တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကုမ္ပဏီများ မြန်မာတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူး ပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။
ထိုအစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ နိုဝင်ဘာ (၅) ရက်က ကူမင်းသို့ရောက်ရောက်ချင်း နံနက်ပိုင်းတွင် Hualuxe hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထိုသို့ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
” တရုတ်လုပ်ငန်းရှင်များနဲ့ ရင်းနှီးစွာပြောခွင့်ရလို့ဝမ်းသာပါတယ်၊မြန်မာမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အခက်အခဲတွေရှိနိုင်မယ်ဆိုတာသိပါတယ်။ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားပါမယ်။ FDI ကို ယုံယုံကြည်ကြည်လာရောက်ဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် ယူနန်စွမ်းအင်ကုမ္မဏီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကျပ်ငွေဖောင်းပွမှုကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က FDI များ၏ နစ်နာမှုများကို အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။
” ငွေကြေးအခက်ခဲကို မငြင်းပါ။ နယ်စပ်ပေါက်စျေးအခြေခံပြီးဖြစ်နိုင်တဲ့ စျေးကို တွက်ပါ။ မြန်မာနိုင်ငံကိုစီးပွါးရေး ပိတ်ဆို့မှုတွေလုပ်နေတာကြောင့် ငွေရှင်းတဲ့ လုပ်ငန်းတွေအခက်အခဲရှိနေမှုကို တိုက်ရိုက်ပေးချေမှုနဲ့ အခက်ခဲတွေကျော်လွှားသွားပါ့မယ်။ ယွမ်နဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။FDI များရဲ့ နစ်နာမှုကို အဆင်ပြေအောင်လုပ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။
ယူနန်စွမ်းအင်ကုမ္မဏီသည် မြန်မာတွင်နှစ်၃၀ရင်းနှီးမြုပ်နှံထားသည့်
ရွှေလီလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ သာကေတ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်နေသည့်ကုမ္မဏီတခုဖြစ်ပါသည်။
ထို့ပြင် ယူနန်ပိုင်းလော့စက်မှုဇုံမှ ကုမ္ပဏီကလည်း လက်ရှိကြုံတွေ့နေရသည့် တရုတ် – မြန်မာ နယ်စပ်ဂိတ်များ အပိတ်ခံထားရမှုနှင့် ပတ်သက်ပြီး အမြန်ဆုံးပြန်ဖွင့်ပေးရန် ဆောင်ရွက်ပေးနိုင်ရေး တင်ပြမှုကိုလည်း ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရသည်။
ယင်းသို့ ဖြေကြားရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ကတော့ လုံခြုံရေး ပုံမှန်အခြေအနေဖြစ်မှသာ ပြန်ဖွင့်ပေးမည်ဖြစ်သည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ပြန်လည်ပြောကြားခဲ့သည်ကို တွေ့ရသည်။
“နယ်စပ်လုံခြုံရေးပြသာနာများ မရှိမှ အဆင်ပြေမှာပါ”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ဝူဟန်အခြေစိုက် China Energy ကုမ္ပဏီကလည်း မြန်မာတွင် ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ နစက ဥက္ကဋ္ဌက တောင်သူများ အကျိုးရှိမှု၊ စီးပွါးရေးတွက်ခြေကိုက်မှု၊ သဘာဝဝန်းကျင် မထိခိုက်မှုများကို ဂရုစိုက်ရင်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ဆိုလာကုမ္ပဏီတစ်ခုဖြစ်သည့် ဆန်နီကုမ္ပဏီက FDI မူဝါဒတွင် လစ်သီယံ သွင်းကုန်မူဝါဒ အပေါ် မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က FDI သွင်းကုန် အခွန်ကင်းလွတ်ခွင့်များ၊ Solar ၊ EV promotion ကာလအတွင်း မြန်ဆန်စွာ ဆောင်ရွက်ပေးနေကြောင်း ပြန်လည်ဖြေကြားသည်။
ထို့ပြင် ပီလောပီနန်၊ဝဥ စိုက်ပျိုးထုတ်လုပ်သည့်ကုမ္မဏီ က စိုက်ပျိုးရေးအတွက် မြေယာနှင့် ပို့ကုန်ကိစ္စမူဝါဒများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် နစကဥက္ကဋ္ဌက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးကြရန် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား