ပြည်သူများအာဖဂန်နစ္စတန်မှ လွတ်လပ်စွာထွက်ခွာခွင့်ကို တာလီဘန်က လေးစားရန် လိုအပ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို သြဂုတ် ၃၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သဘောတူ လက်ခံခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်သည် ပြင်သစ်သမ္မတ ပြောကြားခဲ့သော ‘ဘေးကင်းရေးဇုန်’ ကို ရည်ညွှန်းခဲ့ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့က ရေးဆွဲခဲ့သော ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ ထောက်ခံမဲ ၁၃ မဲဖြင့် အတည်ပြုခဲ့ပြီး တရုတ်နှင့် ရုရှားတို့က မဲမပေးခဲ့ကြပေ။
ဘေးကင်းလုံခြုံရေးနှင့် အာဖဂန်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားအားလုံး အာဖဂန်နစ္စတန်မှ စနစ်တကျ ထွက်ခွာရေးကို တာလီဘန်က ခွင့်ပြုမည်ဟု လုံခြုံရေးကောင်စီက မျှော်လင့်ကြောင်း ဆုံးဖြတ်ချက်မူကြမ်းက ဆိုသည်။
ဆုံးဖြတ်ချက်မူကြမ်းသည် သြဂုတ် ၂၇ ရက်တွင် တာလီဘန်တို့ ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ရည်ညွှန်းခဲ့ပြီး ထုတ်ပြန်ချက်တွင် သဘောထားတင်းမာသော အစ္စလာမ္မစ်များက နယ်စပ်ဖြတ်ကျော်ခြင်း၊ လေကြောင်းနှင့် ကုန်းလမ်းတို့အပါအဝင် အာဖဂန်နိုင်ငံသားများသည် ပြည်ပကို သွားလာနိုင်မည်ဖြစ်ကာ ၎င်းတို့ ဆန္ဒရှိသည့်မည်သည့် အချိန်တွင်မဆို အာဖဂန်မှ ထွက်ခွာနိုင်သည်ဟု ဖော်ပြခဲ့သည်။
တာလီဘန်သည် ယင်းအချက်များနှင့် အခြားကတိကဝတ်အားလုံးကို လိုက်နာမည်ဟု လုံခြုံရေးကောင်စီက မျှော်လင့်ကြောင်း ဆုံးဖြတ်ချက်မူကြမ်းတွင် ဖော်ပြထားသည်။ သီတင်းပတ်အကုန်တွင် du Di-manche နေ့ စဉ်ထုတ်ဂျာနယ်က ဖော်ပြခဲ့သော ပြင်သစ် သမ္မတ၏ မှတ်ချက်စကားများတွင် ပိုမိုခိုင်မာသော အဆိုပြုချက်များ ပါဝင်ခဲ့ခြင်းက မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။
ပါရီနှင့် လန်ဒန်သည် ကုလသမဂ္ဂ၏ကွပ်ကွဲမှုဖြင့် ကဘူးတွင်ဘေးကင်းဇုန် သတ်မှတ်ရန် ရည်ရွယ်သော ဆုံးဖြတ်ချက်မူကြမ်းကို တင်ပြသွားမည်ဖြစ်ကာ အဆိုပါမူကြမ်းသည် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ခွင့်ရစေမည့် မူကြမ်းဖြစ်သည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။
“ မူကြမ်းအောင်မြင်မယ်လို့ ကျွန်တော်ကတော့ အလွန်မျှော်လင့်နေပါတယ်။ လူသားချင်းစာမှုဆိုင်ရာ လုပ်ငန်းတွေကို ဘေးကင်းအောင် လုပ်ဆောင်ရာမှာ ဆန့်ကျင်မယ့်သူကို မမြင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့ရာတွင် တင်ပြထားသော ကုလသမဂ္ဂဆုံးဖြတ်ချက်သည် ရည်မှန်းချက်နည်းလွန်းနေသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဘေးကင်းဇုန်သတ်မှတ်ရေးကို အဆိုပြုမည့် နောက်ထပ်ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာခြင်း ရှိ မရှိ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ အခုဆုံးဖြတ်ချက်ဟာ လုပ်ငန်းဆိုင်ရာ ပုံစံမဟုတ်ပါဘူး။ သဘောတရားတွေ၊ အရေးပါတဲ့ နိုင်ငံရေးဆိုင်ရာ သတင်းစကားတွေနဲ့ သတိပေးချက်တွေ ပိုကဲနေပါတယ်” ဟု ကုလသံတမန်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ ဗီတိုအာဏာများကိုသုံးကာ ဆုံးဖြတ်ချက်မူကြမ်းကို ပိတ်ဆို့မှုမပြုစေရန် တာလီဘန်နှင့်သက်ဆိုင်သော အသုံးအနှုန်းအချို့ကို ပျော့ပျောင်းအောင် ရေးသားထားခြင်းအပါအဝင် မူကြမ်းစာသားတွင် ကြမ်းတမ်းသော အသုံးအနှုန်းများကိုဖယ်ထားခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်