Top News

၅၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆုအပါအဝင် ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆုနှင့် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေ
24htopnews | November 4, 2024 10:12 PM CST

၅၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆုအပါအဝင် ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆုနှင့် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၅၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၉၇၂၂၆ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၀၄၂၄ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ သုံးဆု၊ ကျပ် ၁၀ သိန်း ငါးဆု၊ ကျပ်သုံးသိန်း ခြောက်ဆု၊ ကျပ်နှစ်သိန်း ၃၆ ဆု၊ ကျပ်တစ်သိန်း ၈၈၀ ဆု၊ ကျပ်ငါးသောင်းဆု ၂၀၀၇ ဆုနှင့်  ကျပ်တစ်သောင်းဆု ၇၄၈၂ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုမဲများအား နိုဝင်ဘာ ၂၉ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။


READ NEXT
Cancel OK