ကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် အများပြည်သူသို့ အသိပေးပြောကြားမှုမျာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲများတွင် မြန်မာနိုင်ငံကို မကြာခဏ ရည်ညွှန်းပြောကြားလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းတွင် နိုင်ငံတကာ၏ အာရုံစိုက်မှုလိုအပ်သည့် အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ် ပစ်မှတ်ထားလျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးမှ စိစစ်၍ မရနိုင်သော ပုံကြီးချဲ့ထားသည့် ကိန်းဂဏန်းများ ပါဝင်သည့် အစီရင်ခံစာများကို ၎င်းရုံးက ကိုးကားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ၎င်းရုံး၏ စိုးရိမ်ပူပန်မှုများကို မည်သည့်အခါမျှ ဝန်ကြီးဌာနနှင့် မေးမြန်းစိစစ်ခဲ့ခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
ထိုသို့ စိစစ်ရမည့်အစား ပြောခွင့်ရပုဂ္ဂိုလ်ရုံးသို့ ပေးပို့ပြီး အများသို့ ထုတ်ပြန်လျက်ရှိရာ ကုလသမဂ္ဂဝန်ထမ်းများ၏ ပညာရှင်ဆန်မှုမှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ကြောင့် သက်ဆိုင်ရာ ကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် အထင်အမြင်လွဲမှားစေသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်နှင့် အများပြည်သူသို့ အသိပေး ပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ကျင့်သုံးရန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား