COVID-19 ကုသရေးဌာန (ဖောင် ကြီး) တွင် ဆေးကုသနေသူ ၇၂ ဦးသာကျန် ရှိတော့ပြီး ရောဂါပြင်းထန်၍ အထူးကြပ်မတ် ကုသနေရသူ ငါးဦးရှိကြောင်း သိရသည်။
COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ လူ နာ ၇၂ ဦး စောင်ကြပ်ကြည့်ရှုကုသလျက်ရှိ ပြီး ဇန်နဝါရီ ၃၁ ရက်က ဖောင်ကြီးဆေးရုံမှ ဆေးရုံဆင်းခွင့်ရသူ လေးဦးရှိရာ အထူးကြပ် မတ်ကုသနေသူ ငါးဦးရှိကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်တွင် တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၃၁ ဦးတွင် ပြည်သူ့ဆေးရုံများ ၅၁၇ ဦး၊ COVID-19 ရောဂါကုသရေးဌာနများ (ရန်ကုန်မြို့) မှ ၁၁၄ ဦးပါဝင်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အသွားအလာကန့်သတ်ထားရှိ ရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ခဲ့ပြီး နေအိမ်များတွင် အ သွားအလာကန့်သတ်ထားရှိသူ စုစုပေါင်း ၂၂၈ ဦးရှိကြောင်းသိရသည်။
COVID-19 ရောဂါသည် ရာသီတုပ် ကွေးရောဂါကဲ့သို့ ရောဂါအနည်းအများ ကွာခြားပြီး ဆက်လက်ကူးစက်ဖြစ်ပွားနေ မည်ဖြစ်၍ နေထိုင်မှုပုံစံသစ်ဖြင့် လုပ်ငန်း များဆောင်ရွက်နိုင်ရေး ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။
COVID-19 ရောဂါသည် အသက် ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းနှင့် ရောဂါဖြစ် စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါ သည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ဖြစ် ပွားမှု အနည်းအများသာကွာခြားပြီး ကမ္ဘာ ပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ကူး စက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ ထို့ပြင် COVID-19 ကာကွယ်ဆေးအချို့ ပေါ် ထွက်လာပြီဖြစ်သော်လည်း အဆိုပါကာ ကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက် တွေ့တွင် အချိန်ကာလ မည်မျှအထိ ရောဂါ ကာကွယ်နိုင်စွမ်းရှိမည်ဆိုသည်ကို ယခုအ ချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက် လက်လေ့လာပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လက်ရှိ ရေးဆွဲပြုစု ထားသော လုပ်ငန်းလမ်းညွှန်တွင် ထပ်မံ တွေ့ရှိလာမည့် အကြောင်းအရာများနှင့် အ ချက်အလက်များကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ဖြည့်စွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးပြည်နယ်များ ရှိ ကျန်းမာရေးဝန်ထမ်းများကို COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းများပေးခဲ့ကြောင်း၊ COVID-19 ကာကွယ်ဆေးသည် ကာကွယ်ဆေးအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ၀ိသေ သများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက် တွဲဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များ စသည် တို့နှင့်ပတ်သက်၍ နောက်ဆုံးရအချက်အ လက်များကို မွမ်းမံပြောကြားသင်တန်းပေး ခြင်းဖြစ်ကြောင်းနှင့် ယင်းသင်တန်းများ တက် ရောက်ပြီးသူများမှသာ COVID-19 ကာ ကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက်ရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်း လမ်းညွှန်များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ အီး မေးလ်များဖြင့်လည်းကောင်း၊ စာအုပ်ဖြင့် လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း နှင့် COVID-19 ကာကွယ်ဆေးသည် အ သစ်ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များ ကိုလည်း နောက်ထပ်ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက် များရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ သိရသည်။
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်
-
မန်ယူအသင်းနည်းပြသစ် အမော်ရင်မ် ၎င်းနှင့်လက်တွဲမည့် နည်းပြအဖွဲ့ဝင်ငါးဦး ခန့်အပ်ကြောင်း ကြေညာ