိုင်သည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေစဉ် တအုံနွေးနွေးနှင့် မကျေလည်နိုင်သော ပြည်သူများ၏ ဆန္ဒပြလိုစိတ်နှင့် ရင်ဆိုင်နေရသည်။ Ref ; AFP
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်