(၁)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး လေးနှစ်အကြာတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ သုံးသန်းကျော် ရှိလာသည်။
ထိုသို့ ပြည်တွင်းနေရပ်စွန့်ခွာသူ သုံးသန်းကျော်ရှိသည့်အနက် ရာခိုင်နှုန်း ၄၀ နီး ပါးသည် ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူ ငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က ဆိုသည်။
ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခကျယ် ပြန့်လာသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ် များအနေဖြင့် ပဋိပက္ခနှင့် မတည်ငြိမ်မှုများ ကြောင့် အကြီးလေးဆုံး ဒုက္ခဝန်ပိုးများကို ထမ်းထားရသည်။
မြန်မာနိုင်ငံရှိ ကလေးများသည် ကြီး ထွားလာသော လက်နက်ကိုင်ပဋိပက္ခ၊ မလုံခြုံ မှု၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာတိမ်း ရှောင်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးနှင့် ပညာရေး အပါအဝင် အရေးကြီးသော ဝန် ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ၎င်းင်းတို့၏ အနာဂတ်နှင့် ရှင်သန်မှုအပေါ် အ ကြီးမားဆုံး ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေ ရသည်။
၂၀၂၄ ခုနှစ်တွင် အကူအညီလိုအပ်နေ သည့် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော လူပေါင်း ၁၈ ဒသမ ၆ သန်းအနက် အနည်း ဆုံး ခြောက်သန်းသည် ကလေးသူငယ်များ ဖြစ်ပြီး မသေချာမရေရာသော အနာဂတ်ကို ရင်ဆိုင်နေရကြောင်း UNICEF က ထုတ်ပြန် ထားသည်။
နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ လျင် မြန်စွာ မြင့်တက်လာခြင်းနှင့်အတူ မြန်မာ နိုင်ငံရှိ ကလေးသူငယ်များသည် တိုက်ရိုက် (သို့ မဟုတ်) သွယ်ဝိုက်သော တိုက်ခိုက်မှုများ၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများက အ တင်းအကျပ် လူသစ်စုဆောင်းခြင်းနှင့် အသုံး ပြုခြင်း၊ အသက်မပြည့်မီ/ အတင်းအကျပ် လက်ထပ်စေခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် ထိန်း သိမ်းခံရခြင်း၊ အလွဲသုံးစားပြုခံရခြင်းနှင့် အ ရေးပါသော ဝန်ဆောင်မှုများကို လက်လှမ်းမီ မရရှိနိုင်ခြင်းကဲ့သို့သော ဆိုးရွားသည့် အန္တရာယ် များကို ယခင်ကထက် ပိုမိုရင်ဆိုင်နေရ ကြောင်း UNICEF က ဆိုသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကျောင်းများနှင့် ကျန်းမာရေးအဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့ မဟုတ် ထိခိုက်စေသော တိုက်ခိုက်မှုများ မြင့် တက်လာသဖြင့် မြန်မာနိုင်ငံရှိ ကလေးများ အတွက် ခိုလှုံရာနေရာများ ပိုမိုလျော့နည်း သွားစေသည့်အပြင် ကျန်းမာရေးစောင့် ရှောက်မှု ဝန်ဆောင်မှုများ ပြတ်တောက်သွား သည့်အတွက် ၎င်းင်းတို့၏ ဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု အတွက် မရှိမဖြစ်လိုအပ်သည့် ဘေးကင်းလုံ ခြုံသောနေရာများ ဆုံးရှုံးသွားစေကြောင်း UNICEF က ထုတ်ပြန်ထားသည်။
ထို့ပြင် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေ ရသော ကလေးသူငယ်များ တိုးပွားလာခြင်း၊ ပညာရေးဆုံးရှုံးခြင်းနှင့် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သော ရောဂါများအတွက် အရေး ပါသော ကာကွယ်ဆေးထိုးနှံမှု မရရှိခြင်းတို့က လည်း နိုင်ငံ၏အနာဂတ်ကောင်းကျိုးနှင့် စီး ပွားရေးကုန်ထုတ်စွမ်းအားကို သိသိသာသာ ခြိမ်းခြောက်နေကြောင်း UNICEF က ထောက် ပြထားသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၊ မလုံခြုံ မှု၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ နေရပ်စွန့်ခွာမှုနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ အကန့်အသတ်ရှိခြင်းတို့ ကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ရန် ရုန်းကန်နေရသော မိသားစုအများအပြား ရှိသည့်အတွက် မြန်မာနိုင်ငံရှိ ကလေးငယ် များ၏ ၅၅ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု ဒဏ်ကို ခံစားနေရကြောင်း UNICEF က ထုတ် ပြန်သည်။
မြန်မာနိုင်ငံရှိ ကလေးများ၏ အနာဂတ် ကို ကာကွယ်ရန်အတွက် ကာကွယ်စောင့် ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အာ ဟာရနှင့် ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန့်ရှင်းရေးအထောက်အပံ့များ အဆောတ လျင် လိုအပ်နေပြီး ရေရှည်အတွက်လည်း လို အပ်လျက်ရှိကြောင်း UNICEF က ထုတ်ပြန် ထားသည်။
(၂)
အသက်ရှင်ရပ်တည်ရန်နှင့် ရှင်သန်ဖွံ့ ဖြိုးရန် ကလေးအားလုံးသည် တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှု လိုအပ်သည်ဟု UNICEF က ဆိုသည်။
သို့သော် မြန်မာနိုင်ငံအတွင်းရှိ လက် နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာဒေသများ၌ နေထိုင်ကြသော ကလေးသူငယ်များမှာမူ ထို အခွင့်အရေးကို မရရှိကြပေ။
လျစ်လျူရှုခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အ နိုင်ကျင့်ခံရခြင်း၊ မိသားစုများနှင့် ကွဲကွာနေ ခြင်း၊ အမြတ်ထုတ်ခံရခြင်းနှင့် လုံခြုံမှု မရှိ သည့် ရွှေ့ပြောင်းနေထိုင်သည့် အလေ့အထ များသည် လက်နက်ကိုင်ပဋိပက္ခနေရာများရှိ ကလေးသူငယ်များအတွက် ထိခိုက် လွယ်နိုင် သော နည်းလမ်းများတွင် ပါဝင်သည်။
မိန်းကလေးများအတွက်မူ အနှောင့်အ ယှက်ပေးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်းနှင့် အတင်းအဓမ္မ အိမ်ထောင်ပြုခြင်း ခံရနိုင်ပြီး ယောက်ျားလေးများတွင် စီးပွားရေး အရ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့များ သို့မဟုတ် အုပ်စုများသို့ အတင်း အဓမ္မ စုဆောင်းခြင်း ခံရနိုင်သည်။
ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ပြည်တွင်းနေ ရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ဒုက္ခသည်စခန်း များတွင် ခက်ခက်ခဲခဲနေထိုင်နေရသည့် ကလေး သူငယ်များ ကြုံတွေ့နေရသော အန္တရာယ်များ သည် လူမှုစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တို့ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး အန္တရာယ်ရှိ သော ဖြေရှင်းနည်းများကို ဖြစ်ပေါ်စေနိုင် ကြောင်း UNICEF က ထောက်ပြထားသည်။
(၃)
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခနှင့်အတူ ကျွဲကူးရေပါဆိုသကဲ့သို့ မြေမြှုပ်မိုင်းအန္တရာယ် က ကလေးသူငယ်များကို ခြိမ်းခြောက်နေ သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေ မြှုပ်မိုင်း ပေါက်ကွဲမှုနှုန်း အမြင့်ဆုံးနိုင်ငံများ ထဲမှ တစ်နိုင်ငံအဖြစ်ပါဝင်သည်။
ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် မြေမြှုပ်မိုင်းများနှင့် အခြားစစ်ပွဲ များ၏ ပေါက်ကွဲစေသည့် အကြွင်းအကျန်များ သည် အနည်းဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကိုးခုရှိ ဒေသများတွင် ကျန်ရှိနေ သည်။
အဓိကအားဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုင်းများနှင့် အခြား ပေါက်ကွဲစေတတ်သည့် ပစ္စည်းကိရိယာများ ကြောင့် ကလေးငယ်များ အသက်သေဆုံးခြင်း နှင့် ထိခိုက်ဒဏ်ရာရမှုများ တိုးပွားလာသည်။
၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲ မှုဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၄၂၀ ရှိခဲ့ပြီး အရပ် သား ၁၀၂ ဦး သေဆုံးကာ ၅၉၀ ဒဏ်ရာရရှိ ခဲ့သည်။
ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် ပထမ ခြောက်လတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် အရပ်သား ၂၀ သေဆုံးပြီး ၁၄၇ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းရှိ ကြောင်း UNICEF က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလအ တွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ် သား ၁၉ ဦး သေဆုံးပြီး ၉၉ ဦး ဒဏ်ရာရရှိခဲ့ သဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၁၅ ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း UNICEF က ထုတ်ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ် ကျန်လက်နက်ပစ္စည်းများ ပေါက် ကွဲမှုဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၁၈၀ ရှိခဲ့ပြီး ထိ ခိုက်သေဆုံးသူ ၃၂၅ ဦးရှိကြောင်း UNICEF က ဆိုသည်။
၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲ မှုဖြစ်စဉ်ဖြစ်ရပ် စုစုပေါင်း ၄၂၀ ရှိခဲ့ပြီး တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၆၉၂ ဦးရှိသည့်အနက် ထိခိုက်သေဆုံးသူ စုစု ပေါင်း၏ ၃၂ ရာခိုင်နှုန်းသည် ကလေးသူငယ် များဖြစ်နေကြောင်း UNICEF က ထုတ်ပြန် သည်။
အဆိုပါရာခိုင်နှုန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကထက် ပိုမိုမြင့်တက်လာခြင်း လည်း ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက် သေဆုံးသူ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ယခုနှစ်တွင် ခြောက်လသာရှိသေး သော်လည်း ပြီးခဲ့သည့်နှစ်ကထက် ၁၀ ရာခိုင် နှုန်းကျော် မြင့်တက်လာသည့် အခြေအနေ လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက် နေရသည့် ကလေးသူငယ်များကို ပံ့ပိုးကူညီ ရန် အမေရိကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ် လိုအပ်နေကြောင်း UNICEF က ၂၀၂၂ ခုနှစ် တွင် ထုတ်ပြန်ထားည်။
(၄)
မြန်မာနိုင်ငံ၌ ၁၉၉၃ ခုနှစ်တွင် ကလေး သူငယ်ဥပဒေကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကိုလည်ကောင်း ပြဋ္ဌာန်း ထားသည်။ ထို့ပြင် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် ((United Nation Child Rights Convention) ) တွင်လည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုး ထားသည်။
ထိုသို့ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထား ပြီး ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း ထားသော်လည်း မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကလေးသူငယ် များမှာ ဥပဒေအကာအကွယ်ကို မရရှိဘဲ အခွင့် အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်။
ကလေးများသည် ဘေးဥပဒ်ရန်များမှ ကာကွယ်စောင့်ရှောက်မှုရရှိရန် အခွင့်အရေး ရှိပြီး ယောက်ျားလေးများနှင့် မိန်းကလေး များအားလုံးသည် အကြမ်းဖက်ခြင်း၊ အမြတ် ထုတ်ခံရခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လျစ်လျူ ရှုခြင်းတို့မှ အကာအကွယ်ရပိုင်ခွင့် ရှိသည်။
မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ ပိုမိုပြင်း ထန်လာပြီး ပျံ့နှံ့လာသည်နှင့်အမျှ ကလေးသူ ငယ်များသည် ၎င်းင်းတို့၏ အကာအကွယ်ရပိုင် ခွင့်များကို ချိုးဖောက်ခံနေရသည်။
ကလေးသူငယ် အခွင့်အရေးများကို ဆိုးရွားသောထိခိုက်မှုများမှ အကာအကွယ်ရ ပိုင်ခွင့်အနေဖြင့် မြန်မာနိုင်ငံက လက်မှတ်ထိုး ထားသည့် ကုလသမဂ္ဂကလေးသူငယ်အ ခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံတွင်၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ သော ကလေးသူငယ်အခွင့်အရေးဥပဒေတို့ တွင် ပြဋ္ဌာန်းထားသည်။
သို့သော် မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည့်ဒေသများရှိ ကလေးသူငယ်များအနေဖြင့် ထိုအခွင့်အရေး များ လက်လွှတ်ဆုံးရှုံးနေဆဲဖြစ်သည်။
ထိုသို့အခွင့်အရေးများ ဆုံးရှုံးနေရသည့် ကလေးများအတွက် တာဝန်ရှိသူများအနေ ဖြင့် အလျင်အမြန် ကာကွယ်ပေးရန် အရေး တကြီး လိုအပ်နေပြီဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်