တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် စာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသား ဦးရေမှာ ပျမ်းမျှဦးရေအောက် လျော့နည်းခြင်း သို့မဟုတ် ထက်ဝက်သာ ကျန်ရှိမှုနှင့်အတူ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ကလေး ၁၀၁,၀၀၀ ထက်မနည်း ကျောင်းထွက်ခဲ့ကြသည်ဟု ပညာရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နေအိမ်မှပညာသင်ယူသည့်စနစ်ကို နှစ်လကျော်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ် ဇွန်လက တောင်အာဖရိကရှိ စာသင်ကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ချိန်မှစ၍ မျက်နှာချင်းဆိုင်စာသင်ကြားမှုများကို တစ်စိတ်တစ်ပိုင်းသာ ပြန်လည်လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ် ပညာသင်ကြားသည့်နှစ် စတင်ရန် နှောင့်နှေးမှုအပါအဝင် အစိုးရကျောင်းများသည် တိုတောင်းသောအချိန်ကာလအတွင်း ထပ်မံပိတ်ထားခဲ့ရပြီး ကျောင်းသားအများစုသည် လူအုပ်စုလိုက် မဖြစ်စေရန် ရှောင်လွှဲသည့်အနေဖြင့် အလှည့်ကျစနစ်ဖြင့် စာသင်ကျောင်းများတွင် လာရောက် ပညာသင်ယူနေဆဲဖြစ်သည်။
ရလဒ်အဖြစ် ၂၀၂၀ ခုနှစ်တွင် ပညာသင်ယူသည့် ကလေးအရေအတွက်သည် ၅၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်းကြားရှိပြီး ထိုအရေအတွက်သည် ၂၀၁၉ ခုနှစ်က ပျမ်းမျှ ပညာသင်ယူသူနှုန်းအောက် လျော့နည်းနေသည်ဟု ကျန်းမာရေးဝန်ကြီး အန်ဂီ မော့ရှက်ဂါက သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် စာသင်ကြောင်းများသို့ တက်ရောက်သူဦးရေအပေါ် သက်ရောက်မှုရှိပြီး ၂၀၂၁ ခုနှစ်တွင် ကျောင်းအပ်နှံသူ အသက်ခုနစ်နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသား ၁၀,၀၀၀ သာရှိသည်ဟု အခြေခံပညာရေးဌာန (DBE) မှ အကြိုလေ့လာသုံးသပ်ချက်ကို ထုတ်ပြန်ထားသည်။
အလယ်တန်းကျောင်းသား၊ကျောင်းသူများအတွက် ပူပန်မှုလျော့နည်းသော်လည်း အသက်လေးနှစ်မှ ခြောက်နှစ်အရွယ်ကြားရှိ ကလေးများအတွက် ကျောင်းအပ်နှံသူဦးရေမှာ ၂၅,၀၀၀ သာရှိပြီး မျှော်မှန်းထားသူဦးရေ အောက်လျော့နည်းနေသည်ဟု ဆိုသည်။
“ ကျွန်မတို့ရဲ့ကျောင်းတွေကို မကြုံစဖူး ပိတ်ထားခဲ့ရပြီး စာသင်ကြားမှုနဲ့ သင်ယူမှုအပိုင်းမှာမရည်ရွယ်တဲ့ အနှောင့်အယှက်တွေကြောင့် လွန်ခဲ့တဲ့နှစ် ၂၀ ကအခြေအနေတွေကို ပြန်ရောက်သွားသလိုပါပဲ” ဟု မော့ရှက်ဂါက ပြောကြားခဲ့သည်။
စာသင်ယူမှုဆုံးရှုံးမှုအများစုမှာ အင်တာနက်ကို အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့်ရသည့် မြို့နယ်များနှင့် ဆင်းရဲချို့တဲ့သော ကျေးလက်ဒေသများတွင် ဖြစ်သည်။
“ တကယ်လို့ ကလေးတွေဟာဆရာတွေနဲ့ ဆက်သွယ်မှုမရှိရင် အထူးသဖြင့်ချို့တဲ့တဲ့ အသိုင်းအဝိုင်းက ကလေးတွေဟာ စာသင်ယူမှုကို ဖြစ်သင့်သလောက် ဖြစ်မလာကြဘူး” ဟု DBE သုတေသီ မာတင် ဂူစတက်ဖ်ဆန်က ပြောကြားခဲ့သည်။
မူလတန်းကလေးများသည် စာသင်ခန်းအတွင်း သီတင်းတစ်ပတ်လျှင် ပျမ်းမျှ သုံးရက်သာ ရှိနေပြီး ယခုနှစ်အတွင်းစီစဉ်ထားသည့် သင်ကြားမှု၏ ထက်ဝက်ကို သင်ကြားပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်