KBZ ဘဏ်နှင့် ဧရာဝတီဘဏ်များက ဆက်သွယ်ရေး ကွန်ရက် ပြန်လည်ချိတ်ဆက်လာနိုင်သဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန်ဖွင့်လှစ် လုပ်ဆောင်မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဘဏ်များအသင်းမှ ထပ်မံပေးပို့လာသော လမ်းညွှန်ချက်စာအရ နှင့် ဆက်သွယ်ရေး ကွန်ရက် များ ပြန်လည်ချိတ်ဆက်လာနိုင်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများကို ဖေဖော်ဝါရီ ၂ ရက် တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘဏ်ခွဲများကို ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီအထိ ပုံမှန်ဖွင့်လှစ်ပြီး customer များ၏ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်တာများ အဆင်ပြေမှုရှိစေရေးအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖြစ်သော KBZPay၊ iBanking နှင့် mBanking များမှတဆင့်လည်း ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဧရာဝတီဘဏ် ATM အများစုတွင် အင်တာနက်အခြေအနေ ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီဖြစ်သောကြောင့် ငွေသားထုတ်ယူနိုင်ပြီဖြစ်ပြီး ဧရာဝတီဘဏ်ခွဲများလည်း ပုံမှန်ဘဏ်လုပ်ငန်းချိန်များအတိုင်း ဖွင့်လှစ်ကာ ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်က အသိပေးအကြောင်းကြားခဲ့သည်။
အလားတူ ရိုးမဘဏ်ခွဲများကို ဖေဖော်ဝါရီ ၂ ရက် မနက်ဖြန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရိုးမဘဏ် ဘဏ်ခွဲများကို ဖွင့်လှစ်ပြီး ပုံမှန်အတိုင်း ဘဏ်ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၁ နံနက်ပိုင်းက KBZ ၊ ဧရာဝတီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အများစုက ဘဏ်လုပ်ငန်းများယာယီပိတ်ထားမည်ဖြစ်ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြပြီး KBZ ၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်တို့က ဆက်သွယ်ရေးကွန်ရက်ပြန်လည်ချိတ်ဆက်နိုင်ခဲ့သဖြင့် ဘဏ်လုပ်ငန်းများ ပုံမှန်လုပ်ဆောင်မည်ဖြစ်ကြောင်း ညနေပိုင်းတွင် ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၁ နံနက်ပိုင်းက မြန်မာနိုင်ငံဘဏ်များအသင်းက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှုပေးနေသည့် System Unavailble ဖြစ်နေခြင်း၊ Internet Connection များ မကောင်းခြင်းတို့ကြောင့် လက်ရှိအခြေအနေတွင် ဘဏ်များမှ ငွေကြေးဝန်ဆောင်မှု အဆင်မပြေပါသဖြင့် မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်များအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တစ်ညီတစ်ညွတ်တည်း ယာယီပိတ်ထားရန် အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဘဏ်များ ယာယီပိတ်ထားခွင့်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ဆက်လက်တင်ပြပြီး ဘဏ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်ခံယူ၍ ပြန်လည်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
System များ ပြန််လည်အသုံးပြု၍ ရလာပါက Internet Connnection များ ပြန်လည်ကောင်းမွန်လာပါက ဘဏ်များအားလုံး တပြေးညီပြန်လည်ဖွင့်လှစ်ရန် ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်များကို အသင်းဝင် ဘဏ်များမှ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား